
မက္ကဆီကိုနိုင်ငံမှာ ကုန်ကျစရိတ်နဲ့ အချိန်ပေးရတာတွေကြောင့် အုပ်စုလိုက် လက်ထပ်ထိမ်းမြား မင်္ဂလာဆောင်တာတွေ ခေတ်စားလာပါတယ်။
မက္ကဆီကိုမြို့မှာ အုပ်စုလိုက် မင်္ဂလာဆောင်ဖို့ ဒါဇင်နဲ့ချီတဲ့ စုံတွဲတွေဟာ သောကြာနေ့က စုဝေးရောက်ရှိနေကြပြီး ဒါဟာ ဒီမြို့ရဲ့ ဒီနှစ်အတွက် နောက်ဆုံး စုံတွဲတွေ ပြည်သူပိုင်နေရာမှာ မင်္ဂလာဆောင်မှုပဲ ဖြစ်ပါတယ်။
မင်္ဂလာစရိတ်ကုန်ကျမှု များပြားတာကို ဖြေရှင်းဖို့လည်း အာဏာပိုင်တွေက အုပ်စုလိုက် ထိမ်းမြားမှုတွေ ဆောင်ရွက်ပေးနေတာပါ။
ဒါဟာ မင်္ဂလာဆောင်မယ့် သူတွေအတွက် ပိုပြီးလွယ်ကူစေတယ်လို့ ဒေသခံ ရန်ဂျယ်က ဆိုပါတယ်။
မင်္ဂလာဆောင်ဖို့ ငွေကြေးအရင်းအနှီးမရှိတာ၊ အချိန်မရှိတာတွေအတွက် အခုလို အုပ်စုလိုက် မင်္ဂလာဆောင်ပေးတာက ကောင်းမွန်တဲ့အချက်ပဲလို့ အုပ်စုလိုက်မင်္ဂလာဆောင်မှာ ပါဝင်သူ ရန်ဂျယ်က ထပ်မံပြောပါတယ်။
မက္ကဆီကိုနိုင်ငံမှာ စုံတွဲတွေ လက်ထပ်တော့မယ်ဆိုရင် လက်ထပ်ဖို့ စာရင်းပေးရတာ၊ စုံတွဲတွေရဲ့ မွေးစာရင်းကို စပိန်ဘာသာပြန်ထားတဲ့ တံဆိပ်တုံး ပါဝင်တာ၊ လက်ထပ်စာရင်းရဖို့ ပြည်နယ်အလိုက် စောင့်ဆိုင်းရချိန် ကွာခြားချက်တွေလည်း ရှိပါတယ်။
ဒါ့ကြောင့် မက္ကဆီက စုံတွဲအများစုဟာ ရိုးရာလက်ထပ်ပွဲဖြစ်တဲ့ ပြည်သူပိုင်နေရာတခုမှာ လက်ထပ်တာကို ပိုပြီး ကြိုက်နှစ်သက်ကြတာ ဖြစ်ပါတယ်။
Source: Reuters