DVB Logo
Home
မြန်မာသတင်း
ရွှေ့ပြောင်းအလုပ်သမားများ အချိန်မီ မှတ်ပုံတင်ကြရန် ထိုင်းသတိပေး
DVB
·
October 21, 2014
ရွှေ့ပြောင်းအလုပ်သမားများ အချိန်မီ မှတ်ပုံတင်ကြရန် ထိုင်းသတိပေး
Donate to DVB

ထိုင်းနိုင်ငံရောက်  မြန်မာ၊ လောနဲ့ ကမ္ဘောဒီးယားနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေကို တရားဝင်ဖြစ်အောင် မှတ်ပုံတင်ပေးနေရာမှာ သတ်မှတ်ချိန်ကုန်ဆုံးဖို့ ၁၀ ရက်သာ လိုတော့တဲ့အတွက် အချိန်မီ သွားရောက်မှတ်ပုံတင်ကြဖို့ ထိုင်းအလုပ်သမားရှာဖွေခန့်ထားရေး ဦးင်္စီးဌာနက သတိပေးလိုက်ကြောင်း ထိုင်းမန်နေဂျာအွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။

[caption id="attachment_52668" align="alignright" width="335"]ထိုင်းနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းခွင်တခုက မြန်မာအလုပ်သမားအချို့ ထိုင်းနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းခွင်တခုက မြန်မာအလုပ်သမားအချို့[/caption]

ထိုင်းအလုပ် ရှင်တွေအနေနဲ့ မိမိလက်ခံ ထားတဲ့ နိုင် ငံခြားရွှေ့ပြောင်း အလုပ် သမားတွေ ကို နိုင်ငံသား စိစစ်ရေး ဆောင် ရွက်ရေးအတွက် မှတ်ပုံလာ တင်ပေးကြဖို့  ထိုင်းအလုပ် သမား ရှာဖွေခန့် ထားရေး ဦးင်္စီးဌာန ဒုညွှန်မှူး နိုင်းဆင်တေချ ချူ့အမ်းနတ်က ထိုင်းသတင်းထောက်တွေကို ပြောပါတယ်။

ဒါ့အပြင် နေထိုင်ခွင့်မှတ်ပုံတင်ထားပြီးတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့လည်း သူတို့အထောက်အထားတွေ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကို ဆက်လက်ပေးပို့နိုင်ဖို့ သက်ဆိုင်ရာ အလုပ်သမားရှာဖွေရေးရုံးကို သွားရောက်ဆက်သွယ်ဖို့ လိုအပ်ကြောင်း သူကဆက်ပြောပါတယ်။

တနေရာတည်းအပြီး (၀မ်းစတော့ပ်ဆားဗစ်) နဲ့ မှတ်ပုံတင်ပေးနေတဲ့ အစီအစဉ်မှာ  ၂၀၁၄ ဇွန်လ ၂၆ ရက်ကနေ ၂၀၁၄ အောက်တိုဘာလ ၁၈ ရက်နေ့အထိ  စာရင်းများအရ ရွှေ့ပြောင်းအလုပ်သမားပေါင်း  ၁ သန်း ၃ သိန်း ၆ သောင်းကျော်  လာရောက်မှတ်ပုံတင်ခဲ့ပြီး ဖြစ်ပါတယ်။

မြန်မာနိုင်ငံသားက ၅၁၀၈၇၄ ဦး၊ ကမ္ဘေားဒီးယားက ၅၈၅၀၇၉ ဦး၊ လောနိုင်ငံသားက ၁၉၂၈၂၀ ဦး ရှိတယ်လို့  နိုင်ငံခြား ရွှေ့ပြောင်းအလုပ်သမား စီမံခန့်ခွဲရေးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013