DVB Logo
Home
မြန်မာသတင်း
မြန်မာဒုက္ခသည်များအတွက် ဝါးအိမ်ဆောက်ပေးသည့် ကုမ္ပဏီ Nikkei Asia Award ဆုရ
DVB
·
December 23, 2024
မြန်မာဒုက္ခသည်များအတွက် ဝါးအိမ်ဆောက်ပေးသည့် ကုမ္ပဏီ Nikkei Asia Award ဆုရ
Donate to DVB

မြန်မာနိုင်ငံက စစ်ဘေးဒုက္ခသည်တွေအတွက် ဝါးအိမ်လေးတွေ ဆောက်လုပ်ပြီး  ယာယီခိုလှုံရာနေရာ ကူညီထောက်ပံ့ပေးနေတဲ့  Housing NOW  အိမ်ရာဆောက်လုပ်ရေး စွန့်ဦးကုမ္ပဏီက  ၂၀၂၄ ခုနှစ်အတွက် Nikkei Asia Award ဆု ရရှိသွားပါတယ်။ 

ဂျပန်မီဒီယာကုမ္ပဏီ Nikkei In က ၂၀၂၄ ခုအတွက် ပေးအပ်တဲ့ ၄ ကြိမ်မြောက် Nikkei Asia Award ရဲ့ Grand Prize ဆုကို မြန်မာနိုင်ငံအခြေစိုက် ဝါးအထူးပြု အိမ်ရာဆောက်လုပ်ရေး စွန့်ဦးကုမ္ပဏီတခုဖြစ်တဲ့ Housing NOW က ဆွတ်ခူးရရှိသွားခဲ့တယ်လို့ ဆုရွေးချယ်အဖွဲ့က ထုတ်ပြန်ပါတယ်။

ဆုရှင် Housing NOW ကုမ္ပဏီဟာ သဘာဝနဲ့ သဟဇာတဖြစ်တဲ့ ဝါးတွေကို အသုံးပြုပြီး စစ်ဘေးဒုက္ခသည်တွေအတွက် ယာယီခိုလှုံရာနေရာတွေနဲ့ ဆေးခန်းတွေကို မိုဘိုင်းဖုန်းတလုံးစာသာရှိတဲ့ ဈေးနှုန်းနဲ့ ထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။

ဝါးအိမ်တလုံးစာအတွက် ဒေါ်လာ ၁,၀၀၀ သာ ကျသင့်မှာ ဖြစ်ပြီး ဈေးနှုန်းသက်သာစွာနဲ့ တာရှည်ခံအောင် အချိန်တိုအတွင်း ဆောက်လုပ်ပေးနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဆောက်လုပ်ရေးလုပ်ငန်းစဉ်မှာလည်း စစ်ဘေးရှောင်ပြည်သူတွေနဲ့ ဒေသခံတွေကို ယာယီအလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်းတီးပေးနေသလို  လက်မှုအတတ်ပညာတွေ မျှဝေပေးခြင်းအားဖြင့်လည်း ဒေသခံလူမှုအဖွဲ့အစည်းတွေရဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ ပါဝင်အားဖြည့် ကူညီပေးနေတယ်လို့ ဆိုပါတယ်။

Housing NOW အိမ်ရာဆောက်လုပ်ရေး ကုမ္ပဏီကိုတော့ ၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအကျပ်အတည်းကို တုံ့ပြန်နိုင်ဖို့ ရည်ရွယ်ပြီး ပြင်သစ်ဗိသုကာပညာရှင် ရာဖေးလ်အက်စကိုလီနဲ့ မြန်မာဝါးလက်မှုပညာရှင် ကိုချိုဇင်လတ်တို့က ပူးတွဲတည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

ကုမ္ပဏီပူးတွဲတည်ထောင်သူ အက်စကိုလီက “တိုင်းပြည် ပြန်လည်တည်ဆောက်ရေးမှာ ကျနော်တို့အနေနဲ့ ကျရာနေရာကနေ ပါဝင် ဆောင်ရွက်သွားချင်ပါတယ်။ နိုင်ငံတကာအနေနဲ့လည်း ပူးပေါင်းပါဝင် ဆောင်ရွက်ပေးဖို့ ဆက်ပြီး တောင်းဆိုပါတယ်” လို့ ပြောပါတယ်။

Housing NOW ကုမ္ပဏီရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေဟာ နိုင်ငံတကာရဲ့ ချီးကျူးဂုဏ်ပြုမှုကို ခံခဲ့ရပြီး ၂၀၂၂ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စု၊ မက်ဆာချူးဆက်နည်းပညာအင်စတီကျုက ပေးအပ်တဲ့ “MIT Solve” initiative ဆုအတွက် ရွေးချယ်ခြင်း ခံခဲ့ရသလို ၂၀၂၃ ခုနှစ်မှာလည်း အက်စကိုလီဟာ ရာသီဥတုပြောင်းလဲမှုအညီ ကမ္ဘာကြီးကို ပုံဖော်နေတဲ့ လူငယ်စွန့်ဦးဖန်တီးရှင်တွေထဲက တဦးအနေနဲ့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) ရဲ့ ဂုဏ်ပြုခြင်းကို ခံခဲ့ရပါတယ်။

Nikkei Asia Award ဆုကိုတော့ ၂၀၂၁ ခုနှစ်က စတင်ပေးအပ်ခဲ့တာဖြစ်ပြီး မတူကွဲပြားတဲ့ စံတန်ဖိုးတွေကို အခြေခံကာ အာရှဒေသရဲ့ လူမှုဘဝတွေကို မြှင့်တင်နိုင်ဖို့နဲ့ လွတ်လပ် စည်ပင်သာယာဝပြောတဲ့ လူ့အဖွဲ့အစည်းကို ဖန်တီးရာမှာ အထောက်အကူပြုနိုင်တဲ့ တီထွင်ဆန်းသစ်တဲ့ ဆောင်ရွက်ချက်တွေကို ဂုဏ်ပြုနိုင်ဖို့ ရည်ရွယ်ပေးအပ်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013