DVB Logo
Home
မြန်မာသတင်း
မီးမမှန်သဖြင့် ဧရာဝတီတိုင်းက အသေးစားနှင့် အလတ်စားလုပ်ငန်းအချို့ရပ်ဆိုင်း
DVB
·
December 14, 2024
မီးမမှန်သဖြင့် ဧရာဝတီတိုင်းက အသေးစားနှင့် အလတ်စားလုပ်ငန်းအချို့ရပ်ဆိုင်း
1 / 2
Donate to DVB

ဧရာဝတီတိုင်းမှာ လျှပ်စစ်မီးပြတ်တောက်ချိန် ပိုမိုကြာမြင့်လာတာကြောင့် အထည်ချုပ်လုပ်ငန်းတွေ အပါအဝင် အသေးစားနဲ့အလတ်စားလုပ်ငန်းတွေ ရပ်ဆိုင်းလာတယ်လို့ ဒေသခံ စီးပွားရေး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

ဧရာဝတီတိုင်းထဲမှာ နေ့စဉ်လျှပ်စစ်မီးလာတဲ့အချိန် ၁ နာရီ၊ ၂ နာရီဝန်းကျင်အတွင်းမှာပဲ အချိန်ပိုင်းနဲ့ လုပ်ငန်းတွေလုပ်ကိုင်နေရလို့ အခုနှစ် ဇန်နဝါရီကနေ ဒီဇင်ဘာ ၁၂ ရက်အထိ တနှစ်နီးပါး ကာလအတွင်း ရေသန့်လုပ်ငန်းနဲ့ အထည်ချုပ်လုပ်ငန်းတွေအပါအဝင် မအူပင်၊ ဟင်္သာတ၊ မြောင်းမြ၊ ပုသိမ်၊ ကန်ကြီးထောင့် စတဲ့ မြို့နယ်တွေက အသေးစားနဲ့ အလတ်စား လုပ်ငန်း ၁၈ ခုထက်မနည်း ရပ်ဆိုင်းခဲ့ရတယ်လို့ ဆိုပါတယ်။

ရောဝတီတိုင်းက အသေးစားနဲ့အလတ်စား စီးပွားရေးလုပ်ငန်းရှင်တယောက်က “အချိန်တနှစ်နီးပါး ရှိလာတဲ့အထိတောင့်ခံပြီး လုပ်လာတာ။ မီးလာတဲ့အချိန်အတွင်းမှာပဲ အသည်းအသန် လုပ်ရတာ ဆိုတော့ ရေရှည်မှာ ကုန်ကျစရိတ်နဲ့အလုပ်လည်ပတ်ရတာနဲ့ အကျိုးအမြတ်မရှိသ လောက်ဖြစ်နေတာ။ ဒါ့ကြောင့် လုပ်ငန်းတွေကရပ်ဆိုင်းကုန်ကြတာ။ လျှပ်စစ်မီးကြောင့် ရေသန့်လုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း၊ ဆန်လုပ်ငန်း၊ မုန့်လုပ်ငန်း၊ ရုံးလုပ်ငန်း အဓိကအခက်အခဲဖြစ်ပြီး ရပ်သွားတာ” လို့ ပြောပါတယ်။

လုပ်ငန်းတွေမိတ်မပျက်ရေး လုပ်ကိုင်လည်ပတ်နေရတာကြောင့် မီးစက်ကိုလည်း အသုံးပြု နေရတဲ့အတွက် ထုတ်လုပ်မှုကုန်ကျစရိတ်တွေဟာ အရင်ထက် ၅ ကျော်ကျော်အထိ ကုန်ကျလာတယ် လို့  အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းရှင်တွေက ဆိုပါတယ်။

သက်ဆိုင်ရာကို လုပ်ငန်းနဲ့ပတ်သက်ပြီး မီးမှန်မှန်မရလို့ ခက်ခဲနေတဲ့အကြောင်းတင်ပြပေမဲ့ အကြောင်းမထူးခဲ့ဘူးလို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

မအူပင်မြို့နယ်က အသေးစား အထည်ချုပ် လုပ်ငန်းရှင်တယောက်က “အတတ်နိုင်ဆုံး လုပ်ငန်းမရပ်ချင်လို့ လှည့်ပတ်လုပ်ခဲ့တာပဲ။ အရင်းအနှီးငွေ ပြန်မပေါ်တာ ၃ နှစ်ထဲရောက်လာပြီ။ မရပ်ချင်လို့ မီးစက်သုံးပြီး လုပ်ကြည့်သေးတာ မတည်ငြိမ်တဲ့ဆီဈေးနဲ့က မီးစက်ကို အချိန်ပြည့် မသုံးနိုင်ဘူး။ ကိုယ့်လုပ်ငန်း အဆင်ပြေစေရေး၊ ကိုယ့်ကိုမှီခိုနေသူတွေ အဆင်ပြေစေဖို့အရေး အရဲစွန့်လုပ်ခဲ့တာတာ။ အခုတော့နားပါပြီ” လို့ ပြောပါတယ်။

လျှပ်စစ်မီး အချိန်ပြည့်မရလို့ လက်ရှိ လည်ပတ်နေတဲ့ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေမှာလည်း အရှုံးပေါ်နေတာကြောင့် လုပ်သားလျှော့ချတာ၊ အချိန်ပိုင်းနဲ့ လည်ပတ်နေရတာတွေလည်း ရှိနေပါတယ်။

လျှပ်စစ်မီးမှန်မှန်ရဖို့ လုပ်ငန်းရှင်တွေက သက်ဆိုင်ရာဌာနကို  စုပေါင်းတင်ပြထားပေမဲ့ စစ်ကောင်စီလောက်အောက်ခံ

လျှပ်စစ်ဌာနတွေက ဆောင်ရွက်မပေးဘဲ လျှပ်စစ်မီးကို အချိန်အပိုင်းခြားနဲ့ပဲ ဆက်ပေးနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013