
ရုရှားရဲ့ စွမ်းအင်လုပ်ငန်းတွေကို ပိတ်ဆို့မှုအသစ်တွေ ပြုလုပ်ခဲ့ကြောင်း အမေရိကန်နဲ့ ဗြိတိန်နိုင်ငံ တို့က ဇန်နဝါရီ လ ၁၀ ရက်မှာ ကြေညာခဲ့ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ ကြေညာမှုထဲမှာ ရုရုားနိုင်ငံရဲ့ အကြီးဆုံး ရေနံကုမ္ပဏီ တွေဖြစ်တဲ့ ဂတ်ပရွန်နတ်နဲ့ ဆာဂတ်တို့အပါအဝင် ရေနံတင်ပို့မှု ၁၈၃ ခုလည်း ပါဝင်တာ တွေ့ရပါတယ်။
ယူကရိန်းကျူးကျော်စစ်နဲ့ ပတ်သက်ပြီး ရုရှားရဲ့ဝင်ငွေရရှိတဲ့ အဓိက လမ်းကြောင်းတွေကို ဖျက် တောက်တာလို့ အိမ်ဖြူတော် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ပိတ်ဆို့မှု အသစ်မှာ စွမ်းအင်လုပ်ငန်းမျိုးစုံကနေ ရုရှားရရှိနေတဲ့ ဝင်ငွေတွေကို ကန့်သတ်တား ဆီးဖို့ လည်း ပါဝင်ပါတယ်။
အမေရိကန်က ချမှတ်တဲ့ စီးပွားရေးပိတ်ဆို့မှုကြောင့် ဆာဘီးဘားရဲ့ အဓိက စွမ်းအင်ကုမ္ပဏီကြီး ၂ ခု လည်း အကျပ်အတည်းနဲ့ ရင်ဆိုင်ရကြောင်း ရိုက်တာက ဖော်ပြပါတယ်။
ဗြိတိန်အစိုးရကလည်း အမေရိကန်နည်းတူ သောကြာနေ့မှာပဲ ရုရှား ရေနံလုပ်ငန်းကြီး ၂ ခုကို ပိတ်ဆို့မှု ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။
အဲ့ဒီကြေညာချက်မှာ ရုရှား-ယူကရိန်း စစ်ဖြစ်နေပေပင်မဲ့ အဲ့ဒီကုမ္ပဏီ ၂ ခုက အကျိုးအမြတ်တွေ ရနေတယ်လို့ ဆိုပါတယ်။
သောကြာနေ့မှာပဲ ဥရောပသမဂ္ဂက ယူကရိန်းကို ရုရှားပိုင်ဆိုင်မှုထဲက ဒေါ်လာ ၃ ဒသမ ၀၉ ဘီလီယံ ပေးတယ်လို့ ယူကရိန်း ဘဏ္ဍာရေးဝန်ကြီးက ကြေညာထားပါတယ်။
ဥရောပမှာ ရုရှားပိုင်ဆိုင်မှုတွေကို ထုတ်ယူခွင့်မပေးဘဲ ယူကရိန်းကို ၂၀၂၅ ခုနှစ်ကုန်အထိ ချေးငွေ ယူရို ၁၈ ဒသမ ၁ ဘီလီယံ ပေးမှာ ဖြစ်ပါတယ်။
Source : Reuters











