DVB Logo
Home
အားကစား
ကမ္ဘာ့စစ်တုရင်ချန်ပီယံရှစ်ပြိုင်ပွဲ၌ အိန္ဒိယဆယ်ကျော်သက် ဂိုကတ်ဗိုလ်စွဲပြီး အသက်အငယ်ဆုံး ချန်ပီယံဖြစ်လာ
DVB
·
December 14, 2024
ကမ္ဘာ့စစ်တုရင်ချန်ပီယံရှစ်ပြိုင်ပွဲ၌ အိန္ဒိယဆယ်ကျော်သက် ဂိုကတ်ဗိုလ်စွဲပြီး အသက်အငယ်ဆုံး ချန်ပီယံဖြစ်လာ
1 / 2
Donate to DVB

အိန္ဒိယဆယ်ကျော်သက် ဂိုကတ်ဒိုမာရာဂျူးက ကမ္ဘာ့စစ်တုရင်ချန်ပီယံရှစ်ပြိုင်ပွဲမှာ အနိုင်ရပြီး ဗိုလ်စွဲခဲ့တာကြောင့် အသက်အငယ်ဆုံးကမ္ဘာ့ချန်ပီယံဖြစ်လာပါတယ်။

ဂိုကတ်ဟာ ချန်ပီယံကာကွယ်သူတရုတ်နိုင်ငံသား ဒင်လီရန်ကို အနိုင်ရပြီး ကမ္ဘာ့အသက်အငယ်ဆုံး စစ်တုရင်ချန်ပီယံ ဖြစ်လာတာပါ။

အသက် ၁၂ နှစ် ၇ လကတည်းက ဂရန်းမာစတာဖြစ်ခဲ့တဲ့ ဂိုကတ်ဟာ ကမ္ဘာ့ချန်ပီယံဖြစ်ဖို့ ရည်ရွယ်ချက်ရှိခဲ့သူဖြစ်ပါတယ်။ 

တကယ်တော့ သူ့အသက် ၇ နှစ်အရွယ် ၂၀၁၃ ခုနှစ်တုန်းက အနန်းနဲ့ ကားလ်ဆန်တို့ရဲ့ ကမ္ဘာ့ချန်ပီယံလုပွဲကို ကြည့်ခဲ့ချိန်မှာ ကမ္ဘာ့ချန်ပီယံဖြစ်ဖို့ ရည်ရွယ်ခဲ့တယ်လို့ သူက ဆိုပါတယ်။

၁၉၈၅ ခုနှစ်မှာ ကားပေါ့ဗ်ကို အနိုင်ရပြီး အသက် ၂၂ နှစ်အရွယ်နဲ့ ချန်ပီယံဖြစ်ခဲ့တဲ့ ဂယ်ရီ ကတ်စပါရော့ဗ်ရဲ့ အသက်အငယ်ဆုံးစံချိန်ကို အသက် ၁၈ နှစ်နဲ့ ဂိုကတ်က ကျော်ဖြတ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ချန်ပီယံလုပွဲမှာ ဂိုကတ်နဲ့ ဒင်တို့ဟာ ၁၃ ပွဲ ကစားပြီးနောက် အမှတ်တူနေတာကြောင့် ၁၄ ပွဲကစားပြီးရင် တိုင်းဘရိတ်ကစားရမှာဖြစ်ပါတယ်။ 

ဒါပေမဲ့ အဆုံးအဖြတ်ပွဲမှာ ဒင်ရဲ့  အမှားကို ဂိုကတ်က အကောင်းဆုံး အခွင့်အရေးယူ နိုင်ခဲ့တာကြောင့် ကမ္ဘာ့ချန်ပီယံဖြစ်လာတာဖြစ်ပါတယ်။ 

ဂိုကတ်ဟာ ပြီးခဲ့တဲ့ အိုလံပစ်ပြိုင်ပွဲ ၂ ခုမှာလည်း အိန္ဒိယနိုင်ငံအတွက် တဦးချင်း ရွှေတံဆိပ်တွေ ရယူပေးခဲ့သလို ၂၀၂၂ နဲ့ ၂၀၂၄ ခုနှစ်တွေမှာ အသင်းလိုက် ရွှေ ၁ ခုနဲ့ ကြေး ၁ ခု ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ဂိုကတ်ဟာ ကမ္ဘာ့ချန်ပီယံဆုအတွက် ယှဉ်ပြိုင်သူတွေကိုလည်း အနိုင်ရခဲ့တာကြောင့် ဒင်ကို စိန်ခေါ်ဖို့ ထိုက်တန်သူအဖြစ် ပြိုင်ပွဲက သတ်မှတ်ခဲ့တာပါ။

ကမ္ဘာ့စစ်တုရင် ချန်ပီယံပြိုင်ပွဲမှာ ဂိုကတ်ဟာ အဖွင့်ပွဲရှုံးနိမ့်ပြီး ၃ ပွဲမြောက်မှာ အနိုင်ရပြီး ဒင်နဲ့အမှတ်တူခဲ့ကာ ၁၁ ပွဲမြောက်မှာ ဦးဆောင်နိုင်ခဲ့ပါတယ်။ 

ဒါပေမဲ့ ဒင်က ၁၂ ပွဲမှာ အနိုင်ရခဲ့လို ရမှတ်တူခဲ့ပြီး ၁၄ ပွဲကတော့ ဒေါ်လာ ၂ သန်းခွဲ ချန်ပီယံဆုအတွက် အဓိကပွဲ ဖြစ်ခဲ့ပါတယ်။ 

အိန္ဒိယနိုင်ငံဟာ စစ်တုရင်အားကစားကို အားပေးတဲ့ နိုင်ငံဖြစ်ပြီး အသက် ၁၈ နှစ်အောက်နဲ့ ဂရန်းမာစတာဖြစ်နေတဲ့ စစ်တုရင်သမား ၈၅ ဦးကျော်ရှိပါတယ်။

Photo: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013