Home
ဆောင်းပါး
ပလ္လင်ပျောက် ကြင်စိုး (သရော်စာ)
DVB
·
December 22, 2024

(က)

စကားဝိုင်းကို စိမ်းသရဖူစိမ်းဆရာတော်က ဦး‌ဆောင်နေပါ၏။ ကြင်စိုး သာ၀ မအလ၏ လုပ် ‌ဆောင်ချက်များကို အမွှမ်းတင်နေတာဖြစ်ပြီး အစိမ်းဒါယကာကျော် အဘစိမ်းမောင်နှင့် အတိုင်အဖောက် ညီနေပါတယ် ခင်ဗျ။

"တပ်ချုပ်ကြီးက ‌တော်လှန်ရေးတပ်ဖွဲ့တွေအပေါ်မှာ သိပ်စေတနာထားတာကွ"

"မှန်ပါ့ဘုရာ့၊ အခုလည်း တွေ့ဆုံညှိနှိုင်းဖို့ရာ ဖိတ်ခေါ်နေတာ"

"အေးကွာ၊ အဲဒါကို PDF တပ်‌တွေ၊ တိုင်းရင်းသားတပ်တွေက အသုံးချပြီး လာတွေ့ကြရင် ငြိမ်းချမ်းရေးရမှာပေါ့ စိမ်းမောင်ရ"

"တင်ပါ့ဘုရာ့၊ အဲဒါကို တော်လှန်ရေးတပ်တွေက ကောင်းကောင်းအသုံးချကြရမှာ"

အဘစောမူးသာနှင့် စစ်ပြန်ကြီးအဘလုံးတုံးတို့က ပြုံးစိပြုံးစိလုပ်နေကြလေရာ ဆရာတော်က

'မင်းတို့က ဘာပြုံးနေကြတာလဲ ' ဟု မေးပါ‌လေ၏။

"ဘာဖြစ်လို့ ပြုံးတာလဲဆိုတော့ ရယ်ချင်လို့ပါ "

"ဘာကို ရယ်ချင်ကြတာလဲဟ"

"အရှင်ဘုရားတို့ စစ်ရှုံးကောင်စီရဲ့ ပဲ့ကိုင်ရှင်တပ်ပြုတ်ကြီးက တော်လှန်ရေးတပ်တွေကို

' လက်နက်ချကြဖို့ ' ‌ပြောတယ် ဆိုလို့ပါ "

"အေးလကွာ၊ လက်နက်ချကြပေါ့ဟ "

" ဟားဟား ဟားဟား ဟားဟား "

"ဘာထ ရယ်ကြပြန်တာတုန်း ဟ "

" ဪ . . . ' လက်နက်ချ ' ဖို့‌ ပြောတဲ့သူက

'စစ်နိုင်နေတဲ့သူ ' ဖြစ်ရမှာ၊ ' စစ်ရှုံးနေတဲ့သူ ' က သူ့ဆီလက်နက်ချကြဖို့‌ပြောတယ်ဆိုတော့ 

မအလဟာ လုံးဝကို ' ချောင် ' သွားပြီလို့ သုံးသပ်တော်မူလို့မရဘူးလား ဘုရား "

" ဝါး . . . ဟားဟား ဟားဟား ဟားဟား "

"အဖိခံထားရလို့ အောက်မှာ ပိပြားနေတဲ့ကောင်က အပေါ်ကတက်ဖိထိုင်ထားတဲ့သူကို ' မှတ်ပြီလားကွ၊ ကြောက်ပြီလားကွ ' လို့ ငိုသံပါကြီးနဲ့ မျက်ရည်လည်ရွဲ ပြောနေတဲ့ မြင်ကွင်းလောက် ရယ်ရတာ ဘာရှိဦးမှာလဲ "

" အဲ . . . "

" အခုဆိုရင် ' ရခိုင် ' လည်း ကျပြီ၊ ကျန်တဲ့ စစ်မျက်နှာတိုင်းမှာလည်း ပြုတ်ပြုတ်ပြုန်းနေပြီ ဆိုတာ့ သိပ်မကြာခင် ဆီးရီးယားစစ်အာဏာရှင်အာဆတ်နောက်လိုက်ပြီး မအလလည်း နိုင်ငံကနေ ပျောက်ကွယ်တော့မှာ ဘုရာ့ "

" ဟမ် . . . "

'' မအလက ' သာ၀ ' ဆိုတော့ ' အာဆတ် '

ညီ ' သာဆတ် ' လို့ ခေါ်ကြရအောင်ဘုရား "

" ဝါး . . .  ဟားဟား ဟားဟား ဟားဟား "

(ခ)

အစွန်းရောက် အစိမ်းဆရာတော်နှင့် ဒကာ‌ကျော်တို့မှာ မျက်နှာကြီးတွေ စိမ်းမှောင်လာကြပြီး တုံ့ပြန်ရန် ကြံဆနေကာ မကြာခင်မှာ ဆရာတော်က မိန့်တော်မူလာပြန်ပါလေ၏။

