DVB Logo
Home
မြန်မာသတင်း
ရန်ကုန်ကို ပြောင်းရွှေ့လာသူများ အလုပ်ရရန် ခက်ခဲနေ
DVB
·
January 9, 2025
ရန်ကုန်ကို ပြောင်းရွှေ့လာသူများ အလုပ်ရရန် ခက်ခဲနေ
Donate to DVB

ရန်ကုန်မြို့ကို အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာတဲ့ နေရပ်ပြောင်းရွှေ့လာရသူတွေကို ရပ်ကွက်ရုံးတွေက ဧည့်စာရင်းမပေးတာကြောင့် အလုပ်အကိုင်ရဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။

နေရပ်ရွှေ့ပြောင်းလာသူတွေမှာ ပြောင်းရွှေ့လာတဲ့ ဒေသက ရပ်ကွက်/ကျေးရွာ ရုံးထောက်ခံစာ မပါပါက ရန်ကုန်က ရပ်ကွက်ရုံးတွေက ဧည့်စာရင်း၊ ထောက်ခံစာ ရေးမပေးတာကြောင့် ခက်ခဲနေကြတာပါ။

လုပ်ငန်းတွေအနေနဲ့ အလုပ်လျှောက်လွှာတင်သူတွေရဲ့ ကိုယ်ရေးအချက်အလက်အပြင် မှတ်ပုံတင်၊ သန်းခေါင်စာရင်းနဲ့ ဧည့်စာရင်း၊ ရပ်ကွက်၊ ရဲစခန်း ထောက်ခံစာတွေပါ တောင်းယူနေကြပါတယ်။

နေရပ်ရွှေ့ပြောင်းလာသူတယောက်က “စစရောက်ချင်းတုန်းက မင်္ဂလာဒုံဘက်မှာနေတာ။ အုပ်ချုပ်ရေးမှူးက တော်တော့်ကိုရစ်တာ။ ဟိုဘက်က ရွှေ့ပြောင်းထောက်ခံစာ မပါတာ၊ ခရီးသွားထောက်ခံစာလိုမျိုးဆိုရင် ဒီဘက်မှာ ဧည့်စာရင်းမပေးဘူး။ ထောက်ခံစာလည်း မလုပ်ပေးတော့ အလုပ်လျှောက်ရင် နေထိုင်ကြောင်းကို ပြလို့မရဘူး။ တချို့အလုပ်တွေက နားလည်ပေးတယ်။ တချို့အလုပ်တွေက မပါရင် မခန့်ဘူး” လို့ ပြောပါတယ်။

လှိုင်သာယာ ၁၄ ရပ်ကွက်မှာတော့ နေရပ်ရွှေ့ပြောင်းမိသားစုတွေထဲက တယောက်ကို ၅,၀၀၀ ကျပ်နှုန်းနဲ့ တပတ်တခါ ဧည့်စာရင်းပေးနေပြီး ထောက်ခံစာအတွက် တစောင် ၁၀,၀၀၀ ပေးနေကြရပါတယ်။

ရပ်ကွက်နေသူတယောက်က “တဦးကို ၅,၀၀၀၊ ၄ ယောက်ရှိရင် ၂၀,၀၀၀။ တပတ်ကို တခါတိုင်ရတာ။ စက်ရုံတခါလျှောက်ရင် အနည်းလေး သုံးလေးသောင်း မကုန်ရင် အလုပ်ရှာမရဘူး။ ရပ်ကွက်ရုံးမှာတင် တသောင်းခွဲ၊ နှစ်သောင်းက အသာလေးပဲ။ အခု အဆောင်တွေတောင် တခန်း ၄ ယောက်ပဲ နေလို့ရတော့တယ်” လို့ ပြောပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် အတည်ပြုထားတဲ့ ၂၀၂၁ ထုတ် ဧည့်စာရင်းဥပဒေ၊ ပုဒ်မ ၃၃ မှာတော့ ဧည့်စာရင်းတိုင်ကြားတာအတွက် ငွေကြေးတောင်းခံခြင်း မပြုရလို့ ပါရှိပြီး လက်အောက်ခံ ရပ်ကွက်ရုံးအဖွဲ့ဝင်တွေက မလိုက်နာဘဲ ချိုးဖောက်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013