DVB Logo
Home
မြန်မာသတင်း
အုန်းနွဲ့မြို့  သံထည်စက်ရုံက ဆန္ဒပြမြန်မာလုပ်သားများ ရိုက်နှက်ဖမ်းဆီးခံရ
DVB
·
December 20, 2024
အုန်းနွဲ့မြို့  သံထည်စက်ရုံက ဆန္ဒပြမြန်မာလုပ်သားများ ရိုက်နှက်ဖမ်းဆီးခံရ
1 / 5
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း၊ စမွတ်စခွန်းခရိုင်၊ အုန်းနွဲ့မြို့ ဖစ်ကဆိမ်လမ်းရှိ  သံထည်စက်ရုံတရုံမှာ ဒီဇင်ဘာ ၁၉ ရက် မနက်က မြန်မာရွှေ့ပြောင်းလုပ်သား ၃၀၀ လောက်အလုပ်သမားမှတ်ပုံ တင်သက်တမ်းတိုးခလျှော့ချပေးဖို့ တောင်းဆိုရင်း ရိုက်နှက်ဖမ်းဆီးခံရတာ၊ အလုပ်ဖြုတ်ခံရ တာတွေ ရှိခဲ့ပါတယ်။ 

အလုပ်သမားမှတ်ပုံတင်သက်တမ်းတိုးရာမှာ စက်ရုံနဲ့အေဂျင်စီတို့ပေါင်းပြီး အလုပ်သမားထံက တဦးလျှင် ဘတ် ၁၀,၀၀၀ ထိ ဈေးကြီးစွာ ကောက်ခံနေတာကြောင့် လျှော့ပေါ့ပေးဖို့  ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ကြတယ်။

ဒါပေမဲ့ ရဲနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး ဟန့်တားတာကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ကြတယ်၊ အလုပ်သမားခေါင်းဆောင် ၄ ယောက် အဖမ်းခံရတယ်၊ ညနေပိုင်းမှာ ပြန်လွှတ်ပေမဲ့ အလုပ်သမားခေါင်းဆောင် ၃၀ လောက် အလုပ်ပြုတ်သွားတယ်လို့ အလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေတဲ့ MHAC အဖွဲ့ တာဝန်ခံ ကိုရဲမင်းက DVB ကို ပြောပါတယ်။ 

“မနေ့က အလုပ်သမားခေါင်းဆောင် ၄ ဦးဖမ်းဆီးခံရတာပါ။ ရဲကားပေါ်တင်ပြီး လက်ထိတ်ခ တ်ထားတာ၊ ၂ နာရီလောက်ဖမ်းထားပြီးတော့ မနေ့ကတည်းက ပြန်လွှတ်ပေးပါတယ်။ ဒါပေမဲ့ ဦးဆောင်တယ်လို့ စက်ရုံဘက်ကယူဆတဲ့ အလုပ်သမား ၃၀ လောက်ကိုတော့ အလုပ်ဖြုတ် လိုက်တယ်။ အဲဒီအတွက် ဆဝဒီကန် (အလုပ်သမားကာကွယ်ရေးရုံး) မှာ အမှုလိုက်ဖွင့်ပေးဖို့ ကျနော်တို့ လုပ်နေပါတယ်ခင်ဗျ။”

သက်တမ်းတိုးခ အဆမတန်ကောက်လို့ ဈေးလေးနည်းနည်းလျှော့ပေးဖို့ ငြိမ်းချမ်းစွာ တောင်းဆိုတဲ့ မြန်မာလုပ်သားတွေကို ခုလိုကြမ်းကြမ်းတမ်းတမ်းရိုက်နှက် လက်ထိတ်ခတ်ဖမ်းဆီး တာဟာ အလုပ်သမားအခွင့်အရေးအရရော၊ လူ့အခွင့်အရေးအရရော ဘယ်လိုမှ လက်ခံနိုင်စရာ မရှိဘူး၊ ဒီလုပ်ရပ်ဟာ ထိုင်းနိုင်ငံရဲ့ ပုံရိပ်ကိုလည်း ကျဆင်းစေတယ်လို့ ကိုရဲမင်းက ပြောပါ တယ်။ 

ထိုင်းရောက်ရွှေ့ပြောင်းအလုပ်သမားတွေဟာ လာမယ့် ၂၀၂၅ ဖေဖော်ဝါရီ ၁၃ ရက်အတွင်း အလုပ်သမားမှတ်ပုံတင်ကတ် ၂ နှစ်သက်တမ်းတိုးရမှာဖြစ်ပါတယ်။ သက်တမ်းတိုးခမှာ အစိုးရ သတ်မှတ်နှုန်းထား ၃,၇၀၀ ဘတ်သာ ကျသင့်ပေမဲ့ ဘာသာစကားအခက်အခဲ၊ တရုံးဝင်တရုံး ထွက်သွားလာရ အချိန်ကုန်အလုပ်ပျက်တာကြောင့် အလုပ်သမားအများစုဟာ ပွဲစားနဲ့ အေဂျင်စီတွေကနေတဆင့် လုပ်ကြတယ်၊ ဒါပေမဲ့ ဝန်ဆောင်ခဈေးကြီးတာကြောင့် အလုပ်သမား ရာနဲ့ချီရှိတဲ့ စက်ရုံတွေမှာ စုဝေးတောင်းဆိုတာတွေ ရှိနေတာပါ။ 

မနေ့က ဆန္ဒပြတောင်းဆိုတဲ့ စက်ရုံတွေထဲမှာ စမွတ်ပရကန်ခရိုင် ဘန်ဖရီမြို့ ထိုင်းပရကန်ရပ်ကွက်ရှိ အုန်းသီးစက်ရုံက အလုပ်သမား ၂၁၀၀ ကျော်ကတော့ ဝန်ဆောင်ခ ၉၂၀၀ ဘတ်ကနေ ၆၅၀၀ ဘတ်ထိ လျှော့ပေးခဲ့လို့ ပြေလည်မှုရသွားကြပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013