DVB Logo
Home
မြန်မာသတင်း
ဆားလင်းကြီး လယ်ယာမြေအရေး တောင်သူများနှင့် တာဝန်ရှိသူများ ဆွေးနွေး
DVB
·
October 20, 2014
ဆားလင်းကြီး လယ်ယာမြေအရေး တောင်သူများနှင့် တာဝန်ရှိသူများ ဆွေးနွေး
1 / 3
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်အတွင်း ကြေးနီစီမံကိန်းကြောင့်  ကျေးရွာပေါင်း (၁၁) ရွာက လယ်ယာမြေတွေ ထိခိုက်ပျက်စီး ဆုံးရှုံးမှုတွေအတွက် တောင်သူတွေနဲ့ တာဝန်ရှိသူတွေ တတိယအကြိမ်မြောက် ဆွေးနွေးခဲ့ကြပါတယ်။

_MG_0017 - Copyရွှေပန်းခိုင်၊ ဂုဏ်တော၊ ဒုန်းတော၊ ကံကုန်း၊ ရေကြည်ပင်၊ တယ်ပင်ကန်၊ဖေါင်းကား၊ ၀ါးတန်း၊ သဲကောကြီး၊ မြရိပ်၊ ဆည်ထန်းတောကြီး ကျေးရွာများမှာစပယ်တောင်၊ ကြေးစင်တောင် စတဲ့ကျေးရွာတွေမှာ ကြေးနီစီမံကိန်းကြောင့် လယ်ယာမြေတွေ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ကြပါတယ်။

_MG_0011 - Copyအောက်တိုဘာ ၁၈ ရက်နေ့က တတိယအကြိမ်မြောက် ဒေသခံတောင်သူတွေနဲ့ Myanmar Yan Tse ကြေးနီစီမံကိန်းကုမ္ပဏီအပါအ၀င် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ သတ္တုတွင်းဝန်ကြီးဌာန၊ နယ်စပ်ဒေသလုံခြုံရေး၊ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့တွေနဲ့ ဆွေးနွေးညှိနှိုင်း ဆောင်ရွက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

“အလုပ် လက်မဲ့ဖြစ်နေပါတယ်၊ မြေတွေ ဆုံးရှုံးမှု၊ အနှစ် ၃၀ ကျော်လောက်ကတည်းက ကျမတို့မှာ လုပ်ကိုင်စားသောက်စရာမရှိပါဘူး။ မြေလျော်ကြေးကို ရရှိချင်တဲ့အတွက် ဒီနေရာကို လာရခြင်းပါ၊ ကျမတို့ကတော့ ထိုက်တန်တဲ့မြေအလိုက်ပဲ လိုချင်ပါတယ်။ ၁ ဧကကို သိန်း ၃၀ လောက် လိုချင်ပါတယ်” လို့ ဒုန်းတောကျေးရွာသူံ မနှင်းရီက ဒီဗွီဘီကို ပြောပါတယ်။

_MG_0004ဒေသတွင်း တောင်သူဦးရေ ၉၆၉ ဦးရှိကာ ယင်းမာပင်မြို့နယ် မြေစာရင်းပေါက်၊ ၈၉၄ ဧကနဲ့ ဆားလင်းကြီးမြို့နယ်မြေစာရင်းပေါက် ၅၄၁၁. ၀၄ ဧကရှိပါတယ်။

စုစုပေါင်း လယ်မြေ ဧကပေါင်း ၆၃၀၅.၀၄ ဧက ရှိတဲ့အနက် မြေယာပိုင်ဆိုင်တဲ့သူတွေထဲက ၂၁၇ ဧကကို သီးနှံလျော်ကြေးအဖြစ် ၁၉၉၁၊ ၉၂ မှာ ပြန်လည် ပေးအပ်ခဲ့ပြီး၊ ကျန်တဲ့ ၇၉၁ ဧကအတွက် ၂၀၁၃ ခုနှစ်က ၁ ဧကကို ၁၀ သိန်းကျပ်နှုန်းနဲ့ လျော်ကြေးပေးဆောင်ခဲ့ပါတယ်။

တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုဟာ ပြေလည်မှု မရသေးလို့ နိုဝင်ဘာ ၁၁ ရက်နေ့ ထပ်မံ ချိန်းဆိုထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013