DVB Logo
Home
မြန်မာသတင်း
ကလေးမြို့နယ်၌ ပျူရွာထံ ပစ္စည်းပို့သည့်ရွာသား ၈ ဦးကို နွားလှည်းဆွဲခိုင်း 
DVB
·
January 5, 2025
ကလေးမြို့နယ်၌ ပျူရွာထံ ပစ္စည်းပို့သည့်ရွာသား ၈ ဦးကို နွားလှည်းဆွဲခိုင်း 
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းမှာ စစ်ကောင်စီလက်အောက်ခံ ပျူကျေးရွာတွေအတွက် ပစ္စည်းပို့ ကုန်သွယ်နေသူ အရပ်သား ၈ ယောက်ကို ကလေးခရိုင်တပ်ရင်း ၄ အဖွဲ့ဝင်တွေက နွားလှည်းဆွဲခိုင်းပြီး ဖမ်းဆီးထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအစပ်က ကြံသာ၊ ဟံသာဝတီ၊ မြောက်ခင်ရန်း၊ ကျောက်ပြုတ်စတဲ့ ပျူရွာတွေအတွက် စားသောက်ကုန်ပါ နွားလှည်း ၄ စီးနဲ့လာတဲ့ ရှားဖိုရွာသား အမျိုးသား ၈ ယောက်ကို ဒီဇင်ဘာ ၂၆ ရက်မှာ  တပ်ရင်း ၄ အဖွဲ့ဝင်တွေက လမ်းမှာ ဖမ်းဆီးခဲ့တာပါ။

ဒီနောက် ပစ္စည်းပါ နွားလှည်းနေရာမှာ နွားတွေကို ဖြုတ်ပြီး ကုန်ပို့သူအမျိုးသားတွေကို တစီး ၂ ယောက်နှုန်းနဲ့  ရှားဖို၊ တင်သား၊ ကျောက်ဖူး၊ ဒိုးနွယ် ရွာပေါင်း ၄ ရွာလောက်ကို လမ်းအတိုင်း ဆွဲခိုင်းခဲ့တာလို့ ဒေသခံက ပြောပါတယ်။

ဒါ့အပြင် လက်နက်ကိုင်တွေ လှည်းပေါ်တက်စီးကာ စစ်ကောင်စီရွာတွေကို ပစ္စည်းမပို့တော့ပါဘူး၊ ကျနော်တို့လို့ မပို့မိပါစေနဲ့ စသဖြင့် လမ်းတောက်လျှောက် အော်ဟစ်ခိုင်းခဲ့တာတယ်လို့ ကလေး တောင်ပိုင်းမှာ နေထိုင်သူတဲ့ ဒေသခံ တယောက်က ပြောပါတယ်။ 

“ပျူရွာ ၁၂ ရွာကို ဆန်တို့ ဆီတို့ ဆားတို့ ပို့ပေးတဲ့သူတွေကို ဖမ်းပြီး ဒီလို လုပ်ခိုင်းတာ။ နွားတွေကို ဖြုတ်ပြီး လူက ဝင်ဆွဲရတာ။ လက်နက်ကိုင်တွေက အဲဒီလှည်းပေါ်ကနေ တက်စီးသေးတယ်။ ရွာပေါင်း ၄ ရွာက လူပေါင်းထောင်နဲ့ချီပြီး ဒီကိစ္စကို မြင်ပါတယ်။ သက်သေလည်း ရှိပါတယ်။ အပြစ်က ညီတူညီမျှ မဖြစ်ဘူး။ သူတို့နဲ့ပတ်သက်သူဆိုရင် ဒီလောက် မလုပ်ပါဘူး။ အခုဟာ ဘယ်ကို တိုင်လို့တိုင်ရမလဲ မသိပါဘူး။ NUG ကို ဘယ်နားတိုင်ရမလဲတောင် မသိပါဘူး။ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ကလည်း လက်နက်ကိုင်ထားကြသူတွေကို ဒီကိစ္စကို မတားရဲကြပါဘူး။”

ဒီရွာသား ၈ ယောက်နဲ့ ဆက်စပ်သူတွေကို တော်လှန်ရေးနယ်မြေထဲက ရွာတရွာက အချုပ်ထောင်မှာ ဖမ်းဆီးထားသလို ဒီရွာသားတွေ မတိုင်ခင်က ဖမ်းဆီးခံထားရသူတွေမှာလည်း ဆီပိုက်နဲ့ ကျောကုန်း၊ လက်ခြေထောက်တွေမှာ ရိုက်နှက်နှိပ်စက်ဒဏ်ရာတွေ ရရှိထားတာကို တွေ့ရတယ်လို့ နီးစပ်သူတွေကတဆင့် သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဒီဇင်ဘာ ၂၈ ရက်‌မှာ ကလေးခရိုင်တပ်ရင်း ၄ ကို ဆက်သွယ် မေးမြန်းရာမှာတော့ နောက်တနေ့မှာ တပ်ရေးအရာရှိက ပြန်လည်ဖြေကြားထားပါတယ်။

“စကစရဲ့ လူအင်အား စိတ်ဓာတ်အင်အား အဓိကဒေါက်တိုင်ပေးနေသူ နာမည်ကြီး ဘူးလက်လှဆွေရဲ့ ဇာတိရွာ၊ တလရသမား ၂ ဦး ကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့တဲ့ မြောက်ခရမ်း ပျူစောထီးကျေးရွာမှ  အဓိကဦးဆောင်တဲ့ စကစနဲ့ ပျူစောထီးတပ်တွေထံ ရန်သူ့တပ်တွေ အင်အားမပြတ်လပ်ရေး လိုအပ်တဲ့ ရိက္ခာဆေး၀ါးတွေ ထောက်ပို့ပေးနေသူတွေကို၊ အထက်ရုံးတွေရဲ့ ညွှန်ကြားချက်အရ ကျနော်တို့ စစ်ဆိုင်ထားရာ ရန်သူ့တပ်တွေနဲ့ အနီးစပ်ဆုံး ကျနော်တို့ စစ်မျက်နှာအတွင်း ဒီလိုရန်သူ့တပ်အား ထောက်ပို့ပေးနေတာကို တွေ့ရှိပါက အရေးယူ ဆောင်ရွက်မှုရှိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ဒေသဘက်ကို အသေးစိတ် မေးမြန်းစုံစမ်းတာ ပိုကောင်းပါလိမ့်မယ်။”

စစ်ဒေသဘက်ကို အဆက်အသွယ်ရရှိနိုင်ဖို့ DVB က စာပို့‌မေးမြန်းထားပေမဲ့ ပြန်လည် ဖြေကြားခြင်း မရှိသေးပါဘူး။

ဇန်နဝါရီ ၄ ရက် နောက်ဆုံး စုံစမ်းသိရှိထားချက်အရ ကလေးခရိုင်တပ်ရင်း ၄ မှာ DVB ရဲ့ မေးမြန်းချက် ရောက်ရှိနေတာကြောင့် အဖွဲ့ဝင်တွေက ရွာတွေမှာ ပြန်လည်စုံစမ်းမှုတွေ ရှိနေသလို ဖမ်းဆီးခံရွာသားတွေကို ဆက်လက်ချုပ်နှောင်စစ်ဆေးနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013