
ကနေဒါ ရေကူးမယ် ဆမ်းမားမက်အင်တော့ဟာ ၂၀၂၄ ကမ္ဘာ့ရေကူးချန်ပီယံရှစ်ပြိုင်ပွဲမှာ ကမ္ဘာ့စံချိန်ထပ်ပြီး ချိုးနိုင်ခဲ့ပါတယ်။
ဒီဇင်ဘာ ၁၂ ရက်က ယှဉ်ပြိုင်ခဲ့တဲ့ မီတာ ၂၀၀ လိပ်ပြာကူးပြိုင်ပွဲမှာ ကမ္ဘာ့စံချိန်ထပ်ရ ခဲ့တာကြောင့် ၂၀၂၄ ကမ္ဘာ့ရေကူးချန်ပီယံရှစ်ပြိုင်ပွဲမှာ ကမ္ဘာ့စံချိန် ၂ ခုရရှိတဲ့ ရေကူးမယ်ဖြစ်လာပါတယ်။
မက်အင်တော့ဟာ ပြီးခဲ့တဲ့ မီတာ ၂၀၀ လိပ်ပြာကူးပြိုင်ပွဲမှာ စံချိန် ၁း၅၉း၃၂ ရရှိခဲ့ပြီး မီတာ ၂၀၀ လိပ်ပြာကူးမှာ ၂ မိနစ် အောက်ကူးနိုင်တဲ့ ဒုတိယမြောက် အမျိုးသမီးဖြစ်လာပါတယ်။
ကမ္ဘာ့စံချိန်ဟောင်းက ၂၀၁၄ ခုနှစ်က ဒိုဟာမှာ တင်ခဲ့တာဖြစ်ပြီး ၁း၅၉း၆၁ ဖြစ်ကာ မက်အင်တော့က ကမ္ဘာ့စံချိန်ကို တော်တော်များများအသာရပြီး ချိုးဖျက်နိုင်ခဲ့တာပါ။
မက်အင်တော့ဟာ အင်္ဂါနေ့က ယှဉ်ပြိုင်ခဲ့တဲ့ မီတာ ၄၀၀ စိတ်ကြိုက်ကူးပြိုင်ပွဲမှာ အနိုင်ရပြီး နောက် ဒီရွှေတံဆိပ်က သူ့အတွက် ဒုတိယမြောက် ရွှေတံဆိပ်လည်း ဖြစ်ပါတယ်။
ဒီဇင်ဘာ ၁၂ ရက်က ကျင်းပခဲ့တဲ့ အမျိုးသား မီတာ ၁၀၀ ရင်ဘောင်တန်းပြိုင်ပွဲမှာ တရုတ် ရေကူးသမားက နောက်ကနေလိုက်ပြီး လှလှပပအနိုင်ရအောင်စွမ်းဆောင်နိုင်ခဲ့တာတွေ့ရပါတယ်။
တရုတ်ရေကူးသမားဟာ အဲ့ဒီပွဲမှာ နောက်ကနေ လိုက်ပြီးကူးခတ်ခဲ့ရပေမဲ့ ပန်းဝင်ဖို့ အလိုမှာ ထိပ်ဆုံး ၂ ယောက်ကို အံ့အားဖွယ်ကျော်တက်နိုင်ခဲ့တာဖြစ်ပါတယ်။
Photo: Reuters










