
တက်စလာစီအီးအို အီလွန်မတ်ဟာ ဖို့ဘ်မဂ္ဂဇင်းရဲ့ ဘီလျံနာစာရင်းမှာ ဒေါ်လာ ဘီလျံ ၄၀၀ နဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။
အီလွန်မတ်ရဲ့ ကားထုတ်လုပ်မှုလုပ်ငန်းရှယ်ယာတွေဟာ ဒီနှစ်အတွင်းမှာ ၇၁ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပြီး စပေ့အက်စ်ရဲ့ ရှယ်ယာတန်ဖိုးတွေလည်း အရမ်းတက်နေတာနဲ့အတူ အီလွန်မတ်ရဲ့ ကြွယ်ဝ ချမ်းသာမှုလည်း တိုးတက်လာပါတယ်။
အီလွန်မတ်ဟာ တက်စလာကမ္ပဏီမှာ ရှယ်ယာ ၁၃ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီး တက်စလာကုမ္ပဏီဟာ ဒီဇင်ဘာ ၁၁ ရက်က ဒေါ်လာ ၄၂၄.၉ အထိ ရှယ်ယာဈေးနှုန်း စံချိန်တင်မြင့်တက်ခဲ့ပါတယ်။
ဒါဟာ နိုဝင်ဘာ ၅ ရက်နေ့ အမေရိကန်ရွေးကောက်ပွဲပြီးကတည်းက တက်စလာရဲ့ ရှယ်ယာဈေးတွေ တဖြည်းဖြည်းမြင့်တက်လာတာပဲ ဖြစ်ပါတယ်။
အီလွန်မတ်ရဲ့ ပိုင်ဆိုင်မှုတွေဟာ စပေ့အက်စ်ရဲ့ အတွင်းပိုင်းရှယ်ယာရောင်းချမှုတွေကြောင့် ပိုပြီး တိုးလာစေတယ်လို့ ဘလွန်းဘတ်က ဖော်ပြပါတယ်။
စပေ့အက်စ်နဲ့ ရင်းနှီးမြှုပ်နှံသူတွေဟာ ဒေါ်လာ ၁.၂၅ ဘီလျံတန်ဖိုးရှိတဲ့ ရှယ်ယာတွေ ရောင်းချဖို့ သဘောတူထားတယ်လို့ ဖော်ပြတာဖြစ်ပါတယ်။
ဒါပေမဲ့ အီလွန်မတ်ကတော့ ရှယ်ယာဈေးတွေ ဘယ်လောက်တက်တက် ရင်းနှီးမြှုပ်နှံသူတွေက ရောင်းမှာ မဟုတ်တာကြောင့် ရောင်းချတယ်ဆိုတာ တကယ်ရူးတာပဲလို့ ဘလွန်းဘတ်ရဲ့ ဖော်ပြမှုကို ဆိုရှယ်အက်စ်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် အီလွန်မတ်က ရင်းနှီးမြှုပ်နှံသူ အသစ်တွေရဖို့ စပေ့အက်စ်က အလုပ်သမားတွေရဲ့ ရှယ်ယာပိုင်ဆိုင်မှုကို လျော့ချနေတယ်လို့လည်း ဆိုပါတယ်။
တက်စလာရင်းနှီးမြှုပ်နှံသူတွေက အီလွန်မတ်နဲ့ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်တို့ရဲ့ ဆက်ဆံရေးကြောင့် ကားထုတ်လုပ်တဲ့ မူဝါဒတွေ ပြောင်းလဲပြီး အကျိုးရနိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း မီဒီယာတွေက ဖော်ပြပါတယ်။
တက်စလာအပြင် အီလွန်မှတ်ဟာ နူရာလင့်နဲ့ ဦးနှောက်နည်းပညာကိုလည်း စ တင်ဖော်ဆောင်နေပါတယ်။ စပေ့အက်စ်နဲ့ နူရာလင့်တို့ရဲ့ အကျိုးအမြတ်က အစိုးရနဲ့ ဆက်ဆံရေးအ ပေါ် တည်မှီနေတယ်လို့လည်း ရိုက်တာက ဖော်ပြပါတယ်။
ထရမ့်ရဲ့ သမ္မတမဲဆွဲပွဲမှာ ၁ ရက် ၁ သန်း ပေးမှုအပါအဝင် သန်း ၂၅၀ ကျော် အသုံးပြုခဲ့ဖူးပါတယ်။ အီလွန်မတ်ဟာ တက်စလာ၊ စပေ့အက်စ်၊ ဆိုရှယ်မီဒီယာ အက်စ်နဲ့ လှိုင်ခေါင်းတည်ဆောက်တဲ့ ဘိုးရင်းကုမ္ပဏီတို့ကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။
Source-Reuters











