DVB Logo
Home
မြန်မာသတင်း
လွိုင်ကော်တွင် ပြန်လာနေသူများကို စစ်မှုထမ်းခိုင်းရန် စစ်ကောင်စီ ဖမ်းဆီး
DVB
·
December 22, 2024
လွိုင်ကော်တွင် ပြန်လာနေသူများကို စစ်မှုထမ်းခိုင်းရန် စစ်ကောင်စီ ဖမ်းဆီး
Donate to DVB

ကရင်နီပြည်၊ လွိုင်ကော်မြို့ထဲမှာ ပြန်လာနေတဲ့ အမျိုးသားတွေကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်နေသလို ဒီဇင်ဘာလ ဒုတိယအပတ်ကစပြီး အသက်ကြီးတဲ့သူတွေကိုပါ နေအိမ်ထဲထိ တက်ခေါ်တာတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒေသခံတယောက်က “မင်းစုရပ်ကွက်မှာ အုပ်ကြီးစိုးညွန်နဲ့အတူ စခ (စစ်ကောင်စီတပ်)တွေ ရပ်ကွက်ထဲ ကားနဲ့ပတ်ပြီး တအိမ်တယောက် စစ်မှုထမ်းဖို့ ခေါ်နေတယ်။ အိမ်ပေါ်ထိတက်ခေါ်နေတာ။ ကျန်တဲ့ရပ်ကွက်အခြေနေကတော့ သေချာမသိဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီဟာ ရှမ်းပြည်နယ်တောင်ပိုင်းက မြို့နယ်တွေမှာ စစ်ရှောင်နေကြတဲ့ လွိုင်ကော်မြို့က ဒေသခံတွေကို နေရပ်ပြန်နေဖို့ အတင်းအကျပ် ဖိအားပေးတာတွေရှိနေပြီး တဖက်မှာလည်း စစ်မှုထမ်းဖို့အတွက် နေအိမ်ပေါ်ထိ ဖမ်းဆီးခေါ်ဆောင်တာတွေ ပြုလုပ်နေတာလို့ သိရပါတယ်။

ဒေသခံနောက်တယောက်က “ဧက ၅၀၀ ရပ်ကွက်မှာလည်း (ရပ်ကွက်အုပ်ချုပ်ရေးမှူး) ဦးမြင့်အောင်နဲ့ သူ့ညီတို့က စစ်မှုထမ်းဖို့ အသက်ကြီးတဲ့သူတွေပါ အကုန်လိုက်ခေါ်နေတာ။ တချို့လည်း အရင်အပတ်က စစ်သင်တန်းဆင်းလာကြပြီ။ အသက်တွေက ဖင်ဆောင့်နေပြီ။ ဘာတွေ လုပ်နိုင်တော့မှာမို့လို့လဲ။ မိသားစုအတွက် သေပေးရုံကလွဲလို့ သူတို့မှာလည်း ရွေးချယ်စရာ မရှိဘူး” လို့ ပြောပါတယ်။

နေရပ်ပြန်နေကြတဲ့ မိုင်းလုံးရပ်ကွက်နဲ့ ဒေါဥခူက ပြည်သူတချို့ မြေမြှုပ်မိုင်းတွေကြောင့် အသက်ဆုံးရှုံးရတာတွေ ရှိနေပေမယ့် စစ်ကောင်စီတပ်က လွိုင်ကော်မြို့ကို စစ်အုပ်ချုပ်ရေးယန္တရား လည်ပတ်နေသယောင်ပြနိုင်ဖို့အတွက် စစ်ရှောင်နေကြသူတွေကို ဖိအားပေးပြီး ပြန်နေခိုင်းတာပါ။

စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေကို ဧပြီလထဲမှာအသက်သွင်းခဲ့ပြီး မြန်မာနိုင်ငံအနှံ့က လူငယ်လူရွယ်တွေကို အဓမ္မစစ်မှုထမ်းဖို့ ခေါ်ဆောင်တာ အပတ်စဉ် ၈ အထိရှိနေပြီး ပေါ်တာဆွဲတာတွေကိုလည်းလုပ်နေတဲ့အပြင် အသက်ကြီးတဲ့ စစ်မှုထမ်းဟောင်းတွေကိုပါ ရှေ့တန်းမှာအသုံးချဖို့ ခေါ်ဆောင်တာတွေရှိလာပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013