DVB Logo
Home
မြန်မာသတင်း
သက္ကယ်ကျွန်းကျေးရွာ ဆေးပေးခန်း တည်ဆောက်မှု ငွေမသမာမှုများရှိ
DVB
·
October 20, 2014
သက္ကယ်ကျွန်းကျေးရွာ ဆေးပေးခန်း တည်ဆောက်မှု ငွေမသမာမှုများရှိ
1 / 2
Donate to DVB

ဧရာဝတီတိုင်း ဇလွန်မြို့နယ် သက္ကယ်ကျွန်းကျေးရွာဆေးပေးခန်း တည်ဆောက်ရေးမှာ ကျေးရွာအုပ်ချုပ်သူတွေ ငွေမသမာမှုတွေ ရှိနေတယ်လို့ ကျေးရွာကျန်းမာရေးဌာနဘက်က ပြောပါတယ်။

tetkel village1 copyဇလွန်မြို့နယ် ကျေးလက် ကျန်းမာရေးဌာန ၇ ခုမှာ အသုံးပြုဖို့အတွက် ပြီးခဲ့တဲ့ မေလကစပြီး ကျန်းမာရေးဝန်ကြီးဌာနက တဆင့် မြို့နယ်ဆရာဝန်ကြီး က ငွေကြေးချပေးခဲ့ရာ သက္ကယ်ကျွန်းကျေးရွာ က ငွေကျပ် ၁၃၇ သိန်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီငွေကြေးနဲ့ အဲ့ဒီရွာ ငွေကိုင်ဆေးခန်းကော်မတီက အရင်ရှိပြီးသား ကိုယ်ထူကိုယ်ထဆေးပေးခန်းမှာ လိုအပ်တာတွေကို ဇူလိုင်လကတည်းက အပြီးလုပ်ဆောင်ခဲ့ပေမယ့် ငွေရှင်းတမ်း ပြုလုပ်ချိန်မှာတော့ သိန်း ၃၀ သာ စာရင်းပြသနိုင်ပြီး ကျန်တဲ့ သိန်း ၁၀၀ ကျော်ကို စာရင်းမပြနိုင်သေးဘူးလို့ ကျန်းမာရေးဌာန အပြာဝတ်ဆရာမတဦးက ပြောပါတယ်။

tetkel village copyသက္ကယ်ကျွန်းကျေးရွာမှာ ရှိတဲ့ ဆေးပေးခန်း အဆောက်အအုံကတော့ ရွာဘုန်းကြီးကျောင်းက တည်ဆောက် ပေး ထားတာပါ။

ကျေးရွာဆေးခန်းကော် မတီ ၆ ယောက် ကို ကျေးရွာ အုပ်ချုပ် သူတွေနဲ့ ဖွဲ့ထားပြီး ၄ ယောက်က ငွေကြေးကို စီမံနေတာပါ။

ကျေးရွာကျန်းမာရေးတာဝန်ရှိသူဘက်ကတော့ လုပ်ငန်းသဘောအရ ငွေကိုင်ခွင့် မရှိပေမယ့် အရည်အသွေးကောင်းတဲ့ ဆေးပေး ခန်းဖြစ်ဖို့မှာတော့ ကျေးလက်ဒေသအထောက် အကူပြုအဖွဲ့ ထဲမှာပါဝင်တယ်လို့ ကျန်းမာရေးဌာနက ပြောပါတယ်။

ငွေကြေးစာရင်း မပြနိုင်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကျမ်းမာရေးဌာနအပြင် ကျေးရွာခံတွေကလည်း ပြောဆိုတာရှိပါတယ်။

ငွေကိုင်ဆေးခန်းကော်မတီ တာဝန်ရှိသူကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့်  မရပါဘူး။

ငွေရရှိတဲ့ အခြားကျေးရွာတွေ ဖြစ်တဲ့ ဇလွန်မြို့နယ် ထဲက ကျေးလက်ကျန်းမာရေးဌာန တွေကတော့ မေရီလန်း၊ ဒေါင့်ကြီး၊ ရေလဲ၊ ပျဉ်းမကုန်း၊ ကော့ကပ်နဲ့ သာဓုချောင်းကျေးရွာတွေ ဖြစ်ကြပါတယ်။

သာဓုချောင်းကျေးရွာမှာတော့ ရေများနေတဲ့အတွက် လုပ်ငန်းရပ်ထားသေးပါတယ်လို့ သိရပါတယ်။

သက္ကယ်ကျွန်းကျေးရွာဆေးပေးခန်းတခုသာ ငွေမရှင်းနိုင်သေးဘဲ ကျန်တဲ့ ကျေးရွာတိုင်းက ဆေးပေးခန်းတွေကတော့ ငွေရှင်းတမ်းပြနိုင်တဲ့အပြင် ကျပ်သိန်း၂၀ စီ ပိုတဲ့အတွက် ဆေးခန်းမှာ ဆေးဝါးဖြည့်တင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013