DVB Logo
Home
မြန်မာသတင်း
Non CDM ဝန်ထမ်းများ ည ၉ နာရီနောက်ပိုင်း အပြင်မထွက်ရန် စစ်တပ်က သတိပေး
DVB
·
January 2, 2025
Non CDM ဝန်ထမ်းများ ည ၉ နာရီနောက်ပိုင်း အပြင်မထွက်ရန် စစ်တပ်က သတိပေး
Donate to DVB

ရန်ကုန်မှာရှိတဲ့ Non CDM ဝန်ထမ်းတွေကို ည ၉ နာရီနောက်ပိုင်း အပြင်မထွက်ဖို့အတွက် စစ်ကောင်စီတပ်ဖွဲ့တွေက သတိပေးပြောဆိုထားတယ်လို့  အဆိုပါဝန်ထမ်းတွေက ပြောပါတယ်။

ရန်ကုန်မှာ လှည့်ကင်းတာဝန်ကျတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ညပိုင်းတွေမှာ ဘယ်သူ့ကိုမဆို ဖမ်းဆီးခေါ်ဆောင်ခွင့် ပေးထားသလို ကြည်ဖြူစွာ အစစ်အဆေးခံယူမှု မရှိရင်လည်း ပစ်မိန့်ပါ ပေးထားတာကြောင့် Non CDM ဝန်ထမ်းတွေအနေနဲ့ ညပိုင်းတွေမှာ အပြင်မှာရှိမနေစေဖို့ စစ်ကောင်စီတပ်သားတွေက အသိပေးပြောထားတယ်လို့ သိရပါတယ်။

ယန္တရား(တပ်ခွဲတောင်)က ဝန်ထမ်းတယောက်က “လုံခြုံရေးဝာာဝန်ကျတဲ့ စစ်သားတွေက ည ၉ နာရီနောက်ပိုင်း အပြင်မထွက်ဖို့နဲ့ လုံခြုံရေးယူထားတဲ့နေရာတွေကို မသွားဖို့ သတိပေးတာတွေကို တိုးတိုးတိတ်တိတ် ပြန်ပြောပြတာ။ သူတို့အထက်လူကြီးတွေရဲ့ အမိန့်ပေးချက်အရ လှည့်ကင်းပတ်နေတဲ့အချိန်မှာ တွေ့တဲ့သူ အကုန်ဖမ်းဆိုတဲ့ အမိန့်ထုတ်ထားတယ်လို့ ပြောပြပါတယ်။ ဝန်ထမ်းဆိုလည်း ဖမ်းဆိုတာမျိုးအထိ အမိန့်ပေးထားတာလို့ သတိပေးထားတာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေ ပေါ်တာဆွဲတဲ့အထဲမှာ Non CDM ဝန်ထမ်းတွေ ပါဝင်လာတဲ့ အတွက်လည်း သူတို့နဲ့နီးစပ်တဲ့ ဝန်ထမ်းတွေကို အသိပေး၊ သတိပေး ပြောဆိုနေကြတာပါ။

လက်ရှိ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ရန်ကုန်မြို့အတွင်းနဲ့ စည်ပင်သာယာနယ်နမိတ် ပြင်ပမြို့နယ်တွေမှာ စစ်ကားတွေနဲ့ ပေါ်တာဆွဲနေသလို ရဲတွေကလည်း မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာတွေထဲအထိ အရပ်သားကားတွေနဲ့ပါ ပေါ်တာဆွဲနေတယ်လို့ ရန်ကုန်မြို့ခံတွေထံက သိရပါတယ်။

အဲဒီလို ပေါ်တာဆွဲတာတွေကြောင့် အင်းစိန်ရဲစခန်းနည်းတူ တခြားရဲစခန်းတွေမှာ ပြစ်မှုကျူးလူသူတွေထက် ပေါ်တာအဆွဲခံရပြီး ရောက်လာသူတွေနဲ့သာ အချုပ်ခန်းပြည့်နေတယ်လို့ အင်းစိန် ရဲစခန်းဝန်းအတွင်းနေသူတယောက်က ပြောပါတယ်။

“အရင်ကဆိုရင် အချုပ်ခန်းထဲမှာ အချုပ်သားက ကျား/မ လက်ချိုးရေလို့ရတယ်။ အခုက စစ်ကားနဲ့ ရဲကား ဆိုက်လာပြီဆိုရင် ၁၀ ယောက်၊ ၁၅ ယောက်နဲ့ အချုပ်ထဲပြည့်နေတာ။ စခန်းမှူးနဲ့ ညှိလို့ရတဲ့သူ တချို့ကတော့ ပြန်လွတ်တယ်။ တချို့က ဘုရင့်နောင်စစ်ကြောရေးထဲ ရောက်တယ်၊ တချို့ကတော့ ဘယ်ရောက်လဲဆိုတာ မသိရဘူး။”

လက်ရှိ ရန်ကုန်တိုင်းအတွင်း စစ်မှုထမ်းဖို့ ပေါ်တာဆွဲတာတွေ များလာတဲ့အတွက် လူစည်ကားရာနေရာ တော်တော်များများဟာ ည ၈ နာရီနောက်ပိုင်း လူသွားလူလာ ရှင်းလင်းနေသလို လူငယ်တွေဟာ အလုပ်လုပ်ကိုင်ဖို့အတွက် ခက်ခဲမှုတွေ ရှိလာကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013