DVB Logo
Home
နိုင်ငံတကာ
အမေရိကန် ခရစ်ယာန်ကျောင်းတွင် ပစ်ခတ်မှုဖြစ်ပြီး ၃ ဦး သေဆုံး၊ ၆ ဦး ဒဏ်ရာရ
DVB
·
December 17, 2024
အမေရိကန် ခရစ်ယာန်ကျောင်းတွင် ပစ်ခတ်မှုဖြစ်ပြီး ၃ ဦး သေဆုံး၊ ၆ ဦး ဒဏ်ရာရ
Donate to DVB

အမေရိကန်ပြည်ထောင်စု ဝစ္စကွန်ဆင်ပြည်နယ်ရဲ့ မြို့တော် မက်ဒီဆင်ရှိ Abundant Life ခရစ်ယာန်ကျောင်း ပစ်ခတ်မှုအတွင်း သေနတ်သမား အပါအဝင် အနည်းဆုံး လူ ၃ ယောက် သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ဒီဇင်ဘာ ၁၆ ရက်မှာ အတည်ပြု ပြောပါတယ်။

ပစ်ခတ်မှုကြောင့် လူ ၆ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့ကြပြီး သေဆုံး၊ ဒဏ်ရာရသူတွေထဲ ကလေးတွေလည်း ပါဝင်နေတယ်လို့ ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်ထဲမှာ ရေးထားပါတယ်။

အနည်းဆုံး လူ ၆ ယောက်ကို အခင်းဖြစ်ပွားရာနေရာက နယ်မြေဆေးရုံတွေကို ပို့ဆောင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ရဲတွေရောက်လာချိန်မှာတော့ သေနတ်သမားဟာ စာသင်ကျောင်းအတွင်း သေဆုံးနေတာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

သူငယ်တန်းကနေ ၁၂ တန်းအထိ ကျောင်းသား ၄၀၀ လောက်ကို စာသင်ကြားပေးတဲ့ Abundant Life ခရစ်ယာန်စာသင်ကျောင်းတကျောင်းမှာ ဒေသစံတော်ချိန် မနက် ၁၁ နာရီ မတိုင်ခင် ပစ်ခတ်မှုဖြစ်ခဲ့တာလို့ မက်ဒီဆင်ရဲချုပ် ရွှန်ဘာနေးစ်က ပြောပါတယ်။

အခင်းဖြစ်ပွားရာနေရာက ဗီဒီယိုထဲမှာ ရဲကား၊ လူနာတင်ယာဉ်နဲ့ မီးသတ်ယာဉ်တွေ အပါအဝင် အရေးပေါ်တုံ့ပြန်မှုကို ပြသခဲ့ပါတယ်။ ပစ်ခတ်သူ ဘယ်သူဘယ်ဝါဆိုတာ အတိအကျ မပြောနိုင်သေးပါဘူး။

အစောပိုင်းက ပစ်ခတ်မှုကြောင့် လူ ၅ ယောက် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ သတင်းအချက်အလက်တွေ မှားယွင်းနေတယ် ဆိုပြီး သေဆုံးသူ အရေအတွက်ကိုလည်း ၅ ယောက်မှ ၃ ယောက်ကို ပြန်လျှော့ချလိုက်ပါတယ်။

လတ်တလောနှစ်တွေအတွင်း ကျောင်းတွင်းပစ်ခတ်မှု အရေအတွက် ခုန်တက်သွားခဲ့တဲ့ အမေရိကန်ပြည်ထောင်စုမှာ သေနတ်ထိန်းချုပ်မှုနဲ့ ကျောင်းလုံခြုံရေးကိစ္စတို့ဟာ အဓိက နိုင်ငံရေးနဲ့ လူမှုရေး ပြဿနာတွေ ဖြစ်လာပါတယ်။

K-12 School Shooting Database ဝက်ဘ်ဆိုက်အရ အခုနှစ်အတွင်း အမေရိကန်နိုင်ငံထဲမှာ ကျောင်းပစ်ခတ်မှု ၃၂၂ မှု ဖြစ်ခဲ့လို့ ၁၉၆၆ ခုနှစ်နောက်ပိုင်း ဒုတိယအမြင့်ဆုံး ကိန်းဂဏန်း ဖြစ်ခဲ့ပါတယ်။

မနှစ်ကတော့ တနှစ်တာအတွင်း ပစ်ခတ်မှု စုစုပေါင်း ၃၄၉ ကြိမ် ရှိခဲ့ပြီး ကျောင်းတွေမှာ သေနတ်နဲ့ ပစ်ခတ်မှု အများဆုံးနှစ်အဖြစ် စံချိန်တင်ခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013