DVB Logo
Home
နိုင်ငံတကာ
ရုရှားကို ပို့ထားသည့် မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၁၀၀ ထက်မနည်း တိုက်ပွဲတွင် သေဆုံး
DVB
·
December 19, 2024
ရုရှားကို ပို့ထားသည့် မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၁၀၀ ထက်မနည်း တိုက်ပွဲတွင် သေဆုံး
Donate to DVB

ရုရှားနိုင်ငံ၊ ကာ့စ်ခ်ဒေသမှာ ပြင်းထန်တဲ့တိုက်ပွဲတွေအတွင်း ယူကရိန်းတပ်ဖွဲ့တွေကို တိုက်ခိုက်ရာမှာ ရုရှားကို စေလွှတ်ထားတဲ့ မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၁၀၀ ထက်မနည်း သေဆုံးပြီးတော့ နောက်ထပ် အယောက် ၁,၀၀၀ လောက် ဒဏ်ရာရခဲ့ကြောင်း တောင်ကိုရီးယား ဥပဒေပြုအမတ် အီဆုန်းဂွမ်းက တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီကို ကိုးကားပြီး ဒီဇင်ဘာ ၁၉ ရက်မှာ ပြောကြားခဲ့ပါတယ်။

ဒီလောက် များများစားစား ဆုံးရှုံးရတာဟာ မြောက်ကိုရီးယားတပ်ဖွဲ့တွေအတွက် ဒရုန်းစစ်ဆင်ရေးတွေမှာ အတွေ့အကြုံမရှိခြင်းနဲ့ သူတို့နဲ့ အကျွမ်းတဝင်ရှိမနေတဲ့ ဟင်းလင်းပြင် တိုက်ပွဲနေရာမှာ သူတို့ကို ရှေ့ပြေးတပ်တွေအဖြစ် နေရာချထားခြင်းတို့ကြောင့်ဖြစ်တယ်လို့ အမျိုးသားထောက်လှမ်းရေးဌာန (NIS) က လွှတ်တော်ကို တံခါးပိတ်ရှင်းလင်းပွဲအပြီးမှာ  တောင်ကိုရီးယား ပါလီမန်အမတ် အီဆုန်းဂွမ်းက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ကိုးရီးယားစစ်ပွဲ ပြီးဆုံးကတည်းက မြောက်ကိုရီးယားဟာ သူ့ရဲ့ ပထမဆုံး တိုက်ပွဲစစ်ဆင်ရေးမှာ လူပေါင်းရာနဲ့ချီ သေဆုံးခဲ့ရတယ်ဆိုတဲ့ အမေရိကန် အကြီးတန်း စစ်ဖက်အရာရှိတယောက်ရဲ့ ခန့်မှန်းချက်နဲ့ နှိုင်းယှဉ်ရင် NIS ရဲ့ သုံးသပ်ချက်ဟာ သမားရိုးကျ ပိုဆန်နေတယ်လို့လည်း အမတ် အီဆုန်းဂွမ်းက ပြောပါတယ်။

အမေရိကန်နဲ့ ယူကရိန်းအရာရှိတွေကတော့ မြောက်ကိုရီးယားရဲ့ ဆုံးရှုံးမှုက ကြီးမားတယ်လို့ မှတ်ချက်ပြုထားပြီး ရုရှားဟာ ယူကရိန်းတွေ သိမ်းပိုက်ထားတဲ့ ကာ့စ်ခ်ဒေသက တိုက်ပွဲတွေမှာ မြောက်ကိုရီးယားတပ်ဖွဲ့တွေ အများအပြားကို အသုံးပြုနေတယ်လို့ ဆိုထားပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013