DVB Logo
Home
နိုင်ငံတကာ
ဂျော့ဆိုးရော့စ် ကို ဘိုင်ဒင်က လွတ်လပ်မှု သမ္မတဂုဏ်ထူးဆောင်ဆု ချီးမြှင့်
DVB
·
January 5, 2025
ဂျော့ဆိုးရော့စ် ကို ဘိုင်ဒင်က လွတ်လပ်မှု သမ္မတဂုဏ်ထူးဆောင်ဆု ချီးမြှင့်
Donate to DVB

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ဒီမိုကရက်တစ်ပါတီရဲ့ အလှူရှင် ဘီလီယံနာသူဌေးကြီး ဂျော့ချ်ဆိုးရော့စ် အပါအဝင် လူပုဂ္ဂိုလ် ၁၉ ယောက်ကို အမြင့်ဆုံး အရပ်သားဂုဏ်ထူးဆောင်ဆုဖြစ်တဲ့ လွတ်လပ်မှုအတွက် သမ္မတရဲ့ ဂုဏ်ထူးဆောင်ဆု Presidential Medal of Freedom ဆုချီးမြှင့်ခဲ့ပါတယ်။  

ဆိုးရော့စ်နဲ့အတူ U2 အဖွဲ့က အဆိုတော်ကြီး ဘိုနို၊ သရုပ်ဆောင် ဒန်ဇယ်လ် ဝါရှင်တန်၊ သမ္မတကတော်ဟောင်း ဟီလာရီကလင်တန် တို့ကိုပါ ဇန်နဝါရီ ၄ ရက်နေ့မှာ ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။  

ဆုချီးမြှင့်ခံရသူတွေထဲမှာ ပရိုင်းမိတ် သုတေသနပညာရှင် ဂျိန်းဂွတ်ဒဲလ်၊ ဖက်ရှင်သူဌေးကြီး ရာ့ဖ်လောရင်း၊ ဘောလုံးအကျော်အမော် လီယွန်နယ်မက်ဆီ၊ သရုပ်ဆောင်ဂျေမီဖောက်စ်နဲ့ အင်န်ဘီအေ ဂန္ထဝင်ကစားသမား အာဗင်းမက်ဂျစ်ဂျွန်ဆင် တို့လည်းပါဝင်ပါတယ်။ 

အသက် ၉၄ နှစ်ရှိပြီဖြစ်တဲ့ ဂျော့ချ်ဆိုးရော့စ်ကတော့ မတက်ရောက်နိုင်ခဲ့ဘဲ  သားဖြစ်သူ အဲလက်စ်က ကိုယ်စား ဆုလက်ခံခဲ့ပါတယ်။ 

ဟန်ဂေရီဂျူးမိသားစုမှာ မွေးဖွားခဲ့တဲ့ ဂျော့ချ်ဆိုးရော့စ်ဟာ နာဇီသိမ်းပိုက်မှုကနေ ထွက်ပြေး လွတ်မြောက်ခဲ့ပြီး သူ့အတွက် လွတ်လပ်တဲ့ဘဝတခု တည်ဆောက်ရုံသာမကဘဲ ကမ္ဘာတလွှားက မရေမတွက်နိုင်တဲ့ လူတွေအတွက် လွတ်မြောက်တဲ့ဘဝတွေ တည်ဆောက်ပေးနိုင်ခဲ့တယ်လို့ ဆုချီးမြှင့်ရာမှာ ဖတ်ကြားခဲ့ပါတယ်။ 

သူ့ရဲ့ အားကျလောက်ဖွယ်ရာ ရက်ရောမှုဟာ အာဏာအလွဲသုံးစားလုပ်မှုအပေါ် ရင်ဆိုင်ဖို့၊ ဒီမိုကရေစီရဲ့နဲ့ လွတ်လပ်မှုကို လိုလားသူအားလုံးရဲ့ စောင့်ရှောက်သူဖြစ်ဖို့ ကျုပ်တို့ရဲ့ စွမ်းရည်၊ ကျုပ်တို့ရဲ့ တာဝန်ကို သတိပေးနေတယ်လို့ ဘိုင်ဒင်က ပြောကြားခဲ့ပါတယ်။ 

ဒေါ်လာ ၇ ဘီလီယံကျော် ကြွယ်ဝတဲ့ ဆိုးရော့စ်ဟာ ဒီမိုကရေစီရေးလှုပ်ရှားမှု၊ လူ့အခွင့်အရေး လှုပ်ရှားမှုတွေမှာ ပါဝင်ပတ်သက်မှု၊ လှူဒါန်းမှုတွေကြောင့် ထင်ရှားသူဖြစ်သလို ဝေဖန်ခံရသူလည်း ဖြစ်ပါတယ်။ 

သူ့ကိုယ်ပိုင်ကြွယ်ဝမှုထဲက ဒေါ်လာဘီလျံနဲ့ ချီပြီး Open Society Foundations ကို လွှဲပြောင်းပြီး ကမ္ဘာတလွှားမှာ တိုးတက်တဲ့လှုပ်ရှားမှုတွေမှာ ထောက်ပံ့ပေးခဲ့ပါတယ်။ 

အမေရိကန်မှာ ဒီမိုကရက်ပါတီရဲ့ အဓိကအလှူရှင်တယောက်ဖြစ်တဲ့ ဆိုးရော့စ်ကို လက်ဝဲ ယိမ်းလှုပ်ရှားမှုတွေ ပံ့ပိုးတဲ့သူအဖြစ် ရီပတ်ဘလီကန် ဘက်က မှတ်ယူထားပြီး အခု ဆုချီးမြှင့်မှုကိုလည်း ဝေဖန်ခဲ့ပါတယ်။ 

ထရမ့်ဘက်တော်သား ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အယ်လွန်မက်စ်ကလည်း အခုဆုချီးမြှင့်မှုကို လှောင်ပြောင်ဝေဖန်ခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013