DVB Logo
Home
မြန်မာသတင်း
ရန်ကုန်လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းကို ကော်ပိုရေးရှင်းပုံစံ ပြောင်းမည်
DVB
·
October 19, 2014
ရန်ကုန်လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းကို ကော်ပိုရေးရှင်းပုံစံ ပြောင်းမည်
Donate to DVB

ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးအဖွဲ့ကို ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲ ဖွဲ့စည်းတော့မယ်လို့ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်နိုင်က ပြောပါတယ်။

Electric1ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေး အဖွဲ့အနေနဲ့ ကိုယ်ပိုင်ရန်ပုံငွေနဲ့ ရပ်တည်ခြင်းအားဖြင့် အစိုးရဘတ်ဂျက် သုံးစွဲရမှု လျော့ကျလာ ဖို့နဲ့ နိုင်ငံခြားကုမ္ပဏီတွေနဲ့ ဖက်စပ် လုပ်ကိုင်ခွင့် ရလာဖို့တွေအတွက် ရည်မှန်းပြီး  ကော်ပိုရေးရှင်းအဖြစ် ပြောင်းဖို့ ကြိုးစားရတာလို့   အဖွဲ့ တာဝန်ရှိသူတွေက  အောက်တိုဘာ ၁၅ ရက်က  ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေး အဖွဲ့ အစည်းအဝေးမှာ ထုတ်ဖော်ပြောသွားပါတယ်။

ဒီအတွက် ကမ္ဘာ့ဘဏ်အဖွဲ့အစည်းထဲမှာ ပါဝင်တဲ့ အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေး ကော်ပိုရေးရှင်း (International Finance Cooperation) ကလည်း နည်းပညာပိုင်းဆိုင်ရာ ကူညီမှုတွေ ပေးနေတာပါ။

အစိုးရပိုင် လျှပ်စစ်ဖြန့်ဖြူးလုပ်ငန်းကို ကော်ပိုရေးရှင်းပုံစံ ပြောင်းလဲနိုင်မယ်ဆိုရင် ပြည်တွင်း စက်မှုဇုန်တွေအတွက် လျှပ်စစ်လိုအပ်ချက်ကို စက်သုံးဆီ အစားထိုးပြီး လည်ပတ်စရာ မလိုတော့လို့ နိုင်ငံတကာဈေးကွက်မှာလည်း ယှဉ်ပြိုင်ရောင်းချနိုင်မှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ စက်မှုနဲ့ လက်မှု လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ပြောပါတယ်။

ရန်ကုန်လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်းကို ကော်ပိုရေးရှင်းပုံစံ ပြောင်းလဲတဲ့နေရာမှာ မတည်ရင်းနှီးငွေအနေနဲ့ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ခန့်မှန်းထားပြီးတော့ ရန်ကုန် လျှပ်စစ်ဖြန့်ဖြူးရေးအဖွဲ့က ရှယ်ယာ ၅၁ ရာခိုင်နှုန်းနဲ့ ပုဂ္ဂလိကက ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်ခွင့် ပေးမှာပါ။

ဒါပေမယ့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးကတော့ ရန်ကုန်လျှပ်စစ် ဖြန့်ဖြူးရေးလုပ်ငန်းကို ပုဂ္ဂလိကအသွင်ပြောင်းလဲဖို့ စီစဉ်နေတယ်လို့ ကြားသိ ရပေမယ့် လတ်တလောမှာတော့ လုပ်ငန်းလုပ်ကိုင်ဖို့အတွက် လျှောက်ထားမှု မရှိသေးဘူးလို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ မြို့နယ် ၃၉၆ မြို့နယ်နဲ့ ကျေးရွာ ၆ သောင်းရှိတဲ့အနက် မြို့နယ် ၂၂၄ မြို့နယ်နဲ့ ကျေးရွာ ၄ သောင်းကျော်တို့က လျှပ်စစ်မီး မရရှိတဲ့အတွက် လူဦးရေ ၁၀ ပုံ ၃ ပုံခန့်သာ လျှပ်စစ်ဓာတ်အားကို သုံးစွဲနိုင်ကြတယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013