DVB Logo
Home
Lead Story
၂၀၁၅ နှစ်ဆန်းတွင် နိုင်ငံရေးဆွေးနွေးပွဲ စတင်နိုင်ရန် မျှော်လင့်
DVB
·
October 20, 2014
၂၀၁၅ နှစ်ဆန်းတွင် နိုင်ငံရေးဆွေးနွေးပွဲ စတင်နိုင်ရန် မျှော်လင့်
Donate to DVB

၂၀၁၅ ခုနှစ်ဆန်းမှာ နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပဖြစ်လို့ လုပ်ငန်းမပြီးပြတ်ရင် နောက်တနှစ်ကို ကူးပြီးဆက်ဆွေးနွေးကြရမယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာက ပြောပါတယ်။

မြန်မာငြိမ်းချမ်းရေးစင်တာက အဖွဲ့ဝင် ဦးလှမောင်ရွှေကို ကိုအေးနိုင်က မေးမြန်းထားပါတယ်။

ဦးလှမောင်ရွှေတို့က လာမယ့်နှစ် ဇန်န၀ါရီ၊ ဖေဖော်ဝါရီမှာ နိုင်ငံရေးဆွေးနွေးပွဲတွေ စချင်တယ်ဆိုပြီး ပြောတာဆိုတော့ တကယ်လို့စဖြစ်ရင် နှစ်ဘက်သဘောတူညီချက်အရဆိုရင် လာမယ့် နိုဝင်ဘာ၊ ဒီဇင်ဘာမှာ တပြည်လုံးအပစ်ရပ်စာချုပ်က လက်မှတ်ထိုးကို ထိုးနိုင်ရမယ်မဟုတ်ပါလား။

[caption id="attachment_53037" align="alignleft" width="300"]ဦးလှမောင်ရွှေ ဦးလှမောင်ရွှေ[/caption]

“ဟုတ်ကဲ့။ အရင်လည်း ကျနော်တို့ဘက်က  ၀န်ကြီးဦးအောင်မင်းတို့ လည်း ပြောခဲ့ပါတယ်။ ဇူလိုင်၊ သြဂုတ်ပေါ့။ ဒါလည်း တနိုင်ငံလုံး အတွက် ကို နိုင် ငံရေးဆွေးနွေးပွဲတွေ လုပ်ဖို့ Nationwide Ceasefire Accord (တပြည်လုံး အပစ်ရပ်စာချုပ်) ကို လက်မှတ်ထိုးချင်တယ်။ လက်မှတ်ထိုးနိုင်ဖို့ ၀ိုင်းကြိုးစားနေကြတယ်၊ ၀ိုင်းကြိုးစားကြပါလို့ ၀န်ကြီးဦးအောင်မင်းတို့ကလည်း ပေးတဲ့ message ပါခင်ဗျ။ အခုတော့ ကျနော်တို့ ဒီ အောက်တိုဘာလ ကုန်ခါနီးမှာ အန်စီစီတီနဲ့ ယူပီဒဗလျူစီ တွေ့နိုင်ဖို့ မျှော်လင့်တယ်။ အဲဒါပြီးသွားရင်တော့ ကျနော်တို့ လက်မှတ်ရေးထိုးနိုင်တဲ့ ကိစ္စတွေရှိလာမယ်။

“ကျနော်တို့အနေနဲ့တော့ နိုင်ငံသားတယောက်အနေနဲ့ရော၊ မြန်မာ ငြိမ်းချမ်းရေးစင်တာရဲ့ အလုပ် အဖွဲ့ဝင်တယောက်အနေနဲ့ ဆိုရင်တော့ ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ၊ ဖေဖော်ဝါရီလလောက်ကို နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်နိုင်မယ်ဆိုရင်တော့ တနိုင်ငံလုံးအတွက်၊ ပါဝင်မယ့် State holder တွေအတွက် ကောင်းမယ်လို့ ကျနော်တို့ဘက်က တင်ပြတာပါ။ ပြီးခဲ့တဲ့ (၂) ရက်က အလုပ်ရုံဆွေးနွေးပွဲမှာလည်း ကျနော်တို့ဘက်က တင်ပြတာက အခုရှိနေတဲ့ဟာတွေကို လွှတ်တော်ကိုယ်စားလှယ်တွေကို တင်ပြတယ်။ ၀ိုင်းဝန်းကူညီပြီးတော့ ဆောင်ရွက်ပေးဖို့နဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေ ၂၀၁၅ ခုနှစ် ဇန်န၀ါရီ၊ ဖေဖော်ဝါရီလမှာ ဖြစ်နိုင်ဖို့ကိုလည်း ၀ိုင်းကူညီဖို့ပေါ့နော်၊ အဲဒီဆွေးနွေးပွဲတွေကနေပြီးတော့ ဆက်ဆွေးနွေးသွားရမယ်ခင်ဗျ။ ဒါပေမယ့် ဆွေးနွေးပွဲဖြစ်လာပုံနဲ့ ဆွေးနွေးပွဲမှာ ဆွေးနွေးပွဲအချိန်က ကြိုတော့ မပြောနိုင်သေးဘူးပေါ့နော်။ တကယ်လို့ လိုအပ်လို့ မပြီးရင်လည်း ၂၀၁၆ ခုနှစ်ကိုလည်း ကူးကောင်းလည်း ကူးနိုင်တယ်လို့ ပြောနိုင်တဲ့သဘောပါပဲ။”

