DVB Logo
Home
မြန်မာသတင်း
ဖလမ်းတိုက်ပွဲမှ ထွက်ပြေးလာသူ တပ်သားသစ်အပါအဝင် စစ်သား ၄ ဦးကိုဖမ်းမိ
DVB
·
January 4, 2025
ဖလမ်းတိုက်ပွဲမှ ထွက်ပြေးလာသူ တပ်သားသစ်အပါအဝင် စစ်သား ၄ ဦးကိုဖမ်းမိ
Donate to DVB

ချင်းပြည်နယ်၊ ဖလမ်းမြို့တိုက်ပွဲကနေထွက်ပြေးလာကြတဲ့ စစ်ကောင်စီတပ်သားသစ် ၁ ယောက် အပါအဝင် စစ်သား ၄ ယောက်ကို အရှင်ဖမ်းမိတယ်လို့ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဇန်နဝါရီ ၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ကလေးမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံက “ဖလမ်းတိုက်ပွဲကနေ စစ်ရှုံးပြီးထွက်ပြေးလာကြတဲ့ စစ်သား ၄ ယောက်ပေါ့။ အဲဒီ ၄ ယောက်ထဲမှာ ၁ ယောက်က စစ်မှုထမ်း တပ်သားသစ်ပေါ်တာဆွဲခံရတဲ့သူပါ” လို့ ပြောပါတယ်။

ကလေးခရိုင် တပ်ရင်း ၁၆ နဲ့ ကလေးမြို့နယ် ပကဖ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ပူးပေါင်း ဖမ်းဆီးခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ကလေးခရိုင် ပကဖ တာဝန်ခံ ကိုစစ်ငြိမ်းအောင် က “ကျနော်တို့ စစ်ရေးနယ်မြေထဲမှာ ဖမ်းမိခဲ့တာပါ။ တပ်ကြပ် ၁ ယောက်၊ ဒုတပ်ကြပ် ၁ ယောက်၊ တပ်သား ၁ ယောက် နဲ့ တပ်သားသစ်စုဆောင်းခံရတဲ့  တပ်သားသစ် ၁ ယောက်ပါ။ ဖလမ်းတိုက်ပွဲကနေထွက်ပြေးလာတာလို့တော့ ကနဦးသိရတယ်ပေါ့။ အသေးစိတ်တွေကတော့ စစ်ဆေးမှုတွေလုပ်နေတာမို့ ပြောပြလို့မရသေးပါဘူးဗျ။ သူတို့ထဲက ဒဏ်ရာရထားတဲ့ သူတွေကိုလည်း ဆေးကုသမှုတွေဆောင်ရွက်ပေးပေးနေပါတယ်” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီလက်အောက်မှာကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း နီးစပ်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီမှာ အမြန်ဆုံးလက်နက်ချအလင်းဝင်ကြဖို့ တိုက်တွန်းလိုတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ချင်းညီနောင်တပ်ဖွဲ့တွေဟာ ဖလမ်းမြို့သိမ်းတိုက်ပွဲကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်နေ့က စတင်ဖော်ဆောင်ခဲ့ပြီးနောက် တပ်စခန်းအများအပြားသိမ်းပိုက်ထားနိုင်သလို လက်ရှိအချိန်မှာ ဖလမ်းမြို့က စစ်ကောင်စီလက်အောက်ခံ ခလရ ၂၆၈ တပ်ရင်းကို ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ချင်းကာကွယ်ရေးတပ်ပေါင်းစုတွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013