
တောင်ကိုရီးယား ဂျယ်ဂျူးလေကြောင်းလိုင်းဟာ ၂၀၂၅ ခုနှစ် ပထမ ၃ လပတ်အတွင်း လေ ကြောင်းခရီးစဉ် ၁၉၀၀ နီးပါး လျှော့ချခဲ့ကြောင်း ကြေညာထားပါတယ်။
၂၀၂၅ ခုနှစ် မတ်လအကုန်မှာ လေကြောင်းလိုင်း ၁၈၇၈ လိုင်း လျှော့ချမှာဖြစ်ပြီး ဒီပမာဏဟာ စုစုပေါင်း ခရီးစဉ်ရဲ့ ၁၅ ရာခိုင်နှုန်း ရှိတယ်လို့ ဆိုပါတယ်။
နိုင်ငံတကာကို ပျံသန်းတဲ့ လေကြောင်း ခရီးစဉ်လည်း ၅၅ ရာခိုင်နှုန်းသာ ပျံသန်း မယ်လို့ ကြေညာထားပါတယ်။
လေယာဉ်ပျက်ကျမှုကြောင့် ၁၇၉ ဦး သေဆုံးခဲ့အပြီးမှာ တောင်ကိုရီးယား လူမျိုးတွေက ဈေးနည်းတဲ့ လေကြောင်းလိုင်းတွေကို အသုံးပြုမှု လျှော့ချလာပါတယ်။
ဂျယ်ဂျူးလေကြောင်းလိုင်း လက်မှတ် ဝယ်ယူထားသူတွေကလည်း ခရီးစဉ်ကို ပြန်ဖျက်ပြီး တခြား လေကြောင်းလိုင်းကို ပြောင်းလဲအသုံးပြုလာကြပါတယ်။
ဒါ့ကြောင့် ဈေးကြီးတဲ့ လေကြောင်းလိုင်းတွေကို လူတွေအသုံးပြုမှု ၉၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး ဈေးနည်းတဲ့ လေကြောင်းလိုင်းလက်မှတ် ရောင်းအား ၅၀ ရာခိုင်နှုန်း ကျဆင်း လာပါတယ်။
ဒါ့ကြောင့် ဒီနှစ် ပထမ ၃ ပတ်အတွင်း ဈေးနည်းတဲ့ လေကြောင်းလိုင်းတွေဟာ ဝင်ငွေ ဒေါ်လာ သန်း ၃၄၀ ဆုံးရှုံးမှာ ဖြစ်ပါတယ်။
ဂျယ်ဂျူးလေယာဉ်ပျက်ကျမှုကြောင့် တောင်ကိုရီးယားနိုင်ငံကို လာရောက်လည်ပတ်မယ့် ကမ္ဘာ့လည့် ခရီးသွားဈေးကွက်ကိုလည်း ထိခိုက်မှုများစွာရှိမှာ ဖြစ်ပါတယ်။
Source : Reuters