အမ်ပီစီကနေ လွှတ်တော်က ပုဂ္ဂိုလ်တွေ ၀ိုင်းကြိုးစားပေးကြပါဆိုတဲ့နေရာမှာ သဲသဲကွဲကွဲဖြစ်အောင် အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ဆွေးနွေးပွဲမှာ လွှတ်တော်အမတ်တွေက ဘယ်လိုကြိုးစားပေးရမှာလဲဆိုတာ ပြောပြပါခင်ဗျ။

“ဒီလိုပါ။ ကျနော်တို့ ဒုတိယအကြိမ်မြောက် အလုပ်ရုံဆွေးနွေးပွဲလုပ်တာပါ။ အဓိက ကျနော်တို့ဖိတ်တာကလည်း conflict (ပဋိပက္ခ) ဖြစ်တဲ့ ဒေသကလွှတ်တော်အမတ်တွေက အဓိကပါ။ conflict (ပဋိပက္ခ) ဖြစ်တဲ့ ဒေသကလွှတ်တော်အမတ်တွေဖြစ်တဲ့အတွက် သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးစုလွှတ်တော်အမတ်တွေဖြစ်တော့ ယုံကြည်မှုပေါ့လေ။ ကြန့်ကြာနေတဲ့ကိစ္စမှာလည်း ယုံကြည်မှု လိုအပ်ချက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့်မို့လို ဒီလိုယုံကြည်မှုတွေရဖို့ ၀ိုင်းလုပ်ပေးနိုင်ပါတယ်။ အခု ကျနော်တို့နဲ့ workshop တွေမှာ ဆွေးနွေးတဲ့ သတင်းစကားတွေလည်း သူတို့ ပြန်ပေးနိုင်တယ်။ ဒီလိုနည်းနဲ့ ကျနော်တို့အနေနဲ့ ၀ိုင်းကူနိုင်ဖို့၊ ပြီးရင် political dialogue (နိုင်ငံရေးဆွေးနွေးပွဲ) ကျရင်လည်း သူတို့တွေ ပါကိုပါကြမှာဖြစ်တဲ့အတွက်လည်း ဒီလိုရောက်မှသာ သူတို့ကဏ္ဍ ပိုများလာမှာဖြစ်တဲ့အတွက် အခု ယုံကြည်မှုဆောက်တဲ့လုပ်ငန်း၊ ကျနော်တို့ သတင်းစကားပြန်မျှဝေတဲ့လုပ်ငန်း၊ ပြီးရင်တော့ အကြံဉာဏ်ပေးတဲ့ လုပ်ငန်းတွေအားလုံးမှာလည်း သူတို့ဝင်ပါလို့ရပါတယ်။”

အန်စီစီတီနဲ့ ယူပီဒလျူစီပွဲက အောက်တိုဘာလကုန်ပိုင်းမျှော်လင့်တယ်ဆိုတော့ သူတို့နှစ်ဖွဲ့ရဲ့ နောက်ဆုံးတွေ့ဆုံပွဲတုန်းက သောင်မတင်ရေမကျ ဖြစ်ခဲ့တဲ့ကဏ္ဍတွေမှာ နှစ်ဘက်အလျော့အတင်းတွေ တော်တော်များများ ရပြီးပြီလို့ ယူဆလို့ရလား။ ဒီတခါ ထပ်တွေ့ရင် ထူးခြားမယ်ဆိုတဲ့အချက်တွေ ပြောနိုင်ပြီလား။

“ကျနော့်အနေနဲ့တော့ မပြောနိုင်ပါဘူး။ ကျနော်တို့ အမ်ပီစီဆိုတာကတော့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီရဲ့ အလုပ်အဖွဲ့မျှသာဖြစ်ပါတယ်။ ၀န်ကြီးဦးအောင်မင်းကလည်း အထက်ခေါင်းဆောင်တွေနဲ့ အစည်းအဝေးလုပ်နိုင်ဖို့ဟာကို ပြင်ဆင်နေပါတယ်။ အခုလည်း ကျနော်တို့ပြင်ဆင်နေတုန်းပါပဲ။ ကျနော်တို့သိတာတော့ အန်စီစီတီဘက်က ခေါင်းဆောင်တွေဟာ အောက်တိုဘာလ ၂၇၊ ၂၈၊ ၂၉ တွေမှာ သူတို့ရဲ့ meeting တွေ တဖက်မှာရှိတယ်လို့ ကျနော်တို့သိပါတယ်။ ဒါကြောင့်မို့လို့ အဲဒါပြီးမှ တွေ့ဆုံနိုင်ဖို့ ကိစ္စလို့ အဲဒီလို နားလည်ပါတယ်။ နောက်တခုက ဒီတွေ့ဆုံမှုဆိုတော့ ရလဒ်ထွက်မှ တွေ့ဆုံပွဲဆိုတာလည်း ပိုပြီးအဓိပ္ပာယ်ရှိတဲ့အတွက် ရလဒ်ထွက်နိုင်ဖို့လည်း ကျနော်တို့ဘက်က ဒီ ညှိနှိုင်းရေးအကြီးအကဲ ဦးအောင်မင်းဟာ တဖက်ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်နေဆဲပါပဲ။”

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013