DVB Logo
Home
နိုင်ငံတကာ
တောင်ကိုရီးယား သမ္မတရုံးကို ဝင်စီးနင်း၊ ကာကွယ်ရေးဝန်ကြီးဟောင်း သတ်သေရန် ကြိုးပမ်း 
DVB
·
December 11, 2024
တောင်ကိုရီးယား သမ္မတရုံးကို ဝင်စီးနင်း၊ ကာကွယ်ရေးဝန်ကြီးဟောင်း သတ်သေရန် ကြိုးပမ်း 
Donate to DVB

တောင်ကိုရီးယားနိုင်ငံမှာ ယွန်းဆွတ်ခ်ယိုးရဲ့ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုအဖြစ် ရဲတပ်ဖွဲ့က သမ္မတရုံးကို ဝင်ရောက်စီးနင်းခဲ့တယ်လို့ သိရပါတယ်။ 

လက်ရှိအချိန်မှာ သမ္မတနဲ့ အပေါင်းအပါတွေဟာ နိုင်ငံတော်ပုန်ကန်မှုစွဲချက်တွေနဲ့ ရင်ဆိုင်နေရသလို ပြည်ပခရီးသွားလာခွင့်လည်း အပိတ်ခံထားရပါတယ်။ 

စစ်အုပ်ချုပ်ရေး ကြေညာချက်အတွက် တာဝန်ခံခဲ့တဲ့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဟောင်းကတော့ ထိန်းသိမ်းခံထားရစဉ်မှာ မိမိကိုယ်ကိုယ် အဆုံးစီရင်ဖို့ ကြိုးစားခဲ့တဲ့အကြောင်း တရားရေးဝန်ကြီးဌာနရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ 

အဲဒီကြေညာချက်နဲ့ပတ်သက်ပြီး သမ္မတ ယွန်းက တောင်းပန်ခဲ့ပေမဲ့လည်း ရာထူးနုတ်ထွက်ပေးရေး တောင်းဆိုချက်တွေကိုတော့ လက်မခံခဲ့ပါဘူး။ 

လွန်ခဲ့တဲ့ စနေနေ့တုန်းက သမ္မတကို စွပ်စွဲဖြုတ်ချဖို့ လွှတ်တော်မှာ မဲခွဲခဲ့ကြရာ အာဏာရပါတီအနေနဲ့ မဲမပေးဘဲ သပိတ်မှောက်ခဲ့တာကြောင့် မအောင်မမြင် ဖြစ်ခဲ့ပါတယ်။  ဒါပေမဲ့လည်း အတိုက်အခံအမတ်တွေဘက်က ယွန်းရဲ့သမ္မတရာထူးကို မစွန့်လွှတ်မချင်း စွပ်စွဲပြစ်တင်မှုဆိုင်ရာ မဲခွဲဆုံးဖြတ်မှုတွေ အပတ်တိုင်း ပြုလုပ်သွားဖို့ ကတိပြုထားပါတယ်။ 

မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာကလည်း စစ်အုပ်ချုပ်ရေး ကြေညာမှုကို ‘ဖက်ဆစ်အာဏာရှင်တစ်ဦး’ ရဲ့  ရူးသွပ်တဲ့ ကြိုးပမ်းမှု ဖြစ်တယ်လို့ ပထမဆုံး ဖော်ပြခဲ့ပါတယ်။ 

အဲဒီနောက် ပြည်သူ့အာဏာပါတီရဲ့  ခေါင်းဆောင် ဟန်ဒုံဟွန်း က အာဏာစွန့်လွှတ်ရမယ့် အစီအစဉ်တွေကို အပြီးမသတ်နိုင်ခင်အထိ ယွန်း ဟာ နိုင်ငံ့အရေးကိစ္စတွေမှာ ပါဝင်ခွင့်ရမှာ မဟုတ်ဘူး ဆိုပြီး မှတ်ချက်ပေးပါတယ်။ 

အဲဒီကာလအတွင်း လက်ရှိဝန်ကြီးချုပ် ဟန်ဒေါ့ခ်ဆူးကသာ အစိုးရရေးရာ ကိစ္စရပ်တွေကို စီမံခန့်ခွဲသွားမှာ ဖြစ်တယ်လို့ ဖြည့်စွက်ပြောပါတယ်။ 

ဒါကြောင့် တောင်ကိုရီးယားသမ္မတဟာ ရဲတပ်ဖွဲ့ အပါအဝင် အစိုးရရှေ့နေတွေနဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးအရာရှိတွေရဲ့  ဘက်ပေါင်းစုံကနေ စုံစမ်းစစ်ဆေးမှုကို ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။ 

ဒီလိုမျိုးစွပ်စွဲပြစ်တင်ရာမှာ ဦးဆောင်နေတဲ့ အတိုက်အခံခေါင်းဆောင် လီဂျေမြောင်က နိုင်ငံကို ဦးဆောင်ရနိုင်ခြေ ရှိတယ်လို့လည်း သုံးသပ်ထားကြပါတယ်။ 

လာမယ့်စနေနေ့မှာ သမ္မတယွန်းရဲ့  ရာထူးစွန့်လွှတ်ရေး လမ်းပြမြေပုံကို အာဏာရပါတီက အသေးစိတ် ထုတ်ပြန်နိုင်တယ်လို့ မျှော်မှန်းထားကြပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013