DVB Logo
Home
အားကစား
လီဗာပူးအသင်း ရလဒ်ကောင်းမွန်သည့်အကြောင်း နောက်ခံလူဗန်ဒိုက် ရှင်းပြ
DVB
·
December 25, 2024
လီဗာပူးအသင်း ရလဒ်ကောင်းမွန်သည့်အကြောင်း နောက်ခံလူဗန်ဒိုက် ရှင်းပြ
Donate to DVB

လီဗာပူးအသင်း ရလဒ်ကောင်းမွန်နေတဲ့ အကြောင်းအရင်းကို နောက်ခံလူ ဗန်ဒိုက်က ရှင်းပြ ပြောဆိုသွားပါတယ်။

လီဗာပူးအသင်းဟာ နည်းပြ ယာဂန်ကလော့အလွန်မှာ အခက်တွေ့ရလိမ့်မယ်လို့ ခန့်မှန်း သုံးသပ်ခဲ့ကြပေမဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၁၇ အပြီးမှာ ပြိုင်ဘက်တွေကို အမှတ်ဖြတ်ပြီး ဦးဆောင်နေတာပါ။

နည်းပြအပြောင်းအလဲမှာ ရလဒ်ကောင်းမွန်နေတာက ကစားသမားတွေရဲ့ အတွေ့အကြုံနဲ့ အရည်အချင်းတွေကြောင့်ဖြစ်ပြီး နည်းပြအပြောင်းအလဲရှိခဲ့ပေမဲ့ ကစားသမားတွေရဲ့ အရည်အချင်းအပေါ် အပြည့်အဝယုံကြည်ကြောင်း ဗန်ဒိုက်က ပြောသွားပါတယ်။

ခရစ္စမတ်ကာလမှာ အမှတ်ပေးဇယားကို ဦးဆောင်နိုင်တာက ကျေနပ်စရာကောင်းပြီး မေလအထိ ဆက်လက်ဦးဆောင်နိုင်ဖို့ ကြိုးစားသွားမှာဖြစ်ကြောင်း နောက်ခံလူ ဗန်ဒိုက်က ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013