DVB Logo
Home
မြန်မာသတင်း
မြန်မာ့လူ့အခွင့်အရေးအစီရင်ခံစာ မတင်ရန် သမ္မတ တောင်းဆို
DVB
·
October 18, 2014
မြန်မာ့လူ့အခွင့်အရေးအစီရင်ခံစာ မတင်ရန် သမ္မတ တောင်းဆို
Donate to DVB

မြန်မာ့လူ့အခွင့်အရေးအခြေအနေကို ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီမှာ နှစ်စဉ်အဆိုတင်သွင်းနေမှုကို ရပ်ဆိုင်းပေးဖို့ မြန်မာသမ္မတ ဦးသိန်းစိန်က ဥရောပသမဂ္ဂကို တောင်းဆိုလိုက်ပါတယ်။

[caption id="attachment_68190" align="alignright" width="300"]သမ္မတ ဦးသိန်းစိန် သမ္မတ ဦးသိန်းစိန်[/caption]

အီတလီနိုင်ငံ မီလန်မြို့မှာ အောက် တိုဘာ ၁၇ ရက်နေ့က ကျင်းပတဲ့ (၁၀) ကြိမ်မြောက် အာရှ-ဥရောပထိပ်သီး အစည်းအဝေး ရဲ့သီးသန့်အ စည်းအဝေးမှာ သမ္မတ က တောင်းဆို လိုက်တာပါ။

ပြီးခဲ့တဲ့ ကုလ သမဂ္ဂ အထွေထွေ ညီလာခံမှာတုန်းက မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က အလားတူ တောင်းဆိုခဲ့ပါတယ်။

မြန်မာပြည်ဟာ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ သဘောတူညီချက်တွေ၊ အလုပ်သမားအဖွဲ့အစည်းဆိုင်ရာ သဘောတူညီချက်တွေ၊ အမျိုးသမီးနဲ့ ကလေးသူငယ် များဆိုင်ရာ သဘောတူညီချက်တွေမှာလည်း  ပါဝင်လက်မှတ် ရေးထိုးဖို့ ဆောင်ရွက်နေပါပြီလို့ သမ္မတက မိန့်ခွန်းမှာပြောပါတယ်။

သမ္မတ မိန့်ခွန်းမှာ အနှစ်ချုပ်အနေနဲ့ မြန်မာပြည်မှာ လူ့အခွင့်အရေးချိုးဖောက်ခံရရင် တိုင်းကြားနိုင်တဲ့ ယန္တရားရှိနေပြီ၊ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကိုလည်း ပြင်ဖွဲ့ပြီးပြီ၊ အနာဂတ်မှာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ အဖွဲ့ဝင်အဖြစ်တောင် ၀င်ရောက်ဖို့အထိ ရည်မှန်းထားပြီးပြီလို့ဆိုပါတယ်။

မြန်မာပြည်မှာ လူ့အခွင့်အရေးတွေ တိုးတက်ပေမယ့်  လုံလောက်တဲ့ အသိအမှတ်ပြုမှုလုပ်ဖို့ ပျက်ကွက်နေတယ်လို့ သမ္မတ ဦးသိန်းစိန်က နိုင်ငံတကာကို အပြစ်ဖို့ ပြောဆိုပါတယ်။

ဒ့ါအပြင် သမ္မတက အစိုးရဖော်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲမှုအဆင့်သုံးဆင့်ကို ရှင်းပြပြီး   စိမ်ခေါ်မှုတွေရှိပေမယ့် နောက်ကြောင်းပြန်မလှည့်ဘူးလို့ ဦးသိန်းစိန်က ပြောပါတယ်။

သမ္မတရဲ့ အောက်တိုဘာလ နိုင်ငံကို ပြောတဲ့မိန့်ခွန်းမှာတုန်းကတော့ တပြည်လုံး အပစ်ရပ်လက်မှတ်ထိုးနိုင်မှ နိုင်ငံရေးဆွေးနွေးပွဲစနိုင်မယ်၊ နိုင်ငံရေးဆွေးနွေးပွဲစနိုင်မှသာလျှင် ကြားကာလ နိုင်ငံရေးတည်ငြိမ်မှု၊ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွေ အောင်မြင်စွာ ကျင်းပနိုင်မှုနဲ့ ညင်သာတဲ့ နိုင်ငံရေး အသွင်ကူးပြောင်းမှုတွေ ရေရာသေချာမယ်လို့ ပြောဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013