DVB Logo
Home
အားကစား
၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဆော်ဒီတွင် လက်ခံကျင်းပခွင့်ရရှိ
DVB
·
December 12, 2024
၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဆော်ဒီတွင် လက်ခံကျင်းပခွင့်ရရှိ
Donate to DVB

၂၀၃၄ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို ဆော်ဒီအာရေဗျနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိသွားပါတယ်။

ဒီဇင်ဘာ ၁၁ ရက်က ကျင်းပခဲ့တဲ့ ဖီဖာကွန်ဂရတ်မှာ အတည်ပြုခဲ့တာဖြစ်ပြီး ၂၀၂၂ ခုနှစ်တုန်းက ကာတာမှာကျင်းပခွင့်ရရှိခဲ့ပြီးနောက် နောက်ထပ် အရှေ့အလယ်ပိုင်းနိုင်ငံတနိုင်ငံမှာ အိမ်ရှင်အဖြစ် ကျင်းပခွင့် ရရှိခဲ့တာပါ။

ပူပြင်းတဲ့ ဒေသဖြစ်လို့ ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို  ၂၀၂၂ ကမ္ဘာ့ဖလားလိုပဲ ဆောင်းရာသီ မှာကျင်းပသွားမှာဖြစ်ပြီး ဥရောပလိဂ်တွေရဲ့ ရာသီဝက်ကာလအပြီးမှာ ယှဉ်ပြိုင်ကစားကြရမှာပါ။

၂၀၃၄ ပြိုင်ပွဲကို အာရှတိုက်မှာ အလှည့်ကျကျင်းပခွင့်ရမှာဖြစ်ပေမဲ့ ဆော်ဒီတနိုင်ငံထဲကပဲ အိမ်ရှင်လျှောက်ထားမှုအောင်မြင်ခဲ့ပြီး တနိုင်ငံတည်းက ဝင်ပြိုင်ပြီး ကျင်းပခွင့်ရခဲ့တာပါ။

၂၀၃၀ ကမ္ဘာ့ဖလားကိုတော့  စပိန်၊ ပေါ်တူဂီနဲ့ မော်ရိုကို ၃ နိုင်ငံက ပူးတွဲကျင်းပခွင့်ရကြောင်း အတည်ပြုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013