
ကုန်း ရေ နှစ်သွယ် တိုက်စစ်ဆင်လို့ရတဲ့ မျိုးဆက်သစ်သင်္ဘောကို တရုတ်နိုင်ငံက ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ရေချခဲ့ပါတယ်။
ပင်လယ်အတွင်း ဝေးကွာတဲ့နေရာတွေကို သွားနိုင်ဖို့ တရုတ်နိုင်ငံက ရေတပ်ကို အင်အား ဖြည့်တင်းတာဖြစ်တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
ဆီချွမ် အမည်ရ ဒီသင်္ဘောဟာ တရုတ်ရေတပ်အတွက် ပြောင်းလဲခြင်းနဲ့ ဖွံ့ဖြိုးမှုတခု ဖြစ်တယ်လို့လည်း တရုတ်နိုင်ငံပိုင်မီဒီယာ CCTV က သတင်း ထုတ်ပြန်ပါတယ်။
ဒီသင်္ဘောကို တာဝေးစစ်ဆင်ရေးအတွက် အသုံးပြုဖို့ ဒီဇိုင်းထုတ်ထားပြီး လေယာဉ်၊ ဟယ်လီကော်ပတာ၊ ကုန်း ရေ နှစ်သွယ်ယာဉ်တွေနဲ့ အခြားပစ္စည်းတွေလည်း တင်ဆောင်နိုင်တယ်လို့ ဆိုပါတယ်။
ဒီသင်္ဘောကို တရုတ်သုတေသီတွေက ဖန်တီးခဲ့တာဖြစ်ပြီး ဆီချွမ်ဟာ အဆင့်မြင့်တဲ့နည်းပညာတွေ တပ်ဆင်ထားပါတယ်။
အဲဒီနည်းပညာတွေထဲမှာ ဂျက်လေယာဉ်တွေကို သင်္ဘောကုန်းပတ်ပေါ် ဆင်းနိုင်တဲ့ နည်းပညာသစ်လည်း ပါဝင်ပါတယ်။
တန်ချိန် ၄၀,၀၀၀ အထိတင်နိုင်တဲ့ ဒီသင်္ဘောဟာ လေယာဉ်တွေကို လျှပ်စစ်သံလိုက်နဲ့ တွန်းတင်ပေးနိုင်တဲ့ စနစ်တွေလည်း ထည့်သွင်းထားပါတယ်။
တရုတ်နိုင်ငံဟာ ရေတပ်အင်အားကို အဆင့်မြှင့်တင်ဖို့ ၁၀ စုနှစ်ကျော် ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံအနီးတဝိုက်သာမက ကမ္ဘာလုံးဆိုင်ရာ သွားလာစွမ်းဆောင်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့လည်း ရိုက်တာမှာ ဖော်ပြထားပါတယ်။
Source: Reuters