DVB Logo
Home
မြန်မာသတင်း
အမေရိကန်ရောက် ကရင်နီမိသားစု ပစ်သတ်ခံရ
DVB
·
December 20, 2024
အမေရိကန်ရောက် ကရင်နီမိသားစု ပစ်သတ်ခံရ
Donate to DVB

အမေရိကန်ပြည်ထောင်စု၊  ယူတားပြည်နယ်ထဲမှာ မြန်မာနိုင်ငံကနေ ရောက်ရှိလာတဲ့ ကရင်နီဒုက္ခသည် မိသားစု ပစ်သတ်ခံခဲ့ရတဲ့အကြောင်း AP သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

အဆိုပါ မိသားစုထဲက ခင်ပွန်းဖြစ်သူအမျိုးသားက ဇနီးဖြစ်သူနဲ့ သူတို့ရဲ့ ကလေးတွေကို ပစ်သတ်ခဲ့ပြီးနောက် သူ့ကိုယ်သူလည်း သေနတ်နဲ့ ပစ်ခတ်ကာ အဆုံးစီ ရင်သွားခဲ့တယ်လို့ ရဲတွေက ယူဆနေပါတယ်။

အသက် ၃၈ နှစ်အရွယ် အမျိုးသမီး ဘူးမယ်၊ ၈ နှစ်အရွယ် သမီးဖြစ်သူ ခရစ္စတီးနား ရီ၊ ၂ နှစ်အရွယ် သမီးဖြစ်သူ ညေးမယ်နဲ့ ၁၁ နှစ်အရွယ် သားဖြစ်သူ ဘိုးရယ်တို့ရဲ့ ရုပ်အ လောင်းတွေကိုတော့ ဝက်စ်ဗေးလီမြို့က နေအိမ်မှာ ဒီဇင်ဘာ ၁၇ ရက်က တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

ဖခင်ဖြစ်သူ အသက် ၄၂ နှစ်အရွယ် ဒဲရယ်ရဲ့ လက်ထဲမှာလည်း သေနတ်တလက်ကို တွေ့ ရှိခဲ့ရတာကြောင့် ရဲတပ်ဖွဲ့က ဒီအခြေအနေအပေါ် လူသတ်မှုနဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုလို့ ယူဆခဲ့ပေမဲ့ အကြောင်းရင်းကို သက်သေမပြနိုင်သေးဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။

မိသားစုဝင်ထဲက အသက် ၁၇ နှစ်အရွယ် သားဖြစ်သူ ရှားရယ်ကတော့  ဦးခေါင်းပစ်ခတ် ခံခဲ့ရပေမဲ့ လွတ်မြောက်ခဲ့ပြီး ပြင်းထန်တဲ့ ဦးနှောက်ဒဏ်ရာနဲ့ ဆေးရုံတင်ထားရတယ်လို့ ဆိုပါတယ်။

ရဲတွေကတော့ အဆိုပါပစ်ခတ်မှုဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဖြစ်ခဲ့တယ်လို့ ယူဆ နေပါတယ်။

သူတို့ရဲ့ ဆွေမျိုးတဦးက သူတို့အိမ်ကို သွားရောက်ခဲ့ချိန်မှာ ကားဂိုဒေါင်ထဲမှာ ထိခိုက် ဒဏ်ရာတွေနဲ့ ရှားရယ်ကို တွေ့ခဲ့ရာကနေ ရဲတွေကို ဖုန်းဆက်အကြောင်းကြားခဲ့ရာကနေ ခုလိုသတ်ဖြတ်ခံရတာတွေကို စစ်ဆေးတွေ့ရှိခဲ့ရတာလို့ ဆိုပါတယ်။

အိမ်နီးနားချင်းတွေကတော့ သူတို့အနေနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းမှာ အဆိုပါ ဧရိယာအတွင်း သေနတ်ပစ်ခတ်မှုတစုံတရာ မတွေ့ခဲ့ရဘူးလို့ ပြောခဲ့သလို အဲဒီမိသားစုမှာလည်း အရင်က အိမ်တွင်းအကြမ်းဖက်မှု တစုံတရာ ရှိခဲ့တာမျိုးလည်း မရှိခဲ့ဘူးလို့ ပြောတဲ့အကြောင်း ရဲတပ်ဖွဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။

Source: AP

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013