DVB Logo
Home
နိုင်ငံတကာ
အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန် ဆေးရုံတင်ထားရ
DVB
·
December 24, 2024
အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန် ဆေးရုံတင်ထားရ
Donate to DVB

အသက် ၇၈ နှစ်ရှိပြီဖြစ်တဲ့ အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်ဟာ ဖျားနာနေတဲ့အတွက် ဒီဇင်ဘာ ၂၃ ရက် ညနေပိုင်းက ဆေးရုံတင်လိုက်ရတယ်လို့ သူ့ရဲ့ ဒုတိယရုံးအဖွဲ့မှူးက ပြောပါတယ်။

သမ္မတဟောင်းကို ဝါရှင်တန်ဒီစီမှာရှိတဲ့ ဂျော့ချ်တောင်း တက္ကသိုလ်ဆေးရုံမှာ စမ်းသပ်ကုသမှု ခံယူနေတာဖြစ်တယ်လို့ ဆိုပေမဲ့ စိုးရိမ်ရတဲ့ အခြေအနေမှာ မရှိဘူးလို့လည်း သိရပါတယ်။

၄၂ ဆက်မြောက် သမ္မတဟောင်းဟာ လွန်ခဲ့တဲ့ ၂၅ နှစ်ကျော် အိမ်ဖြူတော်က အနားယူပြီးကတည်းက ကျန်းမာရေးပြဿနာမျိုးစုံ ကြုံခဲ့ရတာပါ။

၂၀၀၄ တုန်းက နယူးယောက်မှာ လမ်းကြောင်းလွှဲ နှလုံးခွဲစိတ်ကုသမှု လုပ်ခဲ့ရပြီး နောက်တနှစ်မှာ အဆုတ်ပြဿနာ ကြုံခဲ့ရပါတယ်။

၂၀၁၀ မှာ နောက်ထပ် နှလုံးကုသမှု ထပ်လုပ်ခဲ့ရပြီး နှလုံးသွေးကြောကျဉ်းတဲ့အတွက် ပြွန်ပိုက်နှစ်ခု ထည့်ခဲ့ရပါတယ်။ ၂၀၂၁ မှာတော့ ဆီးလမ်းကြောင်းပိုးဝင်လို့ ဆေးရုံ ၆ ရက် တက်ခဲ့ရပါတယ်။

၁၉၉၃ ခုနှစ်ကနေ ၂၀၀၁ ခုနှစ်အထိ သမ္မတတာဝန်ယူခဲ့တဲ့ ကလင်တန်ဟာ ဒီနှစ် ဩဂုတ်လတုန်းက ဒီမိုကရက်တစ် နေရှင်နယ်ကွန်ဗင်းရှင်းမှာ မိန့်ခွန်းပြောခဲ့သလို ဒီမိုကရက်သမ္မတလောင်း ကမ္မလာဟားရစ်အတွက် မဲဆွယ်ပေးခဲ့ပါသေးတယ်။

အဲဒီနောက်ပိုင်းမှာလည်း သူ့ရဲ့ အိမ်ဖြူတော်ခေတ်လွန် သာမန်နိုင်ငံသားဘဝအကြောင်း ရေးသားထားတဲ့ “Citizen: My Life After the White House” စာအုပ် မိတ်ဆက်တဲ့ ခရီးတွေ အများကြီးသွားခဲ့တာ ဖြစ်ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013