DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားများအပေါ် မမျှမတအုပ်ချုပ်သဖြင့် ပဋိပက္ခများဖြစ်ဟု ဗိုလ်မှူးချုပ် စောချစ်သူ ပြော
DVB
·
December 28, 2024
တိုင်းရင်းသားများအပေါ် မမျှမတအုပ်ချုပ်သဖြင့် ပဋိပက္ခများဖြစ်ဟု ဗိုလ်မှူးချုပ် စောချစ်သူ ပြော
Donate to DVB

မြန်မာအစိုးရက တိုင်းရင်းသားလူမျိုးတွေအပေါ် မမျှတတဲ့ အုပ်ချုပ်မှုကြောင့် ပြည်တွင်း ပဋိပက္ခတွေ ဖြစ်ပေါ်လာရတယ်လို့ နယ်ခြားစောင့်တပ်-BGF/ ကရင်အမျိုးသားတပ်မတော်-KNA ခေါင်းဆောင် ဗိုလ်မှူးချုပ်စောချစ်သူက ပြောပါတယ်။

ဒီဇင်ဘာ ၂၇ ရက်က ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကြာအင်းကျေးရွာမှာ ၁၄ ကြိမ်မြောက်ကျင်းပတဲ့ ကရင်အမျိုးသားတပ်မတော်-KNA ရဲ့ စစ်သင်တန်းဆင်းပွဲ အခမ်းအနားမှာ ပြောဆိုခဲ့တာပါ။

ဗိုလ်မှူးချုပ်စောချစ်သူက “အခုအခင်းအကျင်းကို ပြောရမယ်ဆိုရင် ခင်ဗျားတို့ ကျနော်တို့တွေ အားလုံး ဘာအပြစ်မှ မရှိဘူး။ ဗမာအချင်းချင်း အထက်က အကြီးအကဲအချင်းချင်း ဖြစ်ပေါ်နေတဲ့ ပြဿနာက ကျနော်တို့ တိုင်းရင်းသားတွေအားလုံးပါ ဒုက္ခရောက်တယ်။ ကျနော်တို့ တိုင်းရင်းသားတွေမှာ အပြစ်မရှိဘူး။ နိုင်ငံအုပ်ချုပ်တဲ့ မင်း၊ ပုဂ္ဂိုလ်ကြီးတွေဟာ တိုင်းရင်းသားအားလုံးကို မျှမျှတတ ဝက်သားစားတဲ့သူကို ဝက်သား ကျွေးပါ၊ ဆိတ်သား စားတဲ့သူကို ဆိတ်သား ကျွေးပါ။ သက်သတ်လွတ်စားတဲ့သူကို သက်သတ်လွတ်ကျွေးမယ်ဆိုရင် ဘယ်ရန်ငြိုးရန်စမှ ဖြစ်လာစရာ အကြောင်းမရှိဘူး” လို့ ပြောပါတယ်။

မြန်မာပြည်တွင်းက တိုင်းရင်းသားတွေအနေနဲ့ ပြည်ထောင်စုအောက်က ခွဲမထွက်ဘဲ ဆက်လက်ရှိနေပြီး မိမိကံကြမ္မာ မိမိဖန်တီးနိုင်ရေး၊ မိမိတို့ ပြည်နယ်ဖွံ့ဖြိုးရေး၊ မိမိတို့ လူမျိုးကို ကာကွယ်စောင့်ရှောက်နိုင်ရေး လိုအပ်တဲ့ အခွင့်အရေးအတွက် လက်နက်စွဲကိုင်တော်လှန်ရမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

စစ်သင်တန်း ၃ လတာကာလအတွင်း အခြေခံစစ်သင်တန်းအပြင် လက်နက်ကြီးသင်တန်းကို ထည့်သွင်းပို့ချခဲ့ပြီး တပ်ဖွဲ့ဝင် ၁၅၀၀ ကို သင်တန်းဆင်းပေးခဲ့ရာမှာ အမျိုးသမီးစစ်သည် ၁၀၀ လောက် ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

သင်တန်းဆင်းပွဲကို နယ်ခြားစောင့်တပ်-BGF/ကရင်အမျိုးသားတပ်မတော်-KNA ခေါင်းဆောင် ဗိုလ်မှူးစောတင်ဝင်း၊ စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေနဲ့ ဘာသာရေးခေါင်းဆောင်တချို့ တက်ရောက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လက ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့ဝင်အားလုံး စစ်ကောင်စီဆီက လစာမယူတော့ဘဲ ကရင်အမျိုးသားတပ်မတော် (Karen National Army-KNA)အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013