DVB Logo
Home
မြန်မာသတင်း
ဝါးလှေတစင်းနှင့် ပင်လယ်ထဲမျောပါနေသည့် မြန်မာရေလုပ်သားကို အိန္ဒိယ ကယ်တင်
DVB
·
December 30, 2024
ဝါးလှေတစင်းနှင့် ပင်လယ်ထဲမျောပါနေသည့် မြန်မာရေလုပ်သားကို အိန္ဒိယ ကယ်တင်
Donate to DVB

ဝါးလှေတစင်းနဲ့ ပင်လယ်ထဲ မျောပါနေတဲ့ မြန်မာရေလုပ်သားတယောက်ကို အိန္ဒိယ ငါးဖမ်းသမားတွေက ကယ်တင်ခဲ့တဲ့အကြောင်း The Hindu သတင်းတပုဒ်မှာ ဒီဇင်ဘာ ၂၉ ရက်က ဖော်ပြပါတယ်။

ကာစီမီဒူ ငါးဖမ်းသမားတွေက ဝါးလှေပေါ်ကနေ အလံဝှေ့ယမ်းပြနေခဲ့တဲ့ အဆိုပါ အမျိုးသားကို တွေ့ရှိခဲ့ကြပြီးနောက်မှာ သူ့ကို ဘုတ်ပေါ်တင်ပြီး ငါးဖမ်းဆိပ်ကမ်းကို ပြန်ခေါ်သွားခဲ့ကြတယ်လို့ ဆိုပါတယ်။

ကမ်းကိုခေါ်ဆောင်လာပြီးနောက် ငါးဖမ်းဆိပ်ကမ်းရဲတွေက သူ့ကို သက်ဆိုင်ရာ အိန္ဒိယ ကမ်းခြေစောင့် အာဏာပိုင်တွေဆီ လွှဲပြောင်းပေးခဲ့ပြီး စစ်ဆေးမေးမြန်းခဲ့ချိန်မှာတော့ အသက် ၃၇ နှစ်အရွယ် အဆိုပါ အမျိုးသားရဲ့ နာမည်ကို ဦးရှမားမား ဖြစ်တယ်လို့ ဖြေကြားခဲ့တယ်လို့ ဆိုပါတယ်။

သူနဲ့ တခြား ၂ ယောက်ဟာ ပင်လယ်ပြင်အတွင်း ပုစွန်ဖမ်းဖို့ ၈၂ ရက်ကြာ နေထိုင်ခဲ့ကြတာကို စစ်ဆေးတွေ့ရှိရပြီး သူတို့ဖမ်းမိတာတွေကို လှေကြီးတစင်းနဲ့ ၂ ရက်တကြိမ် လာရောက် ယူဆောင်သွားတယ်လို့ ဆိုပါတယ်။

သူတို့အဖွဲ့ဟာ အခုနှစ် စက်တင်ဘာ ၂၈ ရက်ကတည်းက ရွက်လွှင့်ခဲ့ကြတာဖြစ်ကာ ပြင်းထန်တဲ့ မုန်တိုင်းနဲ့ ရင်ဆိုင်ခဲ့ကြရပြီးနောက် တခြား ၂ ယောက်က လှေတစင်းနဲ့ ထွက်ပြေးကာ သူ့ကို ချန်ထားခဲ့တာဖြစ်တယ်လို့ ဦးရှမားမားက ထွက်ဆိုထားပါတယ်။

လတ်တလောမှာတော့ အိန္ဒိယ ကမ်းခြေစောင့်တပ်က သူ့ကို အမှုဖွင့်ထားပြီး ဥပဒေအရ လိုအပ်တဲ့ စုံစမ်းစစ်ဆေးရေး လုပ်ငန်းစဉ်တွေကို ဆက်လက်ဆောင်ရွက်နေပါတယ်။

ဒါ့အပြင် အခုလဆန်းပိုင်းတုန်းကလည်း ဝါးဖောင်တစင်းနဲ့ ပင်လယ်ထဲ သီတင်း ၃ ပတ်နီးပါး မျောပါ အစာရေစာပြတ်နေတဲ့  မြန်မာငါးဖမ်းသမား ၄ ယောက်ကို  အိန္ဒိယကမ်းခြေစောင့်တပ်က ကယ်တင်ခဲ့ပါသေးတယ်။

အဆိုပါ ငါးဖမ်းသမားတွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်မှာ မြန်မာနိုင်ငံ ဘိုကလေးမြို့ကနေ ဝါးဖောင်နဲ့ ထွက်ခွာလာခဲ့ကြတာဖြစ်ကာ ဆိုးဝါးပြင်းထန်တဲ့ ရာသီဥတုအခြေအနေ အပါအဝင် ကျောက်ဆူး ကျိုးသွားခဲ့တာကြောင့် ရေမိုင် ၁၀၀၀ ကျော် အကွာက အိန္ဒိယရေပိုင်နက်ထဲကို မျောပါခဲ့တာ ဖြစ်ပါတယ်။

Source: The Hindu

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013