DVB Logo
Home
နိုင်ငံတကာ
ရုရှားကို ပြေးရန် မရည်ရွယ်ခဲ့ဟု ဆီးရီးယားသမ္မတဟောင်း အာဆတ် ထုတ်ပြန်ပြော
DVB
·
December 17, 2024
ရုရှားကို ပြေးရန် မရည်ရွယ်ခဲ့ဟု ဆီးရီးယားသမ္မတဟောင်း အာဆတ် ထုတ်ပြန်ပြော
Donate to DVB

ဆီးရီးယားပြည်ပြေး အာဏာရှင်သမ္မတဟောင်း ဘာရှား အယ်လ်-အာဆတ်က ရုရှားကိုပြေးဖို့ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ဘူးလို့ ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။

ဒါဟာ ဒမတ်စကတ်မြို့ ကျအပြီး နောက်ပိုင်း ၈ ရက်အကြာမှာ ပထမဆုံးအကြိမ် ထုတ်ပြန်ချက် ဖြစ်ပါတယ်။

ဒီလိုပြေးဖို့ မရည်ရွယ်ဘူးလို့ အာဆတ်က ငြင်းနေပေမဲ့ ပြီးခဲ့တဲ့နှစ်တွေထဲမှာ ဆီးရီးယားဗဟိုဘဏ်ကနေ မော်စကိုကို ငွေသား ဒေါ်လာ သန်း ၂၅၀ လောက် ရွှေ့ပြောင်းခဲ့တယ်လို့ မှတ်တမ်းတွေကို ကိုးကားပြီး Financial Times သတင်းစာက ဖော်ပြပါတယ်။

အာဆတ်ဟာ စစ်ရေးအကူအညီအတွက် မော်စကိုကို အားကိုးနေရချိန်၊ သူ့အမျိုးတွေက ရုရှားမှာ ပိုင်ဆိုင်မှုတွေ တိတ်တဆိတ်ဝယ်နေချိန်မှာ အခုလို ငွေတွေရွှေ့ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီတုန်းက အာဆတ်အစိုးရဟာ နိုင်ငံခြားငွေ အရမ်းလိုအပ်နေတယ် ဆိုပေမဲ့ ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်အတွင်း ဒေါ်လာ ၁၀၀ တန်နဲ့ ယူရို ၅၀၀ တန်တွေ အလေးချိန် ၂ တန်လောက် မော်စကိုက နူကိုဗိုလေဆိပ်ကို သယ်ယူခဲ့ပြီး ရုရှားဘဏ်တွေမှာ အပ်နှံခဲ့တယ်လို့ ဆိုပါတယ်။

ဆီးရီးယားသမ္မတရဲ့ တရားဝင် တယ်လီဂရမ်အကောင့်မှာ တင်ခဲ့တာဖြစ်ပြီး ဒီအကောင့်ကို လက်ရှိမှာ ဘယ်သူထိန်းချုပ်နေသလဲ၊ ဒီစာကို ဘယ်သူရေးသလဲ ဆိုတာတော့ အတိအကျ အတည်မပြုနိုင်ပါဘူး။

ကြေညာချက်အရဆိုရင် ဆီးရီးယားမြို့တော် သူပုန်တွေလက်ထဲ ကျသွားချိန်မှာ တိုက်ပွဲဝင်စစ်ဆင်ရေးတွေကို ကြီးကြပ်ဖို့ လာတာကီယာပြည်နယ်က ရုရှားစစ်ဘက်အခြေစိုက် စခန်းကို သွားခဲ့တာသာဖြစ်ပြီး ဆီးရီးယားတပ်တွေဟာ စခန်းတွေကို စွန့်ခွာသွားခဲ့တာကိုသာ မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

အာရဗီဘာသာစကားနဲ့ အင်္ဂလိပ်စကားနှစ်မျိုးနဲ့ ထုတ်ပြန်ထားတဲ့ ကြေညာချက်မှာ ဆီးရီးယားအာဏာရှင်ဟောင်းက သူ လာတာကီယာစခန်းမှာ ရှိနေတဲ့အချိန် အဝိုင်းခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၈ ရက် ညနေခင်းမှာ စခန်းကွပ်ကဲရေးအနေနဲ့ ရုရှားကို ချက်ချင်းဆုတ်ခွာဖို့ မော်စကိုက မေတ္တာရပ်ခံခဲ့တယ်လို့ ဆိုပါတယ်။

ဒါဟာ ဒမတ်စကတ်မြို့ကျပြီး နောက်တရက်အကြာမှ ဖြစ်တဲ့ကိစ္စဖြစ်ပြီး နောက်ဆုံး စစ်စခန်းတွေ ပြိုလဲသွားသလို ကျန်ရှိတဲ့ အစိုးရအင်စတီကျူးရှင်းတွေအားလုံး မလည်ပတ်နိုင်တော့တဲ့ အခြေအနေ ရောက်မှသာ သူ ဆီးရီးယားက ခွာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013