DVB Logo
Home
မြန်မာသတင်း
ထိုင်းတောင်ပိုင်းတွင် ထိုင်း-မြန်မာ ချစ်ကြည်ရေး ဆိုကပြိုင်ပွဲ ပြုလုပ်
DVB
·
October 19, 2014
ထိုင်းတောင်ပိုင်းတွင် ထိုင်း-မြန်မာ ချစ်ကြည်ရေး ဆိုကပြိုင်ပွဲ ပြုလုပ်
Donate to DVB

ထိုင်း-မြန်မာ ချစ်ကြည်ရေး အဆိုအကပြိုင်ပွဲတရပ်ကို ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငခရိုင်မှာ ၃ ရက်တိုင် ကျင်းပပြုလုပ်ခဲ့ပါတယ်။

[caption id="attachment_68310" align="aligncenter" width="435"]10733718_1505279473067505_6002086681407328827_o ဓာတ်ပုံ - မင်းဦး[/caption]

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငခရိုင်၊ သကွာပါမြို့နယ်၊ ၀ပ်ရန်ရောင် ဘုန်းကြီးကျောင်းမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး မြန်မာကျောင်းသားကျောင်းသူတွေလည်း အဆိုအကပြိုင်ပွဲမှာ ၀င်ရောက်သီဆို ကပြဖျော်ဖြေခဲ့ကြတယ်လို့ ထိုင်းတောင်ပိုင်း ပညာရေးနဲ့ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက ဒေါ်အိအိချောက ပြောပါတယ်။

“အဲဒီဘုန်းကြီးကျောင်းမှာ နှစ်စဉ်နှစ်တိုင်း ကထိန်ပွဲအတွက်ဆိုပြီး ၇ ရက် တပတ် ပွဲတော်လုပ်ပေးတာပေါ့။ အဲဒီမှာ မြန်မာတွေအတွက် ပွဲစဉ်တခုပေးတယ်။ ထိုင်း-မြန်မာချစ်ကြည်ရေး ခေါင်းစဉ်တပ်ပြီး ပေးတယ်။ ပွဲတွေက နှစ်တိုင်းမတူကြဘူး။ တခါတလေလည်း မြန်မာလှယဉ်ကျေးမယ်ပြိုင်ပွဲ။ ဒီနှစ်ကျတော့ ကာရာအိုကေပြိုင်ပွဲ လုပ်တယ်။ ၃ ရက်တာ ကာလ ကာရာအိုကေပြိုင်ပွဲမှာ ပန်းကုံးတွေ ရောင်းတော့ ပိုက်ဆံတွေရတယ်။ ဘုန်းကြီးကျောင်းကို ရန်ပုံငွေအဖြစ် ပြန်လှူတယ်။ အကကျတော့ ထိုင်းနိုင်ငံ ဖန်ငခရိုင်ထဲက ထိုင်းကျောင်းနဲ့မြန်မာကျောင်းက ကလေးတွေ ပျောက်ပွဲအနေနဲ့ပဲ ပါဝင်တယ်။ တကျောင်းကို အကတဖွဲ့၊ နှစ်ဖွဲ့ပို့ပြီး ဖျော်ဖြေကြတာပေါ့။”

ထိုင်း-မြန်မာချစ်ကြည်ရေး အဆိုအကပြိုင်ပွဲကို တန်ဆောင်တိုင်ကာလမှာ နှစ်တိုင်းပြုလုပ်တာလို့ ဆိုပါတယ်။

ထိုင်းတောင်ပိုင်းမှာ ဒီလို ထိုင်း-မြန်မာ ချစ်ကြည်ရေးပွဲတွေ ကျင်းပရုံတင်မကဘဲ ထိုင်း-မြန်မာ လူထုအကျိုးပြုလုပ်ငန်းတွေ အတူတကွ လုပ်ဆောင်ကြတာလည်း ရှိတယ်လို့ ဒေါ်အိအိချောက ဆက်ပြောပါတယ်။

“ထိုင်း-မြန်မာချစ်ကြည်ရေးပွဲက ပျော်ပွဲရွှင်ပွဲသက်သက်ပဲ လုပ်တာမဟုတ်ပါဘူး။ ထိုင်းတောင်ပိုင်းမှာ သူတို့နေတဲ့ ရပ်ကွက်တွေထဲမှာလည်း ထိုင်း-မြန်မာပူးပေါင်းပြီး လူထုအကျိုးပြုလုပ်တာမျိုးတွေလည်း ရှိပါတယ်။ ကျမတို့နေတဲ့ပတ်ဝန်းကျင်မှာ ပြောရမယ်ဆိုရင် ထိုင်းနဲ့မြန်မာခွဲခြားမှု တချို့အခက်အခဲတွေတော့ ရှိပါတယ်။ ဒါပေမယ့် တဦးနဲ့တဦး အတတ်နိုင်ဆုံး နားလည်မှုတွေပေးတာမျိုး၊ သူ့ရဲ့ ယဉ်ကျေးမှုကို ကိုယ်ကလိုက်ပြီး လေးစားတာ၊ သူတို့လူနေမှုဘ၀ကို သူတို့နေထိုင်သလို ကိုယ်က လိုက်နေပေးနိုင်ရင် ပြဿ      သိပ်မရှိပါဘူး။”

ထိုင်း-မြန်မာချစ်ကြည်ရေး အဆိုအကပြိုင်ပွဲကို အောက်တိုဘာ ၁၆ ရက်ကနေ ၁၈ ရက်ထိ ကျင်းပပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013