DVB Logo
Home
မြန်မာသတင်း
အင်ဒိုနီးရှားတွင် တခါမှမရှိခဲ့ဖူးသည့် သမ္မတဟု ပြည်သူများပြော
DVB
·
October 22, 2014
အင်ဒိုနီးရှားတွင် တခါမှမရှိခဲ့ဖူးသည့် သမ္မတဟု ပြည်သူများပြော
1 / 2
Donate to DVB

အောက်တိုဘာ ၂၁ ရက်နေ့ သမ္မတကျမ်းသစာ ကျိန်ဆိုခဲ့တဲ့ အင်ဒိုနီးရှားသမ္မတကို ပြည်သူအများက မျှော်လင့်အားထားကြပြီး အင်ဒိုနီးရှားနိုင်ငံမှာ တခါမှ မရှိခဲ့ဖူးဘူးတဲ့ သမ္မတလို့ ပြောဆိုကြပါတယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့ ၇ ဦးမြောက် သမ္မတဖြစ်လာပြီး သန့်ရှင်းတဲ့အစိုးရဖြစ်လာဖို့နဲ့ ခိုင်ခိုင်မြဲမြဲ အမြစ်တွယ်နေတဲ့ ကိုယ်ကျိုးရှာနိုင်ငံရေးကို ဖယ်ရှားမယ်လို့ အင်ဒိုနီးရှားပြည်သူတွေကို ကတိပေးထားပါတယ်။

21indonesia-01-articleLargeသမ္မတသစ်ဟာ အင်ဒိုနီးရှားနိုင်ငံသမိုင်းမှာ စစ်တပ်နဲ့ နိုင်ငံရေးအသိုင်း အ၀ိုင်း နောက်ခံမရှိပဲ တက်လာတဲ့ သမ္မတဖြစ်ပါတယ်။

လက်တွေ့ကျကျ စီမံအုပ်ချုပ်သူအဖြစ် ထင်ရှားသလို သာမန်မိသားစုကနေ ဆင်းသက်လာပြီး ကမ္ဘာ့အကြီးဆုံး မွတ်စလင်နိုင်ငံရဲ့ ခေါင်းဆောင်ဖြစ်လာသူလည်းဖြစ်ပါတယ်။

သမ္မတကို ထောက်ခံသူတဦးက သမ္မတဟာ ပွင့်လင်းပြီး လူထုနဲ့ တသားတည်းနေတဲ့ သမ္မတလို့ ပြောဆိုပါတယ်။

သယံဇာတကြွယ်ဝတဲ့ အင်ဒိုနီးရှားနိုင်ငံကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ပြီး  စီးပွားရေး ပြန်လည်တိုးတက်လာဖို့၊ နိုင်ငံကို ၀န်ထုပ်ဝန်ပိုးဖြစ်နေတဲ့ အစိုးရလောင်စာဆီ ထောက်ပံ့ရေးအစီအစဉ်တွေကို ဘယ်လိုအပြောင်းအလဲလုပ်မလဲ စတာတွေကို အရင်ဆုံး ကိုင်တွယ်ရမှာဖြစ်ပါတယ်။

တရိပ်ရိပ်တက်လာတဲ့ ကုန်ဈေးနှုန်းဒဏ်ကို ခါးစည်းခံနေရတဲ့ အင်ဒိုနီးရှားလူလတ်တန်းစားတွေလည်း သမ္မတသစ် ဘာလုပ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်တကြီး စောင့်စားနေကြတာပါ။

အင်ဒိုနီးရှားသမ္မတဖြစ်လာပြီး ဘေကျင်းမြို့မှာ မကြာခင်ကျင်းပမယ့် အာရှပစိဖိတ်ထိပ်သီးဆွေးနွေးပွဲနဲ့ သြစတြေးလျနိုင်ငံမှာ ကျင်းပမယ့် G 20 ထိပ်သီးဆွေးနွေးပွဲ တွေကို တက်ရောက်မှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013