DVB Logo
Home
နိုင်ငံတကာ
ဒေါ်လာ သန်း ၁,၂၀၀ ကျော်ရှိ Mega Millions ထီဆုကြီးပေါက်သူ ထွက်ပေါ်
DVB
·
December 30, 2024
ဒေါ်လာ သန်း ၁,၂၀၀ ကျော်ရှိ Mega Millions ထီဆုကြီးပေါက်သူ ထွက်ပေါ်
Donate to DVB

သုံးလကျော်လောက် ပေါက်သူမရှိလို့ ဆုကြေးတွေ ထပ်ပေါင်းရင်း ဒေါ်လာ ၁ ဒသမ ၂၂ ဘီလီယံအထိ ရှိလာခဲ့တဲ့ Mega Millions ထီဆုကြီးကို ကယ်လီဖိုးနီးယားပြည်နယ်မှာရှိတဲ့ မြို့ငယ်လေးတခုက ပေါက်သွားတယ်လို့ သိရပါတယ်။

ဆခရာမန်တိုမြို့ မြောက်ဘက် ၁၄၅ မိုင်အကွာက လူဦးရေ ၆,၀၀၀ လောက်ပဲရှိတဲ့  ကော်တွန်ဝုဒ်လို့ ခေါ်တဲ့ မြို့ငယ်လေးက Circle K စတိုးဆိုင်တခုမှာ ပေါက်မဲလက်မှတ်ကို ရောင်းချခဲ့ရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က ထီဖွင့်ချိန်မှာ ဆုကြီးပေါက်ဂဏန်းက Mega ဂဏန်း အပါအဝင် ပေါက်မဲနံပါတ်က ၃၊ ၇၊ ၃၇၊ ၄၉၊ ၅၅၊ ၆ ဖြစ်ပါတယ်။

ဒီဆုပိုင်ရှင်ကို တနင်္ဂနွေနေ့အထိ မသိရသေးဘဲ အဲဒီလက်မှတ်ရောင်းခဲ့တဲ့ စတိုးကိုပဲ မီဒီယာတွေက အင်တာဗျူးနေကြတာ ဖြစ်ပါတယ်။

စတိုးဆိုင်ရှင်ရဲ့ သားဖြစ်သူ အီရှာဂီးလ်ကတော့ မြို့ငယ်လေးမှာ ထီဆုကြီးပေါက်တာ ကောင်းချီးမင်္ဂလာပဲလို့ ပြောပါတယ်။ ဆုမဲပေါက်သွားသူနာမည်ကို ဒီဇင်ဘာ ၂၉ ရက်အထိ မသိရသေးပါဘူး။

ရောင်းသူကိုယ်တိုင်က လက်မှတ်ကို ဘယ်သူဝယ်သွားသလဲဆိုတာ မသိဘူးလို့ပဲ ပြောထားပါတယ်။

ဆုမဲပေါက်တဲ့ ဒေါ်လာ သန်း ၁,၂၀၀ ကျော်ကို အပြည့်အဝလိုချင်ရင် ၂၉ နှစ်ကျော် နှစ်စဉ်ယူရမှာ ဖြစ်ပါတယ်။ လက်ငင်းယူရင်တော့ ၅၄၉ ဒသမ ၇ သန်းပဲ ရမှာဖြစ်ပါတယ်။

ဆုကြီးပေါက်သူ အားလုံးနီးပါကတော့ အရစ်ကျယူလေ့မရှိဘဲ တလုံးတည်းသာ ထုတ်ယူလေ့ရှိပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013