DVB Logo
Home
မြန်မာသတင်း
အိမ်တွင်းအကြမ်းဖက်ခံရမှုအပါအဝင် ဒုက္ခမျိုးစုံ မြန်မာအမျိုးသမီးများ ခါးစည်းခံနေရ  
DVB
·
December 11, 2024
အိမ်တွင်းအကြမ်းဖက်ခံရမှုအပါအဝင် ဒုက္ခမျိုးစုံ မြန်မာအမျိုးသမီးများ ခါးစည်းခံနေရ  
Donate to DVB

အိမ်တွင်းအကြမ်းဖက်ခံရမှုအပါအဝင် ဒုက္ခမျိုးစုံ မြန်မာအမျိုးသမီးတွေ ခါးစည်းခံနေကြ ရတဲ့အကြောင်း လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်းတခုဖြစ်တဲ့ ISP Myanmar အဖွဲ့ က ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံအတွင်းက လူမှုစီးပွား အခြေအနေတွေကို ဆန်းစစ်လေ့လာနိုင်ဖို့ နိုင်ငံအနှံ့ မြို့နယ် စုစုပေါင်းရဲ့ သုံးပုံတပုံဖြစ်တဲ့ မြို့နယ်ပေါင်း ၁၁၀ မှာ ပြီးခဲ့တဲ့ မတ်လကနေ သြဂုတ်လအတွင်း တွေ့ရှိရတဲ့ အခြေအနေတွေကို ကောက်ယူထားတဲ့ သုတေသနစစ်တမ်းမှာ ခုလိုဖော်ပြလိုက်တာပါ။

စစ်တမ်းတွေ့ရှိချက်တွေအရ ကုန်စျေးနှုန်း ကြီးမြင့်တာ၊ အလုပ်အကိုင်ရှားပါးတာနဲ့ လုပ်ခလစာ နည်းပါးတာတွေ အပါအဝင် စိတ်မလုံခြုံတဲ့ ပြဿနာတွေကို ပြည်သူတွေဟာ နိစ္စဓူဝ ရင်ဆိုင်နေကြရတယ်လို့ ဆိုပါတယ်။ 

အခြေခံအကျဆုံးနဲ့ အရေးကြီးဆုံးတခုဖြစ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုယန္တရားကလည်း ချည့်နဲ့နေသလို တဖက်မှာတော့ ရာဇဝတ်မှုတွေက များလာပြီး ခိုးမှု၊ လုယက်မှုနဲ့ ဖောက်ထွင်းမှုတွေကလည်း ကြီးစိုးနေတယ်လို့ ဆိုပါတဘ်။

ပြည်သူအများ ရင်ဆိုင်နေရတဲ့ ဒီအခြေအနေတွေရဲ့ ဝန်ထုပ်ဝန်ပိုးတွေက အမျိုးသမီးတွေ အပေါ်ကိုလည်း သက်ရောက် ဖိစီးနေသလို အိမ်မှုကိစ္စနဲ့ စားဝတ်နေရေးအတွက် ရုန်းကန် ရင်ဆိုင်ရတာ၊ လုပ်ခလစာ အနှိမ်ခံရတာတွေကစလို့ အိမ်တွင်းအကြမ်းဖက် ခံရတာတွေအဆုံး ဆတိုးဒဏ်ရာတွေကို အမျိုးသမီးတွေ ခါးစည်းခံနေကြရတယ်လို့ ISP Myanmar အဖွဲ့က ပြောပါတယ်။

အာဏာသိမ်းမှုနောက်ပိုင်း အဆမတန်မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းတွေက အမျိုးသမီး တွေအတွက် ခေါင်းကိုက်စရာ ဒုက္ခကြီးဖြစ်နေပြီးတော့ နေ့စဉ်ဘဝ အခက်အခဲတွေကြား မိသားစုမီးဖိုချောင်ကို စီမံနေရတဲ့ သားသည်မိခင်တွေအပါအဝင် မိသားစုဝန်ထမ်းနေကြရတဲ့ အမျိုးသမီးတွေအားလုံးအတွက် ရတက်မအေးဖွယ် ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း လေ့လာခဲ့တဲ့ သဘောထားအမြင် စစ်တမ်းမှာ အမျိုးသမီးတွေအနေနဲ့ အိမ်တွင်းအကြမ်းဖက်ခံရမှုကို အချင်းချင်း တိုင်ပင်တဲ့နည်းနဲ့ ဖြေရှင်း နေကြတယ်လို့ ဖော်ပြပြီး ဒါကိုကြည့်ခြင်းအားဖြင့် အိမ်တွင်းအကြမ်း ဖက်ခံရတာကို ကြုံတွေ့တဲ့ အမျိုးသမီးတွေဟာ ဥပဒေကြောင်းအရ တိုင်ကြားနိုင်စွမ်းမရှိဘဲ လက်သိပ်ထိုး နည်းတွေနဲ့သာ ကျိတ်ဖြေရှင်းနေကြတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

ISP-Myanmar ရဲ့ လေ့လာချက်တွေအရ မူးယစ်ဆေးဝါးသုံးစွဲတာတွေနဲ့ လောင်းကစား တာတွေကြောင့် ဖြစ်ပေါ်လာတဲ့ အဆင်မပြေမှုတွေအတွက် အမျိုးသမီးတွေအပေါ် ပုံချတဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေကိုလည်း တွေ့ရသလို  အိမ်တွင်း အကြမ်းဖက်ခံရမှုမှာ မြို့နယ် ၁၁ဝ ထဲမှာ အနည်းဆုံး ၄၄ မြို့နယ်နဲ့ အထက်မှာ လစဉ်ရှိနေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013