DVB Logo
Home
နိုင်ငံတကာ
သမ္မတ ကျမ်းကျိန်ပွဲနေ့တွင် အလံတဝက်ချထားမည့်ကိစ္စ ထရမ့်ပ် ဝေဖန်
DVB
·
January 5, 2025
သမ္မတ ကျမ်းကျိန်ပွဲနေ့တွင် အလံတဝက်ချထားမည့်ကိစ္စ ထရမ့်ပ် ဝေဖန်
Donate to DVB

ကွယ်လွန်သူ အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ အောက်မေ့ဖွယ်အဖြစ် ရက် ၃၀ ကြာ အလံတဝက် လွှင့်ထူထားမယ့်ကိစ္စဟာ ဇန်နဝါရီ ၂၀ ရက် သမ္မတကျမ်းကျိန်ပွဲမှာပါ အကျုံးဝင်နေတာကို ဒေါ်နယ်ထရမ့်ပ်က ဝေဖန်လိုက်ပါတယ်။ 

ဒီဇင်ဘာ ၂၉ ရက်မှာ သမ္မတဟောင်းကာတာ ကွယ်လွန်သွားခဲ့ပြီးနောက် အစဉ်အလာအတိုင်း ရက် ၃၀ ကြာ အလံတဝက်သာလွှင့်ထူဖို့ သမ္မတ ဂျိုးဘိုင်ဒင်က အမိန့်ထုတ်ခဲ့ပါတယ်။ 

ထရမ့်ပ်ဟာ ဇန်နဝါရီ ၉ ရက် ဝါရှင်တန်မှာ ကျင်းပမယ့် ကာတာ အောက်မေ့ဖွယ်ရာ အခမ်းအနားကို တက်ရောက်မယ်လို့ ကြေညာထားပေမဲ့ သူကျမ်းကျိန်တဲ့အချိန်မှာ အလံကြီးကို တဝက်ချထားတာကတော့ ဒီမိုကရက်တွေက ပျော်ပျော်ကြီးတမင်လုပ်တာလို့ ထရမ့်ပ်က သူ့လူမှုကွန်ရက် Truth Social မှာ စွပ်စွဲခဲ့ပါတယ်။  

ဒါဟာ အမေရိကန်သမိုင်းမှာ ပထမဆုံးအကြိမ် သမ္မတသစ် ကျမ်းကျိန်တဲ့အချိန်ကြီးမှာ အလံတဝက်ချထားတာ ဖြစ်လာမယ်၊ ဒီလိုမျိုးကြီးက ဘယ်သူမှ သဘောကျမှာ မဟုတ်ဘူး၊ အမေရိကန်တွေ ကျေနပ်မှာမဟုတ်ဘူး၊ ဘယ်လိုဖြစ်လာမလဲ ကြည့်ရမယ်လို့ပါ ထရမ့်ပ်က ရေးသားခဲ့ပါတယ်။ 

အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ်ကတော့ ဒီအစီအစဉ်ကို ပြန်စဉ်းစားဖို့မရှိသေးဘူးလို့ တုံ့ပြန်ထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013