DVB Logo
Home
မြန်မာသတင်း
ထိုင်းဘက်မှပြန်ပို့လိုက်သူများကို စစ်မှုထမ်းရန်ခေါ်သွား
DVB
·
December 21, 2024
ထိုင်းဘက်မှပြန်ပို့လိုက်သူများကို စစ်မှုထမ်းရန်ခေါ်သွား
Donate to DVB

ထိုင်းနိုင်ငံကနေ မြန်မာဘက်ပြန်ပို့ခံရပြီး ကော့သောင်းလှေဆိပ်မှာ စစ်တပ်ကဖမ်းဆီးသွားတဲ့ အမျိုးသားတွေကို ဒီဇင်ဘာ ၂၀ ရက်နေ့က မြိတ်ဘက်လေ့ကျင့်ရေးတပ်ကို ရေလမ်းကနေတဆင့် ပို့ဆောင်လိုက်တယ်လို့ မိသားစုဝင်တွေဆီကသိရပါတယ်။

ကော့သောင်းမြို့နယ်အခြေစိုက် ခလရ ၂၆၂ တပ်ရင်းမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အမျိုးသားတွေကို ဆေးစစ်ချက်ယူပြီးတော့ အသက်ကြီးပိုင်းအရွယ်အမျိုးသား ၂ ယောက်ကလွဲလို့ ကျန်တဲ့သူတွေကို စစ်မှုထမ်းရမယ်ဆိုပြီး မြိတ်ဘက်ကို ပို့ဆောင်လိုက်တာလို့ ဆိုပါတယ်။

ပို့ဆောင်ခံရတဲ့သူတွေထဲမှာ စစ်ကောင်စီကသတ်မှတ်ထားတဲ့ အသက်အရွယ်အပိုင်းအခြားထက် ကျော်လွန်နေသူတွေလည်းပါတယ်လို့ နေရပ်ပြန်ပို့ခံရသူထဲက မိသားစုဝင်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“သူ့မိသားစုထဲက အသက် ၃၆ အရွယ်၊ ၃၈ နှစ်အရွယ်‌ ယောကျာ်းတွေပါသွားတယ်။ မြိတ်က လေ့ကျင့်ရေးတပ်ကိုပို့မလို့ အခုထွက်သွားရပြီလို့ အကြောင်းကြားတာ၊ သူတို့လည်း ဘယ်တပ်ကိုဆိုတာ မသိရသေးဘူး။ ဆေးအောင်တဲ့သူတွေခေါ်တယ်။ ကံကလည်းဆိုးတယ်။ အရင်ကဆို ချောင်းတအားဆိုးတာ၊ အခုက ချောင်းတချက်ကိုမဆိုးတော့တာတဲ့” လို့ပြောပါတယ်။

ဒီဇင်ဘာ ၁၈ ရက်နေ့က ထိုင်းကနေ မြန်မာနိုင်ငံသား ၂၁၉ ယောက်ကို ရနောင်းလှေဆိပ်ကနေတဆင့် ကော့သောင်းဘက်ကို ပြန်ပို့လာခဲ့ပြီး အဲဒီထဲက အမျိုးသမီး ၁၈ ယောက်ကလွဲလို့ ကျန်တဲ့ အမျိုးသား ၁၁၉ ယောက်ကို ခလရ ၂၆၂ တပ်ရင်းဆီ ဖမ်းခေါ်သွားခဲ့တာပါ။

တပ်ရင်းထဲထိန်းသိမ်းထားတုန်းမှာ ပိုက်ဆံနဲ့ ရွေးရင်လွှတ်ပေးမယ်လို့ စစ်သားတွေက မိသားစုဝင်တွေကို ပြောဆိုခဲတောကြောင့် ဘတ် ၃ သောင်းပေးပြီး ရွေးထုတ်ပေမဲ့ မလွှတ်ပေးတဲ့အပြင် ပေးထားတဲ့ ဘတ် ၃ သောင်းကျော်ကိုလည်းပြန်မပေးတော့ဘူးလို့ ကော့သောင်းမြို့ခံတယောက်က DVB ကို ပြောပါတယ်။

“ပိုက်ဆံလည်းရှုံး၊ ကလေးတွေလည်းမလွှတ်ဘူး။ စစ်တပ်ကိုလိုက်သွားတော့ စစ်သားတွေထဲကပဲ ပိုက်ဆံပေးရင်လွှတ်ပေးမယ်ပြောလို့ မနေ့ကသွားပေးလိုက်တာတဲ့။ အခုနေ့မှ ကလေးက သူများဖုန်းနဲ့ဆက်လာလို့သိရတာ၊ မြိတ်ကိုပါသွားတယ်” လို့ပြောပါတယ်။

ထိုင်းဘက်မှာ အကြောင်းအမျိုးမျိုးကြောင့်ပြစ်ဒဏ်ကျတဲ့ မြန်မာနိုင်ငံသားတွေဟာ နေရပ်ပြန်ပို့ခံရပေမဲ့ စစ်ကောင်စီက ပြန်လည်ဖမ်းဆီးပြီး စစ်မှုထမ်းလူသစ်စုဆောင်းတာကြောင့် ပိုမိုခက်ခဲတဲ့ အခြေအနေတွေကို ရင်ဆိုင်နေကြရတယ်လို့ ရနောင်းမှာနေထိုင်တဲ့ မြန်မာနိုင်ငံသားတွေက ပြောပါတယ်။

ရနောင်းလဝကအချုပ်ခန်းမှာ ပြစ်ဒဏ်ကျနေတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်း-မြန်မာ တာဝန်ရှိသူတွေက ကော့သောင်းဘက်ကို လစဉ်ပြန်လွှဲပြောင်းပေးနေတာဖြစ်ပြီး တကြိမ်လွှဲရင် လူဦးရေ ရာချီပြီးပို့ဆောင်နေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013