DVB Logo
Home
မြန်မာသတင်း
တောင်ပုံကြီးစခန်း တိုက်ခိုက်ခံရပြီးနောက် ကပစစက်ရုံက တပ်မိသားစုဝင်များ ပြောင်းရွှေ့
DVB
·
January 3, 2025
တောင်ပုံကြီးစခန်း တိုက်ခိုက်ခံရပြီးနောက် ကပစစက်ရုံက တပ်မိသားစုဝင်များ ပြောင်းရွှေ့
Donate to DVB

တောင်ကုတ်-ပန်းတောင်းရိုးလမ်းပေါ်က တောင်ပုံကြီးစခန်း တိုက်ခိုက်ခံရပြီးနောက် ပန်းတောင်းမြို့ ကပစ စက်ရုံက တပ်မိသားစုဝင်တွေ ဘေးလွတ်ရာကို ပြောင်းရွှေ့နေကြရပါတယ်။

တောင်ကုတ်မြို့ရဲ့ နောက်ဆုံးလက်ကျန်စခန်းတခုဖြစ်တဲ့ ဥသျှစ်ပင်မြို့အနီးက တောင်ပုံကြီးစခန်းမှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တွေကြား ဇန်နဝါရီ ၁ ရက်ကစပြီး တိုက်ပွဲဖြစ်ခဲ့တာလို့ ဒေသခံတယောက်က ပြောပါတယ်။

“ကြားတာက စစ်တပ်က စပြီးပစ်လို့ AA နဲ့ တိုက်ပွဲဖြစ်တာ တောင်ပုံကြီးစခန်းက တောင်ကုတ်အ ပိုင်ထဲမှာ ဆိုပေမဲ့ ဥသျှစ်ပင်မြို့နဲ့နီးနီးလေး၊ ဥသျှစ်ပင်ကလည်း ကပစ စက်ရုံတွေ အများဆုံးရှိတဲ့ ပန်းတောင်းအပိုင်ထဲမှာ ခံစစ်အတွက်ပြင်နေကြတယ်။”

တောင်ပုံကြီးစခန်း တိုက်ပွဲဖြစ်နေချိန် စစ်ကောင်စီဘက်က စခန်းအနီးက ကျေးရွာတွေဖြစ်တဲ့ သပြေအေး၊ ညောင်ကျိုးနဲ့ မိုက်ကရိုကျေးရွာတွေကို လေကြောင်းကနေ ဗုံးကြဲခဲ့တဲ့အတွက် သေ ဆုံးဒဏ်ရာရသူတွေလည်း ရှိတယ်လို့ သူကရှင်းပြပါတယ်။

တိုက်ပွဲတွေဟာ ဥသျှစ်ပင်မြို့ကို နီးကပ်လာပြီဖြစ်တာကြောင့် စစ်လက်နက်ထုတ်လုပ်တဲ့စက်ရုံ ၄ ရုံရှိတဲ့ ပန်းတောင်းမြို့မှာ ခံစစ်အတွက် ပြင်ဆင်နေပြီး တပ်မိသားစုဝင်တွေကိုတော့ ပဲခူးက တပ်ရင်းတွေကို ပို့ဆောင်နေတယ်လို့ တပ်တွင်းသတင်းအရင်းအမြစ်က ပြောပါတယ်။

“AA ရဲ့ ထိုးစစ်က  တောင်ပုံကြီးစခန်း ရသွားလို့ ရပ်လိုက်ရင် အကြောင်းမဟုတ်ဘူး၊ ဥသျှစ်ပင်နဲ့ ပန်းတောင်းဘက်ကူးလာရင်  လက်နက်စက်ရုံတွေရှိနေတော့ ပြဿနာရှိတယ်။ လတ်တလော ကပစတပ် မိသားစုဝင်တွေကို  ပဲခူးက တပ်ရင်းတွေကို ပို့ထားရတယ်။”

စစ်ခေါင်းဆောင်တွေ စိုးရိမ်နေတဲ့ ပြည်မြို့နဲ့ပန်းတောင်းမြို့မှာ ကာကွယ်ရေးပစ္စည်းထုတ်လုပ် မှုတပ်ဖွဲ့ သင်တန်းကျောင်း၊ ကပစ ၃၊ ကစပ ၅၊ ကပစ ၆၊ ကပစ ၉၊ ကပစ ၇၊ ကပစ ၁၉ စတဲ့ စက်ရုံတွေ ရှိနေပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013