DVB Logo
Home
မြန်မာသတင်း
သတင်းသမားကို ထောင်ဒဏ်ချမှတ်မှု ပြန်ကြားရေးဝန်ကြီးနှင့် ဆွေးနွေး
DVB
·
October 21, 2014
သတင်းသမားကို ထောင်ဒဏ်ချမှတ်မှု ပြန်ကြားရေးဝန်ကြီးနှင့် ဆွေးနွေး
1 / 2
Donate to DVB

မြန်မာနိုင်ငံတွင်းမှာ သတင်းသမားတွေ ထောင်ဒဏ်ချမှတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး  မြန်မာဂျာနယ်လစ်ကွန်ရက်နဲ့ အစိုးရ ပြန်ကြားရေးဝန်ကြီးတို့ ဒီကနေ့ ရန်ကုန်မှာ ဆွေးနွေးခဲ့ကြပါတယ်။

[caption id="attachment_68533" align="aligncenter" width="419"]ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် (လယ်) နှင့် ဆွေးနွေးနေကြစဉ် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် (လယ်) နှင့် ဆွေးနွေးနေကြစဉ်[/caption]

လတ်တလော Bi မွန်းတည့်နေ ဂျာနယ် သတင်းသမားတွေကို ထောင်ဒဏ်ချမှတ်ခဲ့တဲ့ ကိစ္စတွေ အပါအ၀င် သတင်းသမားတွေရဲ့ စိုးရိမ်မှုတွေကို မြန်မာ ဂျာနယ်လစ်ကွန်ရက် (အမ်ဂျေအန်) ရုံးကို လာရောက်တဲ့ ပြန်ကြားရေးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်နဲ့   သတင်းသမားတွေအကြား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့တယ်လို့ အမ်ဂျေအန် အတွင်းရေးမှူး ဦးမြင့်ကျော်က ပြောပါတယ်။

သတင်းသမားတွေရဲ့ အမြင်တွေကို သမ္မတထံ ပြန်လည် တင်ပြပေးမယ်လို့ ဦးရဲထွဋ်က တုံ့ပြန် ပြောဆိုခဲ့သလို ဒီကိစ္စအပေါ် ပြန်ကြားရေးဘက်က ရှုမြင်တဲ့ အမြင်နဲ့ ပတ်သက်ပြီး ဦးမြင့်ကျော်က အခုလို ပြောပါတယ်။

“ဂျာနယ်နဲ့ ဆန္ဒပြတဲ့ အဖွဲ့အစည်း ချိန်ကိုက်ပြီး လှုပ်ရှားတဲ့သဘောမျိုး သူတို့က ယူဆတယ်ပေါ့နော်။ ကြားဖြတ်အစိုးရ တင်မြှောက်ရေးဆိုတဲ့ အဆိုကိစ္စကို အမ်ဒီစီအက်ဖ် ဘက်က ဂျာနယ်က ပါဝင်ပြီး လှုံ့ဆော်ပေးတယ်လို့ အဲဒီအမြင်မျိုးရှိတယ်။ ဒါက သူတို့ရဲ့စိုးရိမ်မှုနဲ့ သူတို့ရဲ့ ရှုထောင့်ပေါ့။”

ဒီလို ကြေညာချက်မျိုးကို တက်ကြွ လှုပ်ရှားသူတွေက မီဒီယာတွေကို ကြိုတင်ပေးပို့လေ့ရှိပြီး ဂျာနယ်ထွက်မယ့် အချိန်နဲ့ သတင်းနောက်မကျအောင် ထည့်သွင်းရတာဖြစ်တဲ့အကြောင်း သတင်းသမားတွေက ပြောပြခဲ့တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားဒီမိုကရေစီအင်အားစုတွေကို ကြားဖြတ်အစိုးရ အဖြစ် ပြည်သူတွေက တင်မြှောက်ကြောင်း ဒီမိုကရေစီရေးစဉ်ဆက်မပြတ် လှုပ်ရှားသူများအဖွဲ့ (အမ်ဒီစီအက်ဖ်) ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး သတင်းဖော်ပြလို့ အောက်တိုဘာ ၁၆ ရက်နေ့က Bi မွန်းတည့်နေဂျာနယ် သတင်းသမားတွေကို ၅၀၅ (ခ)နဲ့ အမြင့်ဆုံး ပြစ်ဒဏ် ၂ နှစ်ထောင်ဒဏ် ချမှတ်ခဲ့ပါတယ်။

ဒါ့အပြင် သတင်းရယူရာမှာ ရှိတဲ့အခက်အခဲတွေ၊ သတင်းသမားတွေရဲ့ ကျင့်ဝတ်၊ အရည်အသွေးနဲ့ စွမ်းဆောင်ရည်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး သတင်းသမားတွေဘက်က ပြန်ကြားရေးဝန်ကြီးကို ရှင်းပြခဲ့ကြပါတယ်။

မြန်မာဂျာနယ်လစ်ကွန်ရက်က  ပြန်ကြားရေးဝန်ကြီးကို လာရောက်ဖို့ ဖိတ်ကြားခဲ့တာဖြစ်ပြီး ၀န်ကြီးတဦးအနေနဲ့ သတင်းသမားတွေဆီကို ပထမဆုံး လာရောက်တွေ့ဆုံဆွေးနွေးခဲ့တာ လည်း ဖြစ်ပါတယ်။

ဦးပါကြီးပျောက်ဆုံးနေမှုနဲ့ ပတ်သက်ပြီး သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ လူ့အခွင့်အရေး ကော်မရှင်အပါအ၀င် သက်ဆိုင်ရာကို စာပို့ထားတယ်လို့ သိရပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013