
ရန်ကုန်က မိန်းကလေးအဆိုတော်အဖွဲ့နဲ့ ဘန်ကောက်က မိန်းကလေးအဆိုတော်အဖွဲ့တို့ရဲ့သီဆိုဖျော်ဖြေမှုတွေကို အောက်တိုဘာ ၂၄ ရက်နေ့ ညနေ ၅ နာရီကနေ ၉ နာရီထိ ကမ္ဘာ့အေးဘုရားလမ်းရှိ ဖူဆန် ဘက်စကတ်ဘောကုတ်တွင် ဖျော်ဖြေမှာ ဖြစ်ပါတယ်။
ရန်ကုန်ကိုယ်စားပြုအဆိုတော်တွေကတော့ မြန်မာနိုင်ငံက ပထမဦးဆုံး နိုင်ငံတကာ အဆိုတော်အဖွဲ့ “MYANMAR Girls” ဖြစ်ပြီး ဘန်ကောက် ကိုယ်စားပြုအဆိုတော်တွေကတော့ ဘန်ကောက်မြို့ရဲ့ လူကြိုက်အများဆုံး အဆိုတော် "UNICORN" အဖွဲ့ ဖြစ်ကြပါတယ်။
ဧည့်သည်အဆိုတော်တွေအဖြစ် Break the Chain, Calendar, Mongoloit and Revenge Culture တို့ ပါဝင် အားဖြည့် ဖျော်ဖြေမယ်လို့ သိရပါတယ်။
အိမ်နီးချင်းနိုင်ငံ ၂ နိုင်ငံရဲ့ မြို့တော်က မိန်းကလေးအဆိုတော်တွေရဲ့ တက်ညီလက်ညီ ယှဉ်ပြိုင်သီဆိုဖျော်ဖြေမှုတွေဟာ ရန်ကုန်မြို့မှာ ပထမဦးဆုံး ပြုလုပ်တာပါ။
အဆိုပါ ဖျော်ဖြေပွဲ လက်မှတ်ဈေးနှုန်းကတော့ အခြေခံလက်မှတ် ၁ စောင် ၅၀၀၀ ကျပ်နဲ့ Jazz ၀ိုင် ၁ ပုလင်း၊ ဗွီအိုင်ပီသီးသန့်နေရာအတွက် ဗွီအိုင်ပီလက်မှတ် ၁ စောင် ၁ သောင်း ကျပ်နဲ့ Jazz ၀ိုင် စိတ်ကြိုက်သောက်ခွင့်အတွက် ရောင်းချပေးမယ်လို့ ဆိုပါတယ်။
လက်မှတ်ကြိုတင်မှာ ယူလိုသူတွေအနေနဲ့ Bryan - 09 505 0965 | John - 09 256 430 432 | Sean - 09 4500 600 57 တို့ကို မှာယူနိုင်ပါတယ်။
လက်မှတ်တွေကို Yangon Life ရုံးမှာ ၀ယ်ယူရမှာဖြစ်ပြီး လိပ်စာက Unit B9၊ ၅ လွှာ၊ DKM ကွန်ဒို၊ တိုက် ၁၈၊ ဗိုလ်ရာညွန့်လမ်း၊ ဒဂုံမြို့နယ် ဖြစ်ပါတယ်။