"ဘယ်လိုပဲဖြစ်ဖြစ်ကွာ၊ ‌တော်လှန်ရေးတပ်တွေလက်နက်ချလာရင် ငြိမ်းချမ်းရေးရလာပြီး ပြည်သူ

တွေလည်း အေးအေးချမ်းချမ်းနေရမှာ‌ပေါ့ကွာ"

" လက်နက်ချဖို့တော့ ကောင်းပါတယ်ဘုရာ့ "

" အေးကွ၊ ငါပြောတာ အဲ့ဒါပေါ့ မူးသာရ ''

"တင်ပါ့၊ တကယ်တမ်းလက်နက်ချကြမယ်ဆိုရင် သိပ်‌ကောင်းမှာပေါ့ ဘုရာ့ "

" ဒါပဲလကွာ "

"အဲဒီတော့ အရှင်ဘုရားအနေနဲ့ လက်နက်ချဖို့ကိုကြားဝင်ဆောင်ရွက်ပေးစေ့ချင်တယ် "

"ဘယ်လိုမျိုးလဲ "

"စစ်ရှုံးကောင်စီဥက္ကဋ္ဌ တပ်ပြုတ်ကြီး မအလကို ‌တော်လှန်ရေးတပ်‌ပေါင်းစုထံ လက်နက်ချ အညံ့ခံဖို့ မိန့်တော်မူပေးပါလား ဘုရား "

"ဟားဟား ဟားဟား ဟားဟား "

ငယ်ပေါင်းသူငယ်ချင်း အရွှင်ဒါယကာ တော်တွေကားတဟားဟား။ ဆရာတော်ကား မှုန်တေ‌တေဖြင့်

ကြည့်တော်မူနေပါလေ၏။

"အခုဆိုရင် မြန်မာတနိုင်ငံလုံးမှာ မအလ အုပ်စိုးလို့ရသေးတဲ့ မြို့ရွာဆိုတာ လက်ချိုးရေလို့ ရသလောက်ဖြစ်နေပါပြီ ဘုရာ့ "

" အာ့ . . . "

" ဟိုးမြောက်ပိုင်းကနေ အောက်ဘက်ကို ဆင်းလာကြည့်၊ ကချင်၊ စစ်ကိုင်း၊ ချင်း၊ ရခိုင်၊ မအလ ရဲ့ လက်ပါးစေ လက်ကျန်တပ်‌တွေ ပြုတ်ကုန်ပြီ "

" ဟေ . . . "

" အခု ရခိုင်ကနေ ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းကိုဝင်တော့မယ် ဆိုတော့၊ မအလလက်ပါးစေတွေ

ဟာ အသက်လုပြီး ပျောက်‌ပြေးကုန်ကြပြီ "

" ဟမ် . . . "

" အ‌‌ခြေအနေကို သိနားလည်တဲ့၊ ကိုယ့်ရဲဘော်တွေကို သနားငဲ့ညှာတဲ့၊ လူသားစိတ်ရှိတဲ့

တပ်မှူးတွေက ဦး‌ဆောင်ပြီး သူ့တပ်ရင်းလိုက် သူ့တပ်ရင်းလိုက်ကို အလင်းဝင်နေကြပြီ ဘုရာ့ "

" အဲ . . . "

" အ‌ခြေအနေကို သဘောမပေါက်တဲ့၊ မိုက်ရူးရဲစိတ်ရှိတဲ့၊ ဉာဏ်တိမ်တဲ့ စစ်သွေးကြွ တပ်မမှူးတွေကတော့ ကိုယ့်တပ်ကိုကိုယ်ချ‌‌ကျွေးပြီး ကိုယ်လွတ်ရုန်းထွက်‌ပြေးနေကြပါပြီ ဘုရာ့ "

" ဟေ . . . "

" ‌ပြေးလည်း မလွတ်ပါဘူး၊ အသေမိတဲ့ ဗိုလ်ချုပ်နဲ့ အရှင်မိတဲ့ဗိုလ်ချုပ်အဆင့်တွေဟာ အတော်ကြီးကို များနေပြီမို့ မကြာခင်မှာ မအလဟာ တပ်လက်ကိုင်မရှိတော့ပဲ သူကိုယ်တိုင် သေနတ်ဆွဲလို့ ထွက်ခုခံရင်း အသက်ပျောက်ရတော့မယ့်အချိန်ကို ရောက်ရှိလာတော့မှာပါ ဘုရား "

" ဝါး . . . ဟားဟား ဟားဟား ဟားဟား "

(ဂ)

ဆရာတော်က ' စစ်မှုထမ်းဥပဒေအရ တပ်သားသစ်တွေ အဆက်မပြတ် စုဆောင်းနေတာပဲကွာ၊ စစ်သားပြတ်တယ်တော့ မရှိနိုင်ပါဘူး 'ဟု မိန့်တော်မူလေရာ အဘလုံးတုံးက ပြုံး၍ ‌ပြောပါ၏။

"ပလိုင်းပေါက်နဲ့ ဖားကောက်သလို၊ စုလိုက်၊ သင်တန်းပေးပြီးလွှတ်လိုက်၊ ‌မြေဩဇာဖြစ်လိုက်၊ မုန့်ဟင်းခါးချက်လိုက်ဆိုတော့ အလျဉ်မမီပါဘူး ဘုရာ့ "

