DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင်ကျင်းပသည့် အလွတ်သဘောဆွေးနွေးပွဲတွင် ရွေးကောက်ပွဲအစီအစဉ် စစ်ကောင်စီ ဝန်ကြီးချပြ 
DVB
·
December 19, 2024
ထိုင်းတွင်ကျင်းပသည့် အလွတ်သဘောဆွေးနွေးပွဲတွင် ရွေးကောက်ပွဲအစီအစဉ် စစ်ကောင်စီ ဝန်ကြီးချပြ 
Donate to DVB

လာမယ့်နှစ်မှာကျင်းပမယ့် ရွေးကောက်ပွဲမှာ နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်အဖွဲ့တွေကို ဖိတ်ကြားသွားမှာဖြစ်ပြီး  အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲအတွက် တံခါးဖွင့်ထားတယ်လို့ စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်တဲ့အကြောင်း Bangkok Post သတင်းမှာ ဖော်ပြပါတယ်။

စစ်ကောင်စီခန့် ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ  ဒီဇင်ဘာ ၁၉ ရက် ဒီနေ့မနက်ကကျင်းပတဲ့ မြန်မာအပါအဝင် အိမ်နီးချင်း ၆ နိုင်ငံက နိုင်ငံခြားရေး တာဝန်ရှိသူတွေတက်ရောက်တဲ့ အလွတ်သဘော ညှိနှိုင်းဆွေးနွေးပွဲ တက်ရောက်လာချိန်မှာ ခုလိုပြောလိုက်တာပါ။

ဒါ့အပြင် စစ်ကောင်စီဝန်ကြီးက ပြည်တွင်းပဋိပက္ခနဲ့ တိုက်ပွဲတွေ ပြင်းထန်တဲ့ မြန်မာနိုင်ငံမှာ  လာမယ့်နှစ်ထဲ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲ အစီအစဉ်တွေကိုလည်း ထည့်ပြောသွားခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေး ပြောရေးဆိုခွင့်ရှိသူက ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ရွေးကောက်ပွဲအတွက် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ပြီးဖြစ်သလို နိုင်ငံရေးပါတီ ၅၀ ကျော်ကလည်း ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံတင်ထားပြီးဖြစ်တယ်လို့ စစ်ကောင်စီဝန်ကြီးက ပြောပါတယ်။

ဒီမနက်ဆွေးနွေးပွဲမှာ အိမ်နီးချင်းနိုင်ငံတွေဖြစ်ကြတဲ့ လာအိုနဲ့ ထိုင်းနိုင်ငံတို့က နိုင်ငံခြားရေးဝန်ကြီးအဆင့် တက်ရောက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယတို့ကတော့ နိုင်ငံခြားရေးဌာန အဆင့်မြင့် တာဝန်ရှိသူတွေကို စေလွှတ်ခဲ့တာဖြစ်ပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ မာရစ်က “သူ(စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး) က အိမ်နီးချင်းနိုင်ငံတွေ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေကို ဖိတ်ကြားဖို့ ရည်ရွယ်ချက်ရှိနေတယ်” လို့ ဒီမနက်ဆွေးနွေးပွဲအပြီး သတင်းထောက်တွေကို ပြောပါတယ်။

ဒါ့အပြင် စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ အစီအစဉ်အပေါ် မြန်မာ့အိမ်နီးချင်းနိုင်ငံတွေရဲ့ တုံ့ပြန်မှုက အပြုသဘော ဆောင်တယ်လို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောလိုက်သလို နိုင်ငံအားလုံးက အကျပ်အတည်းအတွက် လျင်မြန်တဲ့အဖြေကို လိုချင်ကြတယ်လို့လည်း ပြောလိုက်ပါတယ်။

မြန်မာ့အိမ်နီးချင်းနိုင်ငံတွေက စစ်အုပ်စုနဲ့ ဆက်လက်ထိတွေ့ဆက်ဆံဖို့ လိုအပ်ကြောင်း အလေးပေး ပြောကြားခဲ့ပေမဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်အရ ဒီပဋိပက္ခကို အဆုံးသတ်ဖို့အတွက် ဒေသတွင်း ကြိုးပမ်းအားထုတ်မှုတွေရဲ့ အဓိကဗဟိုချက်အဖြစ် ရှိနေမှာဖြစ်တယ်လို့ ထိုင်းတာဝန်ရှိသူတွေက ပြောကြားခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

မနက်ဖြန် ဒီဇင်ဘာ ၂၀ ရက်မှာတော့ လာမယ့် ၂၀၂၅ ခုနှစ်မှာ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူမယ့် မလေးရှား၊ လက်ရှိဥက္ကဋ္ဌ လာအိုနိုင်ငံတွေ အပါအဝင် အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ တွေ့ဆုံဆွေးနွေးသွားဖို့လည်း ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013