
ဂျော်ဂျီယာနိုင်ငံရဲ့ ပါလီမန်မာ ဆွေးနွေးငြင်းခုန်ပြီးနောက် မန်ချက်စတာစီးတီး ကစားသမားဟောင်း တဦးကို သမ္မတအဖြစ် စနေနေ့မှာ ခန့်အပ်ဖွယ်ရှိပါတယ်။
ကာဗီလာရှဗီလီဟာ ၁၉၉၀ အလယ်လောက်မှာ မန်ချက်စတာစီးတီးအသင်း ရဲ့ တိုက်စစ်မှူးအဖြစ် ခေတ္တကစားခဲ့ဖူးသူဖြစ်ကာ လွှတ်တော်မှာလည်း လက်ထောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။
ဂျော်ဂျီယာနိုင်ငံရဲ့ မြို့တွေမှာ အီးယူအဖွဲ့ဝင်မှုကို ထောက်ခံသူတွေက ၁၆ ရက်ကြာ လမ်း ပေါ်ထွက်ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပြီးနောက် သမ္မတသစ်ခန့်အပ်ဖို့ အမည်စာရင်းတင်သွင်းထားတာ ဖြစ်ပါတယ်။
အသက် ၅၃ နှစ်အရွယ်ရှိ မီခါလ်ကာဗီလာရှဗီလီကို ဂျော်ဂျီယာဒရင်းပါတီက သမ္မတတင်မြောက်ဖို့ နိုဝင်ဘာလကတည်းက အမည် စာရင်းတင်သွင်းခဲ့တာပါ။
အဓိက အတိုက်အခံအဖွဲ့ ၄ ခုကတော့ ကာဗီလရှဗီလီကို ပယ်ချထားပြီး ပါလီမန်ကိုလည်း သပိတ်မှောက်ထားကာ အောက်တိုဘာလက ရွေးကောက်ပွဲဟာ မသမာမှုတွေရှိတယ်လို့ ဆိုထားပါတယ်။
ဂျော်ဂျီယာသမ္မတ ဇူရာဘစ်ဗီလီက ကာဗီလာရှဗီလီကို ရွေးချယ်မှုက ဟန်ပြဖြစ်ကြောင်း ပြောဆိုထားပြီး လက်ရှိအချိန်အထိ တိုင်းပြည်ရဲ့အာဏာကို သူလက်မှာရှိတယ်လို့ ဆိုထားပါတယ်။
အောက်တိုဘာလ ရွေးကောက်ပွဲကို ငြင်းပယ်ထားပြီး ရွေးကောက်ပွဲအသစ်ပြန်လုပ်ဖို့ ဇူရာဘစ်ဗီလီက လွတ်တော်ကို တောင်းဆိုထားပါတယ်။
ဒါပေမဲ့ ဝန်ကြီးချုပ်က သမ္မတဟာ ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ သူ့တာဝန်ကုန်ဆုံးခဲ့ပြီး ဂျော်ဂျီယာ နိုင်ငံရဲ့ အကျိုးစီးပွားကို ထိခိုက်အောင်ကြိုးစားနေတယ်လို့ ပြန်ပြီး စွပ်စွဲခဲ့ပါတယ်။
သမ္မသစ်ခန့်အပ်ကြောင်း မကြေညာမီ ဒီဇင်ဘာ ၁၃ ရက်က ဆန္ဒပြသူတွေဟာ လွတ်တော်အနီးမှာ ချီတက် ဆန္ဒပြခဲ့တာလည်း တွေ့ရပါတယ်။
ကာဗီလရှဗီလီကို သမ္မအဖြစ်ရွေးချယ်တာဟာ ဂျော်ဂျီယာနိုင်ငံကို အနောက်အုပ်စုတွေနဲ့ ပိုဝေးကွာစေပြီး ရုရှားနဲ့ပိုပြီးနီးကပ်စေတဲ့ ဥရောပနဲ့ အမေရိကန်တို့ရဲ့ အမြင်ကို ရိုက်တာက ဖော်ပြပါတယ်။
Source-Reuters










