DVB Logo
Home
မြန်မာသတင်း
ရေကြီးမှုကြောင့် မကွေးမြို့နယ် ကမ်းရင်ကျေးရွာ ကိုင်းနှင့်ယာမြေများ ပျက်စီး
DVB
·
October 19, 2014
ရေကြီးမှုကြောင့် မကွေးမြို့နယ် ကမ်းရင်ကျေးရွာ ကိုင်းနှင့်ယာမြေများ ပျက်စီး
Donate to DVB

အောက်တိုဘာ ၁၇ ရက်နေ့ညက မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက် ဒေါင်းနေချောင်း ရေလျှံကာ မကွေးမြို့နယ် ကမ်းရင်ကျေးရွာမှာ ရေကြီးနစ်မြုပ်ခဲ့ပြီး လူနေအိမ်ခြေတွေအပါအ၀င် ကိုင်းနဲ့ ယာမြေတွေ ပျက်စီးခဲ့ပါတယ်။

mgwayည ၁၀ နာရီခွဲမှာ စတင်ရွာသွန်းခဲ့တဲ့မို့ဟာ ည ၁၁ နာရီမှာ ဒေါင်းနေချောင်း ကနေ  ရေအလုံးအရင်းနဲ့ ၀င်လာခဲ့တယ် လို့ ဒေသခံတွေ က ပြောပါတယ်။

ရွာမှာရှိတဲ့ အိမ်ခြေ ၁၀၀ ကျော်ရေနစ်မြုပ်ခဲ့ရသလို လယ်သမားသုံးပစ္စည်းတွေ ရေထဲမျောပါသွားခဲ့ပါတယ်။

ဒေါင်းနေချောင်းအတွင်းမှာ စိုက်ပျိုးထားတဲ့ ကိုင်းယာမြေ ၁၀၀ ကျော်လည်း သဲဖုံးလွှမ်းပျက်စီးသွားခဲ့ပါတယ်။

ရေဘေးဒုက္ခရောက်နေသူတွေကို ကျေးရွာဘုန်းကြီးကျောင်းမှာ ပြောင်းရွေ့ထားရပြီး လတ်တလော ရေဘေးလွတ်တဲ့ ကျေးရွာသူကျေးရွာသားတွေက ကူညီစောင့်ရှောက်ပေးနေရတာပါ။

ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့ အစည်းတွေတော့ ရောက်မလာသေးဘူးလို့လည်း ဒေသခံတွေက ဆိုပါတယ်။

ဒေါင်းနေချောင်းဟာ လွန်ခဲ့တဲ့ ၈ နှစ်လောက်ကလည်း ရေကြီးခဲ့လို့ ကမ်းရင်ကျေးရွာ တရွာလုံး ရေနစ်မြုပ်ခဲ့ဖူးပါတယ်။

ကျေးရွာသူကျေးရွာသားတွေအများစုကတော့ ရေလွှဲရေကာတာတွေ လုပ်ပေးနိုင်ရင် ရေဘေးအန္တရာယ်က ကင်းဝေးနိုင်မယ်လို့ ပြောဆိုနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013