DVB Logo
Home
မြန်မာသတင်း
သတင်းထောက် ဦးပါကြီး ပျောက်ဆုံးမှု မိသားစုများ သတင်းစာရှင်း
DVB
·
October 21, 2014
သတင်းထောက် ဦးပါကြီး ပျောက်ဆုံးမှု မိသားစုများ သတင်းစာရှင်း
Donate to DVB

ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (ဒီကေဘီအေ) နဲ့ အစိုးရတပ်ဖွဲ့ တိုက်ပွဲသတင်း ကို ကျိုက်မရောမြို့မှာ သွားရောက်သတင်းယူရင်း သတင်းထောက် ဦးပါကြီး ပျောက်ဆုံးသွားတာနဲ့ ပက်သက်ပြီး  မိသားစုက ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ် ရွှေတောင်ကျောင်းတိုက်မှာ ဒီနေ့  သတင်းစာရှင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့လ ၂၈ ရက်နေ့က ဒီကေဘီအေနဲ့ အစိုးရစစ်တပ်တို့ တိုက်ပွဲသတင်းကို သွားရောက်ရိုက်ကူးခဲ့ပြီး ကျိုက်မရောမြို့ပေါ် တက်ဖို့အပြန်မှာ စစ်တပ်က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

[caption id="attachment_68521" align="alignleft" width="300"]ဦးပါကြီး ဦးပါကြီး[/caption]

ဖမ်းဆီးခဲ့တဲ့ ၂၀၈ တပ်က တပ်ရေးဗိုလ်ကြီး ဆန်းမင်းအောင်ကို ဇနီးဖြစ်သူ သွားရောက်မေးမြန်း တဲ့အခါ ဖမ်းစဉ်က သူကိုယ်တိုင်ပါပေမယ့် အခုဘယ်ရောက်နေလဲ မသိဘူးလို့ ပြောပါ တယ်။

ပြည်နယ်အစိုးရရဲ့ နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီးကို ဖုန်းဆက်မေးမြန်းတဲ့အခါမှာတော့  အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကိုသာမေးပါလို့ ပြန်လည်ဖြေဆိုတဲ့အကြောင်း မိသားစုဝင်တွေက ပြောပါတယ်။

သူ့ရဲ့ ဇနီးဖြစ်သူက ကျိုက်မရော ရဲစခန်းမှာ လူပျောက်တိုင်ကြားခဲ့ပြီး  ဥပဒေမဲ့ ဖမ်းဆီးထားသူတွေကို တရားလိုပြုပြီး ထပ်ဆင့်အမှုဖွင့်သွားမယ်လို့ ပြောပါတယ်။

ဦးပါကြီးဟာ ရှစ်လေးလုံးအရေးတော်ပုံကာလမှာ သုံးရောင်ခြယ်လူငယ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်လုံခြုံရေးကို တာဝန်ယူခဲ့သူဖြစ်ပြီး ပြည်တွင်းဂျာနယ်တွေမှာ ဆောင်းပါးတွေ ရေးနေသူလည်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013