
ဘီးလေးဘီး အနီရောင်တောက်တောက်ဆေးချယ်ထားတာကတော့ ဆွစ်ဘော့ (SwagBot) လို့ ခေါ်တဲ့ နွားကျောင်းသား စက်ရုပ်လေးဟာ ကမ္ဘာ့ပထမဆုံး 'Smart cow' ဖြစ်ဖို့ ဩစတြေးလျနိုင်ငံ ဆစ်ဒနီတက္ကသိုလ် လေ့လာသူတွေက မျှော်လင့်ထားပါတယ်။
ဒီစက်ရုပ်တွေကို တီထွင်လိုက်တာကတော့ မွေးမြူရေးခြံ တွေမှာ ပိုပြီး အကျိုးသက်ရောက်မှုရှိဖို့နဲ့ ပတ်ဝန်းကျင်ကို အထောက်အကူပြုစေဖို့ ရည်ရွယ်ပါတယ်။
၂၀၁၆ ခုနှစ်က စတင်မိတ်ဆက်ခဲ့တဲ့ စက်ရုပ်တွေမှာ မြေပြင်အခြေအနေကို လေ့လာနိုင်တဲ့ ဆင်ဆာ တွေပါသလို AI နည်းပညာနဲ့ စက်ယန္တားသုံးစနစ်တွေ ထည့်သွင်းထားပါတယ်။
ဆွတ်ဘော့တွေမှာ စားကျက်မြေအမျိုးအစား၊ တိရိစ္ဆာန်တွေကို အကျိုးပြုမပြု ဆုံးဖြတ်နိုင်ပါတယ်။ အဲ့ဒါကို အသုံးပြုပြီး ကျွဲနွားတွေအတွက် စားကျက်ကောင်းတွေ ရွှေ့ပြောင်းတာတွေ ပြုလုပ်နိုင်ပါတယ်။
ဆွတ်ဘော့နဲ့ ပတ်သက်ပြီး ဆစ်ဒနီတက္ကသိုလ်ပါမောက္ခ ဆာလက်ဆူကာရင်က “ကျွဲ၊နွားတွေကို ကျောင်းတဲ့နေရာမှာ စက်ရုပ်ကို အသုံးပြုကြည့်လိုက်တဲ့ အချိန် သူတို့က စက်ရုပ်နောက်ကို လိုက်ကြပါတယ်။ ခင်ဗျားကသာ ကောင်းတဲ့စားကျက်ကို ရောက်အောင် စက်ရုပ်ကို ထိန်းချုပ်နိုင်ရင် ကျွဲ၊ နွားတွေလည်း နောက်ကနေလိုက်ကြမှာပါ”လို့ ပြောပါတယ်။
ဩစတြေးလျနိုင်ငံဟာ ကမ္ဘာ့ပေါ်မှာ အမဲသား တင်ပို့မှု အများဆုံးနိုင်ငံဖြစ်ပြီး ကျွဲ၊ နွားကောင်ရေ သန်း ၃၀ လောက်ရှိပါတယ်။ ကျွဲ၊ နွားတွေ စားကျက်လွှတ်တဲ့အခါမှာ စားကျက်မြေ မကောင်းတာတွေနဲ့လည်း ရင်ဆိုင်ရလေ့ရှိပါတယ်။
ကျယ်ပြန့်တဲ့ မြေပြင်မှာ ကျွဲနွားတွေကို မှန်ကန်တဲ့ စားကျက်မှာ ထိန်းကျောင်း နိုင်ဖို့က မလွယ်ပါဘူး။ ဒါ့အပြင် မကောင်းတဲ့ စားကျက်တွေကလည်း ကျွဲ၊ နွားတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေသလို စားကျက်မြေအရည်အသွေးကိုလည်း ပိုပြီး နိမ့်ပါးစေပါတယ်။
ဒီပြဿနာတွေကို ဆွစ်ဘော့နဲ့ ဖြေရှင်းဖို့ ကြိုးစားနေကြတာပဲဖြစ်ပါတယ်။ ဆွတ်ဘော့ရဲ့ အားသာချက်တွေကို ဆစ်ဒနီတက္ကသိုလ်ပါမောက္ခ ဆာလက်ဆူကာရင်က အခုလို ရှင်းပြထားပါတယ်။
“စက်ရုပ်တွေမှာ ဆင်ဆာတွေ ပါဝင်ပါတယ်။ မြင်ကွင်းဆင်ဆာ၊ လေဆာ ဆင်ဆာတို့ပေါ့။ ပြီးတော့ တိရိစ္ဆာန်တွေရဲ့ လှုပ်ရှားမှုတွေကိုလည်း အမှန်တကယ်မြင်တွေ့နိုင်ပါတယ်။ ကျွဲနွားတွေ အစားစား တဲ့အခါ အာဟာရဖြစ်စေမဲ့အရာ ဟုတ်မဟုတ် ဆုံးဖြတ်ပေးပါတယ်။ စားကျက်မြေရဲ့ အရည်သွေး ကိုလည်း စက်ရုပ်တွေက တိုင်းတာပေးပါတယ်။ နောက်ပြီး ကျွဲ၊ နွားတွေအတွက် ဘယ်စားကျက် မြေက အကောင်းဆုံးဖြစ်မလဲဆိုတာပါ ဆုံးဖြတ်နိုင်တာပေါ့။ လယ်သမားတွေ၊ မွေးမြူရေးသမားတွေအတွက် အကြီးမားဆုံးရင်ဆိုင်ရတဲ့ ခက်ခဲမှုက အလုပ်သမားပြဿနာပါပဲ။ မွေးမြူရေးခြံကို ကူညီဖို့ အလုပ်သမား ရှာရတာက ခက်ပါတယ်။ ဒီအချက် တွေက စက်ရုပ်တွေကို အစားထိုးဖို့ ဖြစ်လာစေပါတယ်။ ဒီစက်ရုပ်တွေက လယ်သမားတွေ၊ မွေးမြူရေး သမားတွေကို ကူညီပေးမှာပါ။”
ဆွတ်ဘော့တွေဟာ စိုက်ပျိုးရေးလုပ်ငန်းတွေ၊ မွေးမြူရေးလုပ်ငန်းတွေကို ဖွံ့ဖြိုးတိုးတက်အောင် စွမ်း ဆောင်ပေးနိုင်တဲ့ စက်ရုပ်တွေအဖြစ် ဖွံ့ဖြိုးလာမှာပါ။
လယ်သမားတွေ၊ မွေးမြူရေးသမားတွေအနေနဲ့ အလုပ်သမားရှားပါးမှု ပြဿနာနဲ့ ပတ်ဝန်းကျင် ပျက်စီးတာတွေ စိုးရိမ်ရမှု မြင့်တက်လာချိန် ဒီစက်ရုပ်တွေက ပြဿနာတွေကို အဓိက ဖြေရှင်းနိုင်မယ့် အဖြေတစ်ခုပါပဲ။
ဆွစ်ဘော့ဟာ အနာဂတ် ကျွဲ၊ နွားမွေးမြူရေးလုပ်ငန်းတွေမှာ အသုံးဝင်တဲ့ စက်ရုပ်တွေအဖြစ် မြင်တွေ့ရမယ်လို့ ဆစ်ဒနီတက္ကသိုလ်ပါမောက္ခ ဆာလက်ဆူကာရင်က ယုံကြည်နေပါတယ်။
Source-Reuters