" အာ့ . . . "

" အခုဆို ရပ်ကျေးအစိမ်းဥက္ကဋ္ဌ သူငယ်ချင်းစိမ်း‌မောင်ကော၊ သူ့သားတော်မောင် ရွှေစိမ်းကြီးနဲ့

ရွှေစိမ်းလေးတို့ပါ ညညဆို အိမ်မှာမအိပ်ရဲပဲ အ‌နောက်တောထဲမှာ ရှောင်ရှောင်အိပ်‌နေကြရတာ

ကြာပြီဘုရာ့"

"ဟေ . . . ဘာဖြစ်လို့လဲ့ မူးသာရ "

"ဘာဖြစ်လို့ရမလဲ၊ သူတို့အစိမ်းပါတီက လူကြီး‌တွေက စစ်သားစုဆောင်းလို့မရရင် ကျုပ်တို့ အစိမ်းပါတီဝင်တွေကို ပေးမယ်၊ စစ်မှုထမ်းခိုင်းမယ်လို့ အာချောင်ထားတော့ စိမ်းမောင်တို့လို အမာခံတွေ ‌‌ကြောက်ချေးပန်း‌နေတာ ဆန်းသလားဘုရား "

" ဟားဟား ဟားဟား ဟားဟား "

စိမ်းဆိုမှစိမ်း ဆရာ ဒါယကာတို့သည်ကား ဘယ်စကား ဘယ်လိုဆက်ရမည်ကို စဉ်းစားရကြပ်နေ ကြပုံပါပေ။

"အခု မြို့ပေါ်တွေမှာဆို အသက် ၁၈ နှစ်ကနေ ‌၃၅ နှစ်အထိလူငယ်တွေကို အချိန်မရွေး နေရာမ ‌ရွေး စစ်မှုထမ်းဖို့ ဆွဲနေပါပြီ ဘုရား "

" ဟမ် . . . "

" အခုဆို တနိုင်ငံလုံးမှာ လူငယ်တွေပျောက်ဆုံးမှုဟာ ‌ကြောက်ခမန်းလိလိကို ဖြစ်နေပြီး၊  ကျောင်းအသွား လမ်းမှာ၊ ရုံးအသွား လမ်းမှာ၊ စက်ရုံအသွား လမ်းမှာ၊ ကုမ္ပဏီအသွား လမ်းမှာ ‌ခွေးအဆွဲခံနေကြရပါပြီ ဘုရာ့ "

" အဲ . . . "

" ဟိုတုန်းက သတင်းစာတွေထဲမှာ တခါတခါ ' လူပျောက်‌ကြော်ငြာ ' ပါတတ်တာကိုတောင် သတိရမိတယ် "

" ဟုတ်ပလုံးတုံးရာ၊ တနှစ်မှာ သုံးလေးငါးယောက်‌လောက်ပျောက်တာ ဖတ်ဖူးတယ်၊ အခုတော့ နေ့စဉ်ကို တပုံကြီး ပျောက်နေတာ "

" အတိတ်နိမိတ်အရတော့ မအလကြီးလည်း' ပျောက်ကွယ် ' တော့မယ့်သဘောပေါ့ "

" ဟုတ်တယ် လုံးတုံး၊ လွှမ်းမိုးရဲ့ ' လူပျောက်‌ကြော်ငြာ ' သီချင်းတောင် သတိရမိတယ် "

ထိုအခါ အဘစိမ်းမောင်က  ‘အဲသည်သီချင်းငါကြိုက်တယ်ကွ’  ဟု ‌ပြောလာပါလေရာ 

အဘစောမူးသာက ' မင်းကြိုက်ရင် ငါဆိုပြမကွ 'ဟု‌ပြောပြီး ' စာ‌မြှောင်ကပ် ' တေးတပုဒ်ကို

ရုတ်ချည်းတွေးထုတ်ကာ ဆိုချပါလေသတည်း။

"အဓိပတိ တပ်မကျော်‌တွေဟာ ပျောက်ဖူးခဲ့ပါသည်

အနှံ့ဆော်စဉ် ပျောက်ရှပုံတွေမှာ ငိုင်ဖူးခဲ့ပါသည်

ပြည်သူရယ် ငကြင်ကိုပစ်နေစဉ်မှာ 

မ‌နေ့က ‌မြောင်းကြမ်းထဲ

သူပုန်းတော့ လိုက်ရှာသည်

သူ့အခန်းထဲတောင် ရောက်ဖို့နီးပြီ

ဘယ်ဆီကိုများ ပျောက်လို့ပုန်းတော့မည် "

" တွေ့ရင် ‌ဖမ်းကြပါလေ မနှေး လက်ပြန်ချည် 

လက်ခံထားတဲ့နိုင်ငံကို တရားစွဲဆိုမည်

နိုင်ငံတကာကို သိစေချင်သည်

ငညစ်နဲ့ပတ်သက်တဲ့ ခုံရုံးများများ

ဖွင့်ပါဗျာ"

ဖေကြီး(လေရှီး)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024