DVB Logo
Home
နိုင်ငံတကာ
ယူကရိန်းစစ်ပွဲ အဆုံးသတ်ရန် ပူတင်၊ ဇလန်းစကီး တို့နှင့် ဆွေးနွေးမည်ဟု ထရမ့်ပ် ပြော
DVB
·
December 17, 2024
ယူကရိန်းစစ်ပွဲ အဆုံးသတ်ရန် ပူတင်၊ ဇလန်းစကီး တို့နှင့် ဆွေးနွေးမည်ဟု ထရမ့်ပ် ပြော
Donate to DVB

အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်၊ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးတို့နဲ့ ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့ကိစ္စ စကားပြောမယ်လို့ ဒီဇင်ဘာ ၁၆ ရက်မှာ ပြောကြားလိုက်ပြီး တိုက်ပွဲမှာ ဆိုးဆိုးရွားရွား သေကျေပျက်စီးမှု ဓာတ်ပုံတွေကြောင့် စိတ်မချမ်းမသာ ဖြစ်ရတ‌ယ်လို့လည်း ဆိုပါတယ်။

စစ်ပွဲကို ရပ်မှဖြစ်မယ်လို့ ထရမ့်ပ်က ဖလော်ရီဒါပြည်နယ်၊ ပမ်းဘိချ်မြို့ရှိ သူ့ရဲ့ မာရ်အာလာဂို ကလပ်က သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာပါ။

“သူ့ကို ဂါရဝလာပြုတဲ့အထဲက ယူကရိန်းသမ္မတ ဇလန်းစကီးဟာ ငြိမ်းချမ်းရေးကို လိုချင်နေပြီး လူတိုင်း အသတ်ခံနေရတဲ့ အဖြစ်ဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ကမ္ဘာမှာ မြင်တွေ့ခဲ့ရတဲ့ အဆိုးရွားဆုံး သတ်ဖြတ်ခြင်းပါပဲ” လို့ ထရမ့်ပ်က ဆိုပါတယ်။

စစ်မြေပြင်မှာ ရုပ်အလောင်းတွေ ပြန့်ကြဲနေတဲ့ ဓာတ်ပုံတွေကို မြင်တွေ့ရတာဟာ ၁၈၆၁-၁၈၆၅ အမေရိကန်ပြည်တွင်းစစ်က ရက်စက်ကြမ်းကြုတ်တဲ့ ဓာတ်ပုံတချို့ကို အမှတ်ရမိသွားတယ် လို့လည်း သူကဆိုပါတယ်။

၃ နှစ်နီးပါးကြာ စစ်ပွဲအတွက် ညှိနှိုင်းဖြေရှင်းမှု တစိတ်တပိုင်းအဖြစ် ယူကရိန်းနယ်မြေကို ရုရှားဆီ ထိုးပေးလိုက်သင့်တယ်လို့ ယူဆထားသလားဆိုတဲ့‌ မေးခွန်းကိုတော့ ထရမ့်ပ်က တိုက်ရိုက်ဖြေကြားခဲ့ခြင်း မရှိပါဘူး။

အငြင်းပွားမှုဖြစ်တဲ့ နယ်မြေအများအပြားဟာ အပျက်အစီးပုံတွေပဲ ဖြစ်ကျန်နေခဲ့ပြီး ဒါတွေကို ပြန်ထူထောင်ဖို့က နှစ်ပေါင်းရာနဲ့ချီ ကြာမြင့်နိုင်တယ်လို့ ထရမ့်ပ်က ပြောပါတယ်။

အဆောက်အဦတလုံးတောင် မားမားမတ်မတ် မရှိတော့တဲ့မြို့တွေ ရှိနေပြီး အပြိုအပျက် နေရာတွေပဲလို့လည်း ဆိုပါတယ်။

အရှေ့အလယ်ပိုင်းအရေးထက် ရုရှား-ယူကရိန်း အခြေအနေက ပိုခက်ခဲမယ်လို့ ထင်မြင်ကြောင်းလည်း ထရမ့်ပ်က ပြောပါတယ်။

ရုရှားနိုင်ငံထဲကို မိုင် ၂၀၀ အကွာအဝေးထိ ဒုံးကျည်တွေ ပစ်လွှတ်ခွင့်မပေးသင့်ဘူးလို့ ယူဆကြောင်းနဲ့ ရုရှားကလည်း မြောက်ကိုရီးယားကို သွင်းလာတာဟာ ဆိုးဆိုးရွားရွားပဲလို့လည်း ဆိုပါတယ်။

ဒီစစ်ပွဲကို အဆုံးသတ်ဖို့ ဇလန်းစကီးအနေနဲ့ ဘာလုပ်သင့်တယ်လို့ ထင်သလဲဆိုတဲ့ သတင်းထောက်ရဲ့ မေးခွန်းကိုတော့ ထရမ့်ပ်က လူပေါင်းများစွာ သေကျေပျက်စီးခဲ့ရတဲ့ စစ်ပွဲဖြစ်တာကြောင့် သဘောတူစာချုပ် ချုပ်ဆိုဖို့ ပြင်ဆင်ထားသင့်တယ်လို့ ဖြေကြားခဲ့ပါတယ်။

သူ သမ္မတဖြစ်လာခဲ့ရင် ပူတင် လုံးဝ (ယူကရိန်းကို) မဝင်တော့ပါဘူး ဆိုတဲ့ သဘောတူညီချက်တခုကို ပူတင်ဘက်ကလည်း လုပ်ရမှာဖြစ်တယ်လို့ ဒေါ်နယ်ထရမ့်ပ်က ပြောသွားပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013