DVB Logo
Home
မြန်မာသတင်း
ကေတုမတီလေတပ် တိုက်ခိုက်မှုတွင် အရာရှိအဆင့် ၃ ဦးအပါဝင် ၇ ဦးသေဆုံး
DVB
·
January 5, 2025
ကေတုမတီလေတပ် တိုက်ခိုက်မှုတွင် အရာရှိအဆင့် ၃ ဦးအပါဝင် ၇ ဦးသေဆုံး
Donate to DVB

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကေတုမတီလေတပ်အား ရှေ့ာတိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ လေတပ်အရာရှိအဆင့် ၃ ဦးအပါဝင် ၇ ဦးသေဆုံး၊ ၈ ဦးဒဏ်ရာရရှိခဲ့ပြီး လေယာဉ် ၂ စင်းလည်း ပျက်စီးခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ဇန်နဝါရီ ၄ ရက် ညက ထုတ်ပြန်ထားပါတယ်။

လေတပ်ကို ၁၇၀ မမ ရှော့တိုက်ဒုံး ၁၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၁၀ လုံးက လေတပ်အတွင်း ကျရောက်ပေါက်ကွဲခဲ့တာကို သတင်းပေး ‘ဖရဲသီး’ တွေဆီက သိရတယ်လို့ Brave Warriors for Myanmar (BWM)  တာဝန်ရှိသူတယောက်က DVB ကို ပြောပါတယ်။

“သေသွားတဲ့အထဲမှာ ဦးစီးအဆင့်ရာထူးရှိတဲ့ တယောက် ပါတယ်၊ နောက်ထပ် ၂ ယောက်ကလည်း အရာရှိတွေပဲ။ အခြားအဆင့်ရှိတဲ့သူတွေက ၄ ဦးပါ၊ ဒဏ်ရာရသွားတာက ၈ ယောက်လို့ သိရပါတယ်။” 

ဒါ့အပြင် K8 လေယာဉ် ၂ စင်း၊ လေတပ်အုပ်ချုပ်ရေးရုံး၊ အရာရှိရိပ်သာနဲ့ လေယာဉ်ဂိုဒေါင်ရှေ့က‌ ပြေးလမ်းတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တော်လှန်ရေးတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ပြီးနောက် စစ်ဆေးတင်းကျပ်မှုတွေ မရှိပေမဲ့ လေတပ်အတွင်း လေတပ် တည်ရှိရာနေရာမှာတော့ ဂျက်ဖိုက်တာတစင်း ပျံဝဲနေတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“ဂျက်ဖိုက်တာက မနည်းကြာကြာဝဲနေတယ်။ ငြိမ်တာကတော့ ငြိမ်နေတယ်၊ ခါတိုင်းဆို အဲဒီလေတပ်က တနေ့ မထွက်ဘူးဆို လေယာဉ် ၂ စီးလောက်က အမြဲထွက်တယ်၊ ခုရက်တော့ ထွက်တာမတွေ့ဘူး။” 

တောင်ငူလေတပ်ကို Brave Warriors for Myanmar (BWM) နဲ့ ပူးပေါင်းအဖွဲ့က ပစ်ခတ်တိုက်ခိုက်ဟာ အခုတကြိမ်အပါဝင် ၆ ကြိမ်ရှိပြီလို့ သိရပါတယ်။

တောင်ငူလေတပ်စခန်းဟာ နိုင်ငံတဝန်းမှာ လေကြောင်း ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ အရေးပါတဲ့ လေတပ်စခန်းဖြစ်တဲ့အပြင် အာဏာရှင်လက်အောက်က ပြည်သူတွေ လွတ်မြောက်ရေး အထောက်အပံ့ဖြစ်စေဖို့ ရည်ရွယ်ပြီးBrave Warriors for Myanmar (BWM) အဖွဲ့ရဲ့ ဦးဆောင်စီမံမှုနဲ့ Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF)၊ သံတောင်မြောက်ပိုင်း အထူးဒေသအဖွဲ့တို့ ပူးပေါင်းဖော်ဆောင်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013