DVB Logo
Home
သတင်းတို
အောက်​တိုဘာလကုန်​ သို့မဟုတ် ​နိုဝင်​ဘာလဆန်း ရွေးကောက်ပွဲလုပ်မည်
DVB
·
October 20, 2014
အောက်​တိုဘာလကုန်​ သို့မဟုတ် ​နိုဝင်​ဘာလဆန်း ရွေးကောက်ပွဲလုပ်မည်
1 / 3
Donate to DVB

ရွေး​ကောက်​ပွဲကို ၂၀၁၅ ​အောက်​တိုဘာလကုန်​ သို့မဟုတ် ​နိုဝင်​ဘာလဆန်းမှာ ကျင်းပမယ်​လို့ ​ရွေး​ကောက်​ပွဲ​ကော်​မရှင်​ဥက္ကဋ္ဌ ဦးတင်​​အေးက​ ပြောကြားလိုက်ပါတယ်။

[caption id="attachment_56624" align="alignleft" width="300"]ဦးတင်အေး ဦးတင်အေး[/caption]

အောက်​တိုဘာ ၂၀ ရက်​​နေ့ ​ရွေး​ကောက်​ပွဲ​ကော်​မရှင်​နဲ့ အရပ်​ဘက်​အဖွဲ့အစည်း​​တွေ တွေ့ ဆုံပွဲမှာ ​ပြောကြား လိုက်တာပါ။

ဒီနေ့မနက်က လွှတ်တော်ကို တက်ရောက်လာတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်က “ဒီမိုကရေစီလမ်းကြောင်းကို မှန်မှန်သွားနေတယ်ဆိုရင် ၂၀၁၅ ရွေးကောက်ပွဲဟာ တရားမျှတရုံနဲ့ လွတ်လပ်ရုံတင်မက အချိန်မီ လုပ်ရမယ်။ သူ့အချိန်မှာ သတ်မှတ်ထားတဲ့ အချိန်အတိုင်း လုပ်ရမယ်။ ဘာကြောင့်လဲဆိုတော့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ ပထမရွေးကောက်ပွဲထက် အမြဲပဲ ဒုတိယရွေးကောက်ပွဲဟာ ပိုပြီး အရေးကြီးတယ်” လို့ သတင်းထောက်တွေကို ပြောဆိုသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြင်ဦးလွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေနဲ့လည်း ဒီနေ့ တွေ့ဆုံခဲ့ပါတယ်။

ဓာတ်ပုံ - ကျော်ဇေယျာဝင်း

[gallery ids="68388,68389"]

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